ယခုနှစ် အကယ်ဒမီ ဆုပေးပွဲ မေမြို့ အနီးရှိရတနာပုံမှာ ပြုလုပ်မည်.

နွယ်ပင်December 29, 20101min1036


၂၀၀၉ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားများရဲ့ အကယ်ဒမီဆုပေးပွဲကို ယခင်ကျင်းပနေကြ နေပြည်တော် မှာ မကျင်းပတော့ပဲ ယခုနှစ်၌ မေမြို့ အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီး ခေါ်
ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော်မှာ ပြုလုပ်မှာ ဖြစ်ကြောင်းသိရှိရပါတယ်..။ ယခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီဆုများအတွက် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မင်းသားမင်းသမီးများရဲ့ ကြိုတင်မဲ ပေါ်လစီကားများ ရိုက်ကူးမှု ရှိမရှိပေါ်မှာ အခြေခံစဉ်းစားမယ် မစဉ်းစားဘူးဆိုတာတော့ မသိရှိရသေးပါဘူး..။

6 comments

  • etone

    December 29, 2010 at 4:09 am

    ဘာ ယတြာတွေချေနေပြန်ပြီလည်း မသိဘူး ။ အကျင့်ကိုက အခုတစ်မျိုး ၊ တော်ကြာတစ်မျိုး ။

  • naywoonni

    December 29, 2010 at 7:27 am

    ဒါက သူတို့လုပ်နေကြပဲလေ

  • R Ga

    December 29, 2010 at 7:44 am

    နောက်တစ်ခါလာပြန်ပြီဟေ့…………..။ (((((၂၀၁ဝ ခုနှစ်အတွက် အကောင်းဆုံး မိန်းမလျာဆုကို ရရှိသွားသူကတော့………….သတင်းစာရှင်းလင်းပွဲ နိုင်ငံတကာတွေဆုံးပွဲတွေမှာ အခြောက်လို စကားကို ၂ခွ ၃ ခွ ပြောပြီး အဓိပါယ်မရှိတာတွေ ပေါက်တတ်ကရတွေ ပြောပြီး အကောင်းဆုံး သရုပ်ဆောင်သွားတဲ့ ဗိုလ်ချုပ်ကျော်ဆန်း…((((ဝေါးဝေး))) (((လက်ခုတ်သံများ))) ဖြစ်ပါတယ်..။

  • poeaung6

    December 29, 2010 at 8:09 am

    ဘယ်မှာလုပ်လုပ် ကောင်းပါတယ် အနုပညာရပ်တွေ တိုးတက်ဖို့ ပိုအရေးကြီးပါတာ်

  • ဆူး

    December 29, 2010 at 1:10 pm

    ရတနာပုံ မှာ လုပ်ရင်ကော ကွင်းထဲမှာ ဖျာခင်းလုပ်မှာလား အမိုးအကာ အောက်မှာ လုပ်မှာလား။ ဘယ်လိုများလဲ စိတ်ကူးယဉ်ပြီး ကြည့်ချင်လို့ပါ။

  • unclegyi1974

    December 29, 2010 at 3:50 pm

    အနုပညာတွေတိုးတက်လာတာအတိုင်းသား
    မြင်နေရပါတယ်
    မင်းသမီးတွေမြန်မာထမိန်လုံးဝမဝတ်တော့ပါ
    အပေါ်ဖွင့်အောက်တိုဒီဇိုင်းဆန်းတွေနဲ့
    မင်းသမီးတွေမြန်မာရုပ်ရှင်တိုးတက်ရေးဝိုင်းကူနေ
    ပါတယ် အားရပါးရအားပေးကြပါကုန်

Leave a Reply