29-Dec-10 (3:30pm) လှိုင်သာယာမှာ မီးလောင်

etoneDecember 29, 20101min12310

မီးသတ်ကားဥဩစွဲသံကြောင့် စုံစမ်းကြည့်ရာ လှိုင်သာယာမြိုနယ်အတွင်းက ဒဂုံဧရာ အဝေးပြေးကွင်းမှာ ယခု လောလောလတ်လတ် မီးလောင်ကျွမ်းမှူဖြစ်ပေါ်နေကြောင်းသတင်းရသည် ။ လှိုင်သာယာမီးသတ်ဌာနသို့ ဖုန်းဆက်မေးသော်လည်း နေရာအတိကျမပြောပြပဲ ဖြေဆိုရန်ငြင်းဆန်ခဲ့သည် ။သို့သော် လှိုင်သာယာမြို့နယ်မှ မီးသတ်များ သွားရောက်ငြိမ်းသက်လျှက်ရှိကြောင်းမြင်ရသည် ။ မီးလောင်ကျွမ်းမှူ အကြောင်းရင်းကိုမူ စုံစမ်းဆဲဖြစ်သည် ။

10 comments

  • eros

    December 29, 2010 at 9:35 am

    မနက်အစောကြီးက ဥဩဆွဲသံကြားရတယ်။

  • eros

    December 29, 2010 at 9:56 am

    etone ပိုစ့်အသစ် ဘယ်လိုတင်ပါသလဲ။

    • etone

      December 30, 2010 at 1:53 am

      မနက်ကတည်းက အကြိမ်ပေါင်းမြောက်များစွာ ပို့စ်တင်ဖို့ ကြိုးစားတာ အဆင်မပြေဘူး ။ ညနေကျတော့ ထပ်ကြိုးစားကြည့်တယ် loading တောင် အတော်ကြာတယ် browser တစ်ခုထဲမှာ tag 5ခုလောက်ခွဲပြီး ပို့စ်တင်ပို့ ကြိုးစားတယ် မရဘူး… စိတ်လျှော့ထားတော့မှ new post လုပ်လို့ရလာတာ… တင်ပြီးတာတောင် အိုကေလားဘာလား မသိဘူး the page can’t be displayed ပေါ်နေတုန်း … မန်းထားတာတွေဝင်လာတော့မှ ပို့စ်က တင်လို့ရသွားပါလားသိတာ .. ။ ကြက်ကန်းဆန်အိုးတိုးသလိုပါပဲ ။

  • cobra

    December 29, 2010 at 10:21 am

    ဘယ်လိုတွေဖြစ်ကုန်လဲ
    ပြောပါဦး….။

  • nyimalay

    December 29, 2010 at 1:33 pm

    အီးတုံး ကတော့ မြန်သလားမမေးနဲ့…………… တော်တယ်။ ပိစိကွေးလည်းမနက်တုံးကကြားလိုက်တယ် မီးသတ်ကား ဥဩဆွဲသံ…. ဘယ်မှာလောင်မှန်းသာမသိတာ 🙂

  • eros

    December 29, 2010 at 2:04 pm

    etone ကလှိုင်သာယာစက်မှုဇုံမှာ အလုပ်လုပ်တာဖြစ်ရမယ်။

  • ဆူး

    December 29, 2010 at 2:09 pm

    အခုတလော သတင်းတွေ ရေဒီယို အက်ဖန် တွေမှာ မီးသတိပြု သတိပေးမှုတွေ တော့ ခဏခဏ ကြားနေရပြီ။ မီးရာသီ မရောက်သေးဘူး ထင်နေတာ.. မီးလောင်နေပြီလား။

  • thidakywewa1

    December 29, 2010 at 2:50 pm

    ဟာ ဒီလူတွေ မြန်တာ ညနေကလောင်တာပါဟာ
    နေခင်းလောက်ကပါ ငါတောင်ထွက်ကြည့်လိုက်သေးတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 29, 2010 at 4:43 pm

    ကိုယ်ပိုင်စာ ချရေးပါ

    တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။

    ၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
    Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။

    ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။

    ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
    တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
    ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။

    မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။

    သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
    ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။

    ၂) စာတင်နေသူများ ခင်ဗျား။
    ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။

    သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
    အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
    (တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
    သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
    မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။

    ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
    သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။ ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
    event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။

    ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင် Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။

    ( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)

    ==================

    စည်းကမ်းများ

    မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

    Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
    မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
    ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
    သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
    လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
    ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
    မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
    ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။

    အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။

    အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။

    ပွိုင့်ပေးစံနစ်ဖြည့်စွက်

    တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁ဝခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
    တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀ဝ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
    ========================

    ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
    – ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
    Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
    မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
    ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
    အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
    – စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
    – Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
    – စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
    – Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
    – နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)

  • yuyu

    December 30, 2010 at 5:48 am

    ဟုတ်တယ်မီးလောင်တာညနေ(3း30- 4း00)လောက်က အဲဒီအချိန်မှာ ယုကဘုရင့်နောင်လမ်းဆုံမှာ ရောက်နေတာ ဘယ်မှာလောင်မှန်းမသိပေမယ့် ကားတွေက ဘုရင့်နောင်တံတားကနေ လှိုင်သာယာကိုသွားနေတာပဲတွေ့ရတယ် အားလုံးပဲသတိထားကြဦးနော်

Leave a Reply