၅၀၀ဝ အတုတဲ့ဗျို့

manawphyulayDecember 29, 20101min73


တစ်ထောင်ကျပ်တန်နှင့် ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများ
ကိုလက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ကြပါဟု ဗဟို
ဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ငွေကျပ် ၁ဝဝဝ ကျပ် တန်နှင့် ၅ဝဝဝ
ကျပ်တန် ငွေစက္ကူအတု များအား ပြည်သူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရာမှ
တွေ့ရှိ ၍သော်လည်း ကောင်း၊ ဘဏ်ထုတ် ငွေများတွင်ပါဝင်၍သော်လည်းကောင်း
လက်ခံရရှိခဲ့ပါကထို ငွေ စက္ကူအတုများ ပြန့်ပွားခြင်းမရှိ စေရန်နှင့်
ငွေစက္ကူအတုပြုလုပ်၍ သုံးစွဲ သူ များအား ဖမ်းဆီး ထိန်း သိမ်း
နိုင်ရန်အတွက် သက်ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရန် လိုအပ်
ကြောင်း မြန်မာနိုင်င ံတော် ဗဟို ဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြော
သည်။ငွေစက္ကူအတု ပြုလုပ်သည့် ကိစ္စမှာ ရှေးယခင် နှစ်များ စွာက
တည်းကရှိခဲ့သော်လည်းမြန်မာနိုင်ငံ ၌ငွေစက္ကူအတုများအား အများ အပြား
ဖမ်းဆီးရမိခြင်း မရှိ သေး ကြောင်း၊ ပြည်သူများအနေဖြင့်
သံသယဖြစ်ဖွယ်ငွေစက္ကူအတုများ အားတွေ့ရှိပါက တွေ့ရှိ သည့် နေရာ အား
နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ် များနှင့် ရဲစခန်း တို့သို့ တာဝန်သိစိတ်
ဖြင့်အကြောင်းကြားရန် လိုအပ် ကြောင်း၊ အကယ်၍ဘဏ်ထုတ်ငွေ များမှတစ်ဆင့်
လက်ခံရရှိခဲ့ပါက ကာယကံရှင်အနေဖြင့် မိမိငွေကြေး ထုတ် ယူခဲ့သောဘဏ်အား ငွေ
ထုတ်ယူခဲ့သည့် အထောက်အ ထားနှင့်တကွ ပြန်လည်တင်ပြ ပြော ဆိုပါက
အဆိုပါငွေအတုအတွက် ¤င်းငွေကြေးနှင့် တန်ဖိုးတူညီသော
ငွေကိုပြန်ရနိုင်မည်ဖြစ်သည့်အပြင် ဘဏ်အနေဖြင့်လည်း အဆိုပါငွေ
အတုအားမည်သူ့ဆီမှ လက်ခံရရှိ ခဲ့သည်ဆိုသည်ကို ဖော်ထုတ်စုံစမ်း
နိုင်မည်ဖြစ်ကြောင်း၊ ရဲစခန်းသို့ငွေ အတုလက်ဝယ်ရရှိသည့် ကိစ္စအား
သတင်းပေးပို့ပါကလည်း ထိုငွေ အတုအားမည်ကဲ့သို့ လက်ခံရရှိခဲ့
ခြင်းဖြစ်သည်ကို သေချာစွာ ရှင်း လင်းပြောကြား ရန် လိုအပ်ကြောင်း
၎င်းကဆိုသည်။ငွေစက္ကူအတုနှင့် ပတ်သက်၍ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမောင်
မောင်ဝင်းက မည်သူမဆိုငွေစက္ကူ ဖြစ်စေ၊ ဘဏ်ငွေ လက်မှတ် ကိုဖြစ်
စေလိမ်လည်အတုပြုလျှင် သို့မ ဟုတ် အတုပြုလုပ်မှန်း မိမိ သိ
လျက်နှင့်ထိုသို့ လိမ်လည် အတုပြု လုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင်
အဆင့်တစ်ခုခုကို ပြု လုပ်ပါက ထို သူအားရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က)အရ
ထောင်ဒဏ် တစ်သက် တစ်ကျွန်း အထိ ဖြစ်စေ၊ ဆယ်နှစ် အထိထောင်ဒဏ်တစ်
မျိုးမျိုးကိုဖြစ် စေချမှတ် နိုင်သည့်အပြင် ငွေဒဏ် လည်း
ချမှတ်နိုင်ကြောင်း၊ ထို့အပြင် ငွေစက္ကူအတု ကိုဖြစ်စေ၊ ဘဏ်ငွေ
လက်မှတ်ကိုဖြစ်စေ အတုမှန်း သိလျက် အစစ်အမှန်အဖြစ် အသုံး ပြုပါက
ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ)အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ် အထိ
ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေး ယူနိုင်သည့် အပြင်
ငွေဒဏ်လည်းချ မှတ်နိုင် ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ် ထားကြောင်း
သိလျက်နှင့် သုံးစွဲ ရန်ကြံရွယ်ကာ လက်ဝယ်ထားပါ က ခုနစ်နှစ်အထိထောင်ဒဏ်
ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်
ဟုဥပဒေအရ ပြဋ္ဌာန်းထား သည်ဟု ဆိုသည်။ဆက်လက်၍ ၎င်းက ”ငွေ အတုမှန်းမသိလို့
ကိုယ့် လက်ထဲ ရောက်နေတာဆိုရင်တော့ဘာမှ မဖြစ်ဘူး။ အကယ်၍များပြည်သူ
တစ်ယောက်ရဲ့ လက် ထဲကိုရောင်း ဝယ်ဖောက်ကားရင်းနဲ့ ငွေတု ရောက်လာမယ်။ အဲဒီ
လူကလည်း ငွေတုမှန်းမသိဘဲ ပြန်ဖလှယ်တဲ့ အခါကျမှ ငွေအတုမှန်းသိသွားရင်
တော့အဖမ်းခံ ရနိုင်တယ်။ တကယ် လို့အတုမှန်းစောစောစီးစီး သိခဲ့

5 comments

  • etone

    December 29, 2010 at 3:57 am

    ဒီလောက်ကြပ်တည်းနေတာကိုး အတုတွေထုတ်တော့မှာပေါ့ ။
    ဟီးဟီး… 😀 အဲ့လိုပြောရင် အဆွဲစိခံနေရဦးမယ် ဘာမှမပြောဘူးလို့ သဘောထားလိုက်နော် …. ။

  • thidakywewa1

    December 29, 2010 at 4:25 am

    ထွက်လာပြီလား အတုတွေ ။ ခြားနားချက်တွေတော့ရှိမယ်ထင်တယ်နော် ။ကြိုသိခဲ့ရင် ပြောပြပေးကြပါအုံး။

  • kolay94

    December 29, 2010 at 5:34 am

    အတုပုံစံလေးရခဲ့ရင် ကြိုပြီးတော့ တင်ပြပေးစေချင်ပါတယ်………. ဘာဖြစ်လို့လဲ ဆိုတော့ အတုဆိုတာ ဘာမှန်းလဲ မသိဘူး……. သူများက တုလို့ တုလိုက်ရတယ်ဆိုရင်တော့ မကောင်းဘူးထင်ပါတယ်………….

  • R Ga

    December 29, 2010 at 7:48 am

    တစ်ခါ ဘယ်သူလည်းမသိဘူး တင်ပြထားတယ်နဲ့တူတယ် ။ အတုနဲ့ အစစ်ကွာခြားပုံကိုလေ.ပုံလေးနဲ့ ပြထားတာတွေဖူးတယ်။ ဒီ MG မှာလေ.။
    သူက ဗဟိုဘဏ် စာက ဖောင်းကြွ မဟုတ်ရင်ရယ်။ လုံခြုံရေး ငွေကြိုးမှ 5000Ks လို့မရေးထားရင်ရယ် အတုလိုသတ်မှတ်ပါတယ်။

  • unclegyi1974

    December 29, 2010 at 10:26 am

    ဘယ်ကထွက်မှန်းမသိတဲ့အတု
    တစ်ထောင်တန်တောင်အတုလုပ်တာ
    ငါးထောင်တန်ဆိုပိုလုပ်မှာပေါ့
    ငွေများများရှိတဲ့လူတွေစိတ်ပူဖို့ထားလိုက်ရအောင်

Comments are closed.