မလိမ္မာတခါမိုက်တဲ့ အရာရှိများ

နွယ်ပင်December 29, 20101min1286

၂၀၀၁ ခုနှစ်အတွင်းတခုသောနေ့လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ အုပ်စုတခုက်ိုဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နှင်းရေး ရဲ တပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေတပ် ဖြန့်လှုပ်ရှားနေပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင် တခုရှေ့မှာ ဆိုင်ကယ်တစီးထိုးရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တဦးဆိုင်ထဲကို ဝင် ရောက်လာကာ စားပွဲဝိုင်းလွတ်တခုမှာ ထိုင်ရင်း တစုံတဦးကိုစောင့်ဆိုင်းနေပါတယ်။

ဆိုင်ထဲမှာ အသင့်စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေတွေက သူ့ကိုမသကာင်္လို့ ရှာဖွေ
စစ်ဆေးကြည့်တဲ့အခါ ကျောပိုးအိတ်အတွင်မှာ ဘိန်းဖြူထုပ်အချို့ လျှို့ဝှက်ယူဆောင် လာတာကို ဖမ်းဆီးရမိလို်က်ပါတယ်။ ဆက်လက် ရှာဖွေကြည့်တဲ့အခါ အဲဒီ လူရွယ်ကိုုင် ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော်အရာရှိ စီစစ်ရေးကဒ်ပြားဖြစ်နေပြီး အ ရာရှိ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထပ်မံတွေ့ရှိရတာကြောင့် ရဲထောက်လှမ်း ရေးတွေ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရပါတယ်။ ဒီလိုနဲ့ အမှုကို ရဲကဆက်မကိုင် တော့ဘဲ နယ်မြေခံ စစ်ဘက်ထောက်လှမ်းရေး (ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းအ ခြေပြု အမှတ် (၁၄) စစ်ထောက်လှမ်းရေးတပ်ဖွဲ့) ကို လွှဲပြောင်းပေးလိုက်ပါတယ်။
ထောက်လှမ်းရေး (၁၄) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့လူရွယ်ကို သူတို့ရဲ့ စစ်ကြော ရေးဌာနသို့ ခေါ်ဆောင်သွားပြီး ဆက်လက်စစ်ဆေးမေးမြန်းပါတယ် ဖမ်းဆီခံလိုက်ရသူ လူရွယ်က သံလျင်မြို့နယ် ဆိပ်ကြီးမှာရှိတဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ရလခ) (ယခု အခေါ် အမှတ် (၁) ရေတပ် လေ့ကျင့်ရေးကျောင်း။ ရလရ – ၁) မှာ ဦးစီးအရာရှိ (တတိ ယတန်း) စစ်ရေး A3 တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးနေလင်းအောင်ဖြစ်ပါတယ်။

ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက ရလခ အရာရှိရိပ်သာလူပျိုဆောင်မှာရှိတဲ့ ဗိုလ်ကြီး နေလင်းအောင်ရဲ့အခန်းကို သွားရောက်ရှာဖွေစစ်ဆေးတော့ အသုံးပြုပြီးသား ဆေးထိုး အပ်အချို့နဲ့ မသင်္ကာဖွယ် စီးကရက်တိုအချို့ကို ထပ်မံသိမ်းဆည်းရမိတယ်လို့ ဆိုပါ တယ်။
ဗိုလ်ကြီးနေလင်းအောင်ကိုု တရက်မျှ စစ်ကြောပြီးတဲ့နောက် အမှုနဲ့ ပတ်သတ်တဲ့ ကွင်း ဆက်တွေ ထပ်မံပေါ်ထွက်လာပါတယ်။ နောက်တနေ့ ညနေနဲ့ ညပိုင်းမှာ ရေတပ်ကအ ရာရှိသုံးဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။ သူတို့တတွေကတော့ သံလျင်မြို့ သီလဝါ အ ခြေစိုက် ဗျူဟာစစ်ဆေးယာဉ်စုအုပ်ချုပ်မှု လက်အောက်ခံ စစ်ရေယာဉ် – ၅၅၁ ရဲ့ စစ်ရေ ယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ကံလှတင်ထွန်း ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းမှာရှိတဲ့ အ မှတ် (၃၆) စစ်ရေယာဉ်စု- အကူအုပ်မှူးဖြစ်သူ ဗိုလ်မှူး သိုက်စိုးအောင်နဲ့ သံလျှက်စွန်း မှာရှိတဲ့ ရေတပ်ပင်မပစ္စည်းထိန်းတပ်၊ တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီးသက်လွင်တို့ ဖြစ်ပါ တယ်။

ဗိုလ်မှူး ကံလှတင်ထွန်း ဆိုသူက ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ထွန်းရဲ့ သား ဖြစ်ပါတယ်။ ဗိုလ်မှူးသိုက်စိုးအောင်က သစ်တောရေးရာ ဒုတိယဝန် ကြီး ဗိုလ်မှူးကြီးသိုက်ထွန်းရဲ့သားလို့သိရပါတယ်။ ဗိုလ်ကြီး သက်လွင်ကတော့ ရဲချုပ် ဟောင်း သူရဖေအောင် ရဲ့သားဖြစ်ပါတယ်။ အမှုဖြစ်ပွားချိန်မှာ ရဲချုပ်သူရဖေအောင် ဆုံး ပါးသွားတာ နှစ်ကာလအတန်ကြာပြီဖြစ်ပေမဲ့ အာဏာပိုင် အသိုင်းအဝိုင်းအတွင်းမှာ သူ့ ရဲ့ အရှိန်ဇာလွှမ်းမိုးအမြစ်တွယ်ဆဲပါ။

ကျနော် စောစောကပြောခဲ့သလို စစ်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေ မူးယစ်ဆေး ဝါးသုံးစွဲတယ်ဆိုတဲ့ ဖြစ်ရပ်သတင်းတွေဟာ စစ်တပ်အသိုင်းအဝိုင်းအတွင်းမှာ ထူးဆန်း ထွေတလာ ဋီကာချဲ့ပြီး ပြောစရာမလိုတဲ့ ကြုံတွေ့နေကျ ကြားနေကျ သမရိုးကျ ကိစ္စရပ် တွေပါ။ လူကြီးသားသမီးတွေ မူးယစ်ဆေးဝါးသုံစွဲမှုကြောင့် အိပ်ယာထဲမှာအိပ်ပျော်နေ ရင်း သေဆုံးသွာတာတွေ၊ မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးမှုတွေ၊ AIDS ဖြစ်ပြီး တပ်ကအနားယူသွားရတဲ့ အရာရှိတွေအကြောင်း မကြာခဏဆိုသလို ကြားကြားနေရ ပေမဲ့ မှုးယစ်ဆေးသုံးစွဲလို့ ဖမ်းဆီးအရေးယူခံရတာမျိုးတော့ မကြားဘူးသလောက်ပါပဲ။ စစ်တပ်မှာ အရာရှိအသိုင်းဝု်ိင်းကို “ကျိီးမျိုး” တွေလို့ ခေါ်ဝေါ်ကြပါတယ်။

တဦးချင်းအကျိုးစီးပွားအရ သူတို့အချင်းချင်းမတည့်ပေမဲ့ အကြောင်းကိစ္စရှိလာတဲ့အခါ အားလုံးအသံတူ ဝိုင်းအာကြပြီး အသွေးတူအရောင်တူချင်း ဖေးမကာကွယ်ပေးတာကို ဆိုလိုတာပါ။ အထူးသဖြင့် လူကြီးတွေနဲ ့ပတ်သက်တဲ့အသိုင်းအဝိုင်းကြားမှာ ပိုပြီးဆိုးပါ တယ်။ ကျနော်တို ့ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှာ ရှိကတည်းက ဗိုလ် ကြီးသက်လွင် ဆေးစွဲနေတာပါ။ အဲဒီတုံးက သူဟာအမှတ် (၂၂) ရေတပ်ပစ္စည်းထိန်း တပ်မှာ ဒုတပ်မှုးတာဝန်ယူထားပြီး တပ်ကိစ္စတွေမှာ စိတ်ဝင်စားမှု အားနည်းတာကြောင့် တပ်မှူးဖြစ်သူက အားကိုးအားထားပြုမရပဲ အလုပ်သမားခေါင်းသဖွယ် သဘောထား ကြောင်း ပြောဆိုတာ ကြားဖူးပါတယ်။ တခါမှာတော့ အထက်ဌာနကို ပေးပို့တဲ့စာတွေကို
အမှာအမှန်မစစ်ဆေးဘဲ လက်မှတ်ထိုးပေးလိုက်တာကြောင့် ဌာနချုပ်မှူးက ခေါ်ယူပြီး ဆူပူကြိမ်းမောင်းပါတယ်။ ၎င်းအရာရှိ ဆေးစွဲနေတာကိုသိကြောင်း၊ ဖခင်ဖြစ်သူ၏ မျက် နှာကိုထောက်ထား၍သာ အရေးမယူခြင်းဖြစ်ကြောင်း၊ ဒီထက်ပိုပြီးဆိုးလာပါက မဖြစ်မ နေအရေးယူရတော့မယ်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပါတယ်။

ဗိုလ်ကြီးသက်လွင်ကတော့ သတိအနေအထားကို အနိုင်နိုင်ထိန်းကာ မျက်လုံကလေး အစင်းသားနဲ့ ခပ်မဆိတ်နားထောင်နေပါတယ်။ ဩဝါဒပြီးဆုံးလို့ ဌာနချုပ်မှူးကို အလေး ပြုပြီး နောက်လှည့်ပြန်အထွက်မှာ ကိုယ်ဟန်အနေအထား ယိမ်းယိုင်ပျက်ယွင်းသွား ပြီး ခါးကြားမှာထိုးထားတဲ့ ဝီစကီပုလင်းပြား ပြုတ်ကျမလို ဖြစ်သွားရကြောင်း ဌာနချုပ်မှူးရုံး ခန်းအပေါက်စောင့် တပ်ထိန်းစစ်သည်က ကျနော်တို့ကို ပြောပြဖူးပါတယ်။

ဗိုလ်မှူးကံလှတင်ထွန်းလည်း ဒီပုံစံပါပဲ။ အဲဒီတုန်းက သူဟာ ထောက်ပံ့ရေးရေယာဉ် (၆၁၀) ရဲ့ စစ်ရေယာဉ်မှူးပါ။ ရဲဘော်တွေလဲ ပျော်သလိုနေ ငါလည်း ငါ့စည်းစိမ်ကို လွတ် လွတ်လပ်လပ်ခံစားမယ်ဆိုတဲ့ သဘောကြောင့် သူ့ သဘောင်္မှာ တာဝန်ကျတဲ့စစ်သည် တွေကတော့ ပျော်ရွှင်ပုံရပါတယ်။ “ဗိုလ်ကံနဲ့ဆိုရင် ငါတို့ဘဝ ငြိမ်းချမ်းတယ်” ဆိုတဲ့ ပြောစကားတွေလဲကြားရပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး တင်ထွန်းဟာ လက်ရှိ တာ ဝန်ထမ်းဆောင်နေဆဲမို့ သူ့ကိုတော့ဌာနချုပ်မှူးက အထူးတလည် ခေါ်ယူဆုံးမတာ မ တွေ့ရပါဘူး။ ရေတပ်ထဲက ဆေးစွဲ အရာရှိအုပ်စုထဲမှာ ဗိုလ်မှူး ကံလှတင်ထွန်းက ခေါင် ချုပ်လို့ ဆိုပါတယ်။

ယခုလို မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ပတ်သက်လို့ တရားဝင်စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်ရတာဟာ တပ်မတော်ကြီးထောက်လှမ်းရေးရဲ့ အစီရင်ခံစာ အထက်ဌာန ကို ရောက်ရှိသွားပြီး မဖုံးနိုင်မဖိနိုင် အခြေအနေဖြစ်သွားလို့ပါ။ နို့မဟုတ်ရင် ပိုနေမြဲကျား နေမြဲ အခြေအနေတိုင်း ဘယ်လောက်ကြာအောင် စခန်းသွားနေမလဲ မပြောနိုင်ပါ။

ခုတော့ အရာရှိလေးဦးကို သံလျှက်စွန်း ရေတပ်အရာရှိရိပ်သာမှာ အကျယ်ချုပ်နှင့်ထား ပြီး အမှုစစ်ဆေးနေရပေပြီ။ အမှုကလည်း သက်သေထင်ရှားခိုင်လုံနေပြီမို့ တဦးလျင် ထောင်ဒဏ်ဘယ်လောက် ကျခံရနို်င်တယ်ဆိုတဲ့ ကောလဟာလ ခန့်မှန်းပြောဆိုသံတွေ လည်း ပြန့်လွင့်နေပေပြီ။ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်အကဲခတ် လေ့လာနေ ပြီး ထင်မြင်ချက်၊ ဝေဖန်ချက်တွေ အမျိုးမျိုးပေးနေတဲ့ အမှုကိစ္စကြီးဟာ စုံစမ်းစစ်ဆေးမှု ကာလ ပြီးဆုံးသွားတဲ့အခါမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာပါ တယ်။ အဲဒါကတော့ ပထမဆုံး ဖမ်းဆီးခံရသူ ဗိုလ်ကြီးနေလင်းအောင် တယောက်သာ ထောင်ဒဏ်ချမှတ် ခံရပြီး ကျန်အရာရှိသုံးဦးကိုတော့ တပ်မတော်တွင် ဆက်လက်စစ်မှု ထမ်းဆောင်ရန် မသင့်လျော်သဖြင့် မိဘများထံ ပြန်လည်အပ်နှံလိုက်ကြောင်း စစ်တရား ရုံးအဖွဲ့က ဆုံးဖြတ်လိုက်ခြင်းပါ။
တပ်မတော် (ရေ) မှာ ကြုံတောင့်ကြုံခဲ စစ်ဆေးစီရင်တဲ့ အမှုကနေ မလျော်ကန် ကျော်မ ကောင်း ကြားမကောင်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် ကြားရသူူအပေါင်း ပါးစပ် အဟောင်းသားနဲ့ တအံ့တဩဖြစ်ကုန်ကြရပါတယ်။ အမြင်မတော်တာ ကြုံတွေ့ရတိုင်း ဒိုး ကနဲဒေါက်ကနဲ ဒဲ့တိုးပြောဆိုတတ်သူ ဧရာဝတီ ရေတပ်စခန်းဌာနချုပ် ဒုဌာနချုပ်မှူး ဗိုလ် မှူးကြီး သာဆန်း ကတော့ အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ် …
“ကောင်းရောကွာ…ရဲဘော်လေးတွေ ဆေးခြောက်ရှူတာမိရင် ထောင်ချပြီး ထုတ်ပစ် တယ်။ အခုအရာရှိတွေ ဘိန်းဖြူချတာမိတော့ မိဘရပ်ထံ ပြန်လည်အပ်နှံတယ်တဲ့။ အဲဒီ အရာရှိတွေဟာ အသက် (၁၈) နှစ် ပြည့်ပြီးလို့ တပ်ထဲဝင်လာပြီး အရာရှိလုပ်သက် တောင် ဘယ်နှစ်နှစ်ရှိနေပြီလဲ ဒီလိုမျိုးလုပ်လို့ရစတမ်းဆိုရင် ငါလည်း ဘိန်းဖြူချမယ် ငါ့ မိဘလက်ထဲ အရောက်ပြန်ပို့ပေးမလား” တဲ့ ..
ဒီလို ဒီလို မကျေမနပ်ပေါက်ကွဲသံ၊ တိုးတိုးကြိတ်ကြိတ် ဝေဖန်သံတွေနဲ့ တဖြည်းဖြည်း ဝေးကွာသွားတဲ့ အရာရှိသုံးဦးကတော့ မိဘရဲ့ အေးမြတဲ့မေတ္တာရိပ်အောက်မှာ တည် တည်ငြိမ်ငြိမ်နဲ့ ဘဝရှေ့ရေးအတွက် အားမာန်တွေ မွေးမြူရင်း…။

တပ်ကြပ်ကြီး-နေမင်းသူ

naytthit.net မှဖော်ပြပါသည် ။

6 comments

  • etone

    December 29, 2010 at 6:16 am

    သတင်းတွေကတော့ အတိကျတွေပါပဲလား ။

  • naywoonni

    December 29, 2010 at 7:03 am

    အီးတုန်းရေ…… ဒါကဂဇက်တက်လေကွယ် အတိအကျပေါ့ ရတနာပုံနေပြည်တော်သတင်းစာလေ

  • cherrywine

    December 29, 2010 at 7:33 am

    ကြားရ .. ကြားရ .. နားဝ မသက်သာပါလားကွယ်။

  • unclegyi1974

    December 29, 2010 at 10:13 am

    ယုံထောင်ကြောင်မိ တဲ့ နွယ်ပင်ရေ
    မိတဲ့ကြောင်ကလဲဆန္ဒာ့ဆင်မင်းခုတ်တဲ့
    ကြောင်ဖြစ်နေတာဆိုတော့
    တကောင်မိလဲမနည်းပါဘူးလေ
    နောက်ထပ်သတင်းထူးလေးတွေလဲ
    ဖတ်ရအောင်တင်ပေးစမ်းပါအုန်း
    အားပေးနေပါတယ်

  • search123

    December 30, 2010 at 3:01 am

    2001 ခုနှစ်က ဆိုတော့ တော်တော်တောင်ကြာပေါ့။

Leave a Reply