ဖန်တရာတေ နေတဲ့အကြောင်း(၁)

erosDecember 30, 20101min974

eros မြန်မာပြည်အားချစ်ပါသည်။ မြန်မာပြည်အားတိုးတက်စေချင်သည်။ မြန်မာများတိုးတက်ဖို့ မြန်မာများသာ ကြိုးပမ်းရမည်။ မြန်မာများစည်းကမ်းရှိရန် လိုလေသည်။ eros ၏ပထမဦးဆုံးစာစု “မြန်မာများစည်းကမ်းရှိရန် အချိန်တန်ပြီ” ရေးခဲ့သည်။ ယခုရေးဦးမည်။ အဆိုးမြင်ဝါဒီဆန်နေပေလိမ့်မည်။ ဝေဖန်ကြပါ။ ယခု ″ဖန်တရာတေ နေတဲ့အကြောင်း″၊ ဘာအကြောင်းလဲ??? လိုင်းကား၊ တက္ကစီ အကြောင်းပင်ဖြစ်လေတော့သည်။

မြန်မာပြည်မှ စည်းကမ်းအပျက်ဆုံးများထဲမှ တခုမှာ လိုင်းကားများပင်ဖြစ်လေသည်။ မြန်မာပြည်မှလိုင်းကားများသည်ကား အခါခပ်သိမ်း မည်သည့်အခါမျှ မကောင်းပေ။ ကောင်းသော်ခဏပင်ဖြစ်လေသည်။ ပြီးလျှင်ပျက်လေတော့သည်။ လိုင်းကားနှင့် အတူတူ မြန်မာများစိတ်ဓာတ်ပြင်ရန်လိုပေသည်။ မြန်မာလူမျိုးများအများစုသည် အပေါ်ယံ ကောင်းချင်ယောင်ဆောင်၍ကိုယ့်ဖို့ယက်လှသည်ဟု မြင်မိသည်။ ဘယ်သူသေသေ ငတေမာပြီးရောသာ။ စည်းကမ်းမဲ့လှသည်။ စည်းကမ်းဖောက်ရတာ ဂုဏ်ယူစရာတမျိုးဟုထင်ကြသည်။ စနစ်တကျ မလုပ်ကြ။ ယခုကား လိုင်းကား နှင့်ပတ်သက်သည်ဖြစ်၍ လိုင်းကားအကြောင်းပြောမည်။

ရှေးဦးစွာ မြန်မာလိုင်းကားအစကား R.E.T COMPANY၏ ထရော်လီဘတ်စ်က အစဖြစ်ပေလိမ့်မည်။ ဆရာကြီးသော်တာဆွေ၏ ဘဝတသက်တာမှတ်တမ်းစာအုပ်၌ ယခုခေတ်ကြားကား ဆန်ဆန်လိုင်းကားများဆွဲနေသည်ဟုသိရသည်။ အသင်းအဖွဲ့မရှိ။ အပြိုင်အဆိုင်ပြိုင်မောင်းလေသည်။ ဆရာကြီးမင်းသိင်္ခ၏ ဝတ္ထုတွင်လည်းကောင်း၊ရန်ကုန်မြို့ သမိုင်းစာအုပ်တွင်တိရိစာ္ဆန်တံဆိပ်နှင့် လိုင်းကားများပြေးဆွဲသည်ဟုသိရသည်။ ကျွန်တော်မှီသောလိုင်းကားခေတ်သည်ကား ကပရ ရေးနိုးများ၊ ဘီအမ် ၂စီးတွဲများ၊ အစ္စရေးနိုင်ငံထုတ်ဘတ်စ်ကားကြီးများ၊ မထသ ချက်ပလက်ဘတ်စ်ကားကြီးများဖြစ်သည်။ ထို့နောက်ဟိုင်းလပ်များ၊ ဂျပန်မှဘတ်စ်ကားကြီးများ၊ ကိုရီးယားမှ ဒေဝူးဟွန်ဒိုင်းဘတ်စ်ကားများ၊ဒိုင်နာများ ဖြစ်လာသည်။ ရှေးဦးစွာဝေပုံကျစနစ်တွင် ကားများတွင်လူပြည့်အောင်မတင်ပေ။ မှတ်တိုင်၌လူများနေလျှင် မောင်းပြေးလေသည်။ထိုခေတ်တွင်လည်းစပယ်ယာ၊ကားသမားတို့၏ ခရီးသည်အပေါ် ဆက်ဆံရေးသည် သိမ်မွေ့မှုမရှိဟုကြားမိလေသည်တကား။ ထို့နောက် ဝေပုံကျစနစ်ဖျက်သိမ်းလိုက်သောအခါ သမိုင်းကြောင်းထိန်းသိမ်းသော ကားသမားများသည် ခရီးသည်လုလေတော့သည်။ ပြိုင်မောင်းလေသည်။ မတော်တဆဖြစ်မှုတွေ ပိုများလာသည်။

ကျွန်တော်တကိုယ်တည်းကားစီးရသည့် အရွယ်ရောက်သော် မီနီဘတ်စ် ပုံသေ ၂ဝ ကျပ်၊ အဲကွန်းကား ပုံသေ ၂ဝ ကျပ်တို့ ပေါ်လာလေသည်။ ထိုအချိန်ထိုအခါက၂ဝကျပ် သည်တန်ဖိုး ရှိသေးပေရာ တချို့ မီနီဘတ်စ်ကားများသည် ခရီးသည်ပိုရရန် ခရီးသည်ပါးချိန်တွင် ခရီးနီးလျှင် ၁ဝကျပ်ကောက်လေသည်။ ရိုးရိုးဂိတ်စ၊ ဂိတ်ဆုံး ၆ကျပ်တန်ကားများလည်းရှိပေသည်။
ဆက်ရေးပါဦးမည်။

4 comments

  • search123

    December 31, 2010 at 5:56 am

    အခုထိလည်း ဘယ်လောက်မတောတဆ ဖြစ်ဖြစ် ပြိုင်မောင်းနေကြတာပါပဲ။
    ကားခ ကလည်း ၆နာရီကျော်ရင် ဈေးတိုးတောင်းတဲ့ လိုင်းတွေ ရှိတယ်။

  • search123

    December 31, 2010 at 5:57 am

    အခုထိလည်း ဘယ်လောက်မတော်တဆ ဖြစ်ဖြစ် ပြိုင်မောင်းနေကြတာပါပဲ။
    ကားခ ကလည်း ၆နာရီကျော်ရင် ဈေးတိုးတောင်းတဲ့ လိုင်းတွေ ရှိတယ်။

  • eros

    December 31, 2010 at 6:29 am

    ဟဲဟဲ အပိုင်း ၁ ပဲရှိသေးတယ်လေ။ နောက် အပိုင်းတွေတက်လာမှပြောနော်။မထူးပါဘူး ပြောချင်ရင်မြန်မြန်သာဖွင့်ချလိုက်

  • ချစ်ရအောင်

    January 25, 2012 at 7:26 am

    အမှန်တွေပါပဲဗျာ

    ပြုပြင်သင့်တာပေါ့ဗျာ . . . .။

Leave a Reply