Eros ၏ မန္တလေးဂေဇက် သင်ပုန်းကြီးစာ

erosDecember 30, 20101min1096

မန္တလေးဂေဇတ်ကြီး ယိုယွင်းနေပါသည်။
ပိုစ့်အသစ် တင်၍မရပါ။
ကိုခိုင်၊သူကြီး၊ အယ်ဒီတာများ
US New year discount shopping ထွက်နေကြသည်ထင်ပါသည်။
ပြင်ဆင်မှု မလုပ်ပေးသေးပါ။

Eros အနည်းငယ် စိတ်ညစ်နေပါသည်။
ပိုစ့်အသစ်တင်မရ၍ဖြစ်သည်။
တခြားနေရာတွင် ရေးရန်အစီအစဉ်မရှိသေးပါ။
ရေး၍မရလျှင် မရေးတော့ပါ။
အယ်ဒီတာများ မန်းလေးဂေဇတ်ကို အဆုံးသတ်တော့မည်ထင်ပါသည်။

ရန်ကုန်ဆောင်း အေးလာပါသည်။
ကြည့်မြင်တိုင်ညဈေး တွင်ဘေထုပ်များ ရောင်းကောင်းနေသည်တွေ့ခဲ့ရ၏။
စီးပွားတိုးတက်ပါစေ။
မြန်မာများ ပြည်တွင်းတွင် အဆင့်မြင့်ရာထူး၊အလုပ်အကိုင်များတွင်
နှစ်ပဲတပြားလစာမဟုတ်ပဲ ထိုက်တန်သော အာဆီယံ၊နိုင်ငံတကာလစာ ရနိုင်ပါစေ။
အလုပ်များလည်းပေါပါစေ။

အထူးကားများ များလာပါသည်။
၂၀၀၊၃၀ဝ ပေးစီးရသော်လည်း ရိုးရိုးကားနှင့်မထူးပါ။
ကျပ်ညပ်သပ်နေပါသည်။
ထိုင်ခုံများကျပ်လွန်း၍ ထိုင်ရအဆင်မပြေပါ။
လူပိုတင်၍ရဲတားလျှင် ၁၅၀ဝ ပေးလျှင်အဆင်ပြေပါသည်။
စပယ်ယာကိုယ်တိုင်ပြောပါသည်။
ထိထိရောက်ရောက် အရေးယူလို့မရပါ။
အုံနာက လူကြီးများ၊ ယူနီဖောင်းဝတ်များဖြစ်သောကြောင့်ဖြစ်ပါသည်။

ဓာတ်ဆီထုတ်သော ကားများတန်းစီနေပါသည်။
မှောင်ခိုတွင် ဈေးကောင်းရ၍ ဖြစ်ပါသည်။
လိုသလောက် ရောင်းပေးလျှင် ထိုပြဿနာမဖြစ်နိုင်ပါ။
ဆိုင်များမှ မှောင်ခိုသို့ခိုးရောင်းနေသလား။
တရုတ်ပြည်ကိုခိုးရောင်းနေတာလား။
ပုဂ္ဂလိကပေးလျှင် ပိုအဆင်ပြေမည်မျှော်လင့်ခဲ့ပါသည်။
ယခု မြန်မာစတိုင် အဖျားရှုးသွားပါသည်။

6 comments

  • unclegyi1974

    December 30, 2010 at 4:07 pm

    eros ရေမြန်မာမှာအလုပ်ကပေါမှပေါ
    ဝင်ငွေကလဲကောင်းမှကောင်း
    တနေ့ ၅၀၀ဝ မှ ၂၀၀၀ဝ လောက်ထိရတယ်
    ဒီလောက်ဝင်ငွေကောင်းအောင်ဖန်တီးပေး
    ထားတာတောင်မကောင်းပြောချင်ကြသေးတယ်
    ဒီလောက်ဝင်ငွေကောင်းတာဒီလောက်
    တန်းစီရတာတန်ပါတယ်နော်
    မြန်မာမှာတန်းစီတိုးစားတဲ့စံနစ်ကြီးပျောက်သွားရင်
    နှမျောစရာကြီးပါလားဟရို့!

  • eros

    December 31, 2010 at 2:33 am

    အင်း မဆလခေတ်ကတည်းက တန်းစီတိုးလာတာ။ မြန်မာကလူတွေလည်း ကြုံရာ ရေတိုလေး၊ ခေတ်ပျက်လေးလုပ်စား။ တကယ် ပညာတတ်တဲ့လူတွေက နေရာမရ ဝင်ငွေမကောင်း။ အင်း ကျွန်တော်တို့တွေလည်း အမှားအယွင်းတွေကြားမှာ စနစ်တကျ ဖြစ်နေပါလား။

  • winkyawaung

    December 31, 2010 at 3:44 am

    တစ်ခါလာလဲ မဲပြာပုဆိုး ဆိုတာ မြန်မာပြည်က ဈေးကွက်စီးပွားရေး စနစ်ပါ။ ဓာတ်ဆီဆိုင်တွေ အပြင်ပေးလိုက်မှ အရင်က လိုင်စင်ပါ မော်တော်ဆိုင်ကယ်တွေ ကားတွေ ဆီမှန်မှန်ထုတ်လို့ရသေးတယ်..။ ယခုတော့ ဆီထုတ်ဖို့ တန်းမစီနိုင်တော့ မရကြတော့ပါ။ ဆီ မှောင်ခိုရောင်းစားသူတွေနဲ့သာ ချေခြင်း လိမ်နေကြပါတော့သည်။

  • naywoonni

    December 31, 2010 at 1:44 pm

    မှောင်ခိုမရှိတော့ဘူးဆို ………….

  • moethidasoe

    January 1, 2011 at 6:12 am

    နေဝန်းနီ .. မှောင်ခို မရှိတော့ဘူး ဆိုတာ မှန်တယ် .. ဗြောင်ပဲ ထုတ်ရောင်းတာ .. ကြားရတာကတော့ တေဇနှင့် အဖွဲ့ တရုတ်ပြည်ကို မူဆယ်လမ်းကနေ ဘောက်ဆာလိုက် ရောင်းတာ .. ပြည်တွင်းမှာ ရောင်းရင် ၅၀ဝ ပဲ မြတ်မှာ .. ဟိုကို ထုတ်ရောင်းတော့ ၁၂၀ဝ လောက်မြတ်တယ်လို့ ဆိုတယ် .. စရိတ်တွေ နှုတ်ရင်တောင် ကောက်တဲ့လူတွေက ၄၀ဝ လောက်မြတ်တယ် .. ကိုယ်တိုင်ထုတ်ရောင်းရင် ၉၀ဝ လောက် မြတ်တာ ဒါကြောင့် ဗြောင်ရောင်းစနစ် ပေါ်လာတာ .. ဘယ်သူ ဖမ်းရဲသလဲ .. ကွိသွားမယ် .. ဒါကြောင့် သူတို့မြတ်ဖို့ ဒီစနစ်ကို ဖော်လာတာလားမှ မသိတာ .. ခံလိုက်ဦးပေါ့ကွယ် .. တို့က ကိုယ်ပိုင်ကား မရှိတော့ .. ဓါတ်ဆီ ဒုက္ခကို ကုန်ဈေးနှုန်းက တဆင့်ပဲ ခံရတယ် .. ကားပိုင်တဲ့ သူတွေက လမ်းဘေးဓါတ်ဆီသည်တွေရဲ့ ခိုးဝှက်တာကိုပါ ခံရဦးမှာ .. ဒါပေမယ့် မကြာခင် လျှပ်စစ်ကားတွေ .. တန်ဖိုးနည်း ကားတွေ ပေါ်လာဦးမယ် ဆိုတော့ ကားဝယ်စီးနိုင်ဦးမယ် ဆိုရင် ဒီဒုက္ခတွေ ခံရဦးမှာ ကြိုပြီး ကြောက်နေပြီကွယ် ..

  • naywoonni

    January 1, 2011 at 1:19 pm

    ဒီလိုဆို လွန်တာပေါ့
    ဒီလိုဆို×××××××
    ဒီမိုး ဒီလေ ဒိလူတွေကြားမှာ ကား ကတော့ဝယ်မစီးသေးဘူး မမသီတာရေ့…………..

Leave a Reply