စိတ်ဝင်စားဖွယ် ဝက်ဆိုက်လေးများ (၁)

ဒီပို့စ်လေးကို ရေးမိတာက ကိုယ်လို မိတ်ဆွေတွေကို သနားမိခဲ့လို့ပါ။ ဘာပြုလို့လဲဆိုတော့ တစ်ချိန်က ကျွန်တော်လည်း အဲဒီအခက်အခဲတွေကို အမြဲတမ်းတွေ့ခဲ့ရလို့ပါ။ ခုတော့ အမှတ်တမဲ့နဲ့ အဆင်ပြေခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အင်တာနက်ပေါ်ကနေ Ebooks တွေကို ဒေါင်းလုပ် လုပ်နေရတဲ့ လူများအတွက်ပေါ့။ ကျွန်တော်က အမြဲတမ်း အင်တာနက်ပေါ်ကနေ Ebooks တွေကို ဒေါင်းလုပ် လုပ်လေ့ရှိပါတယ်။ တစ်ချို့ဝက်ဆိုက်တွေကို အမြဲတမ်းလိုလို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် စိတ်ကျေနပ်မူ မရခဲ့ပါဘူး။ အဲဒီ ဝက်ဆိုက်တစ်ချို့က ခေတ်နောက်ကျနေတဲ့ စာအုပ်တွေကို သာ ဒေါင်းလုပ် လုပ်ရလေ့ရှိပါတယ်။ ခုပြောတဲ့ ဝက်ဆိုက်လေးကတော့ ၂၀၁ဝ မှာ ထွက်တဲ့ စာအုပ်တွေကိုပါ ဒေါင်းလုပ် လုပ်ရပါတယ်။ ဥပမာ ပြောရရင် ၂၀၁ဝ မှာထွက်တဲ့  Microsoft Word 2010 အကြောင်း ရေးထားတဲ့ စာအုပ်တွေကိုပါ ဒေါင်းလုပ် လုပ်လို့ရပါတယ်။ ဝက်ဆိုက်လေး လိပ်စာက www.ebooklink.net ပါ။ စမ်းသုံးကြည့်ပါ။ ကျွန်တော်ကတော့ တော်တော်လေး ကြိုက်နှစ်သက်ပါတယ်။ နည်းပညာလိုက်စာသူကတော့ ခေတ်နဲ့ အညီလိုက်ပြီး လေ့လာနေရတာပါ။

သုံးပြီးရင် ပြန်ပြီး ပြောပေးပါဦးနော်…။

7 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 30, 2010 at 3:56 pm

    ကျေးဇူးတင်တယ် ဗျာ
    ဒါပေမယ့်
    ခုမှ နောင်တရတယ်
    ကျွန်တော်ငယ်ငယ်ကဆို ၈၈ အပြီးပေါ့ ( ခြောက်တန်း သုံးလေးလ)
    ကျွန်တော့်အဘက (ကျွန်တော်တို ့တောသားတွေက အဖေကို အဘလို ့ခေါ်တယ်ဗျ ကြုံလို ့ပြောရဦးမယ် တစ်ချို ့ဘိုးတော်ရူးတွေက ဘိုးမင်းခေါင်ဆိုလား
    သူတို ့အဘလိုလို ဘာလိုလို 🙂 )
    ဟေ့ကောင် ငအောင်ပု မင်းစာတတ်အောင်သင် နောက် မင်းတို ့ခေတ်မှာ စာမတတ်မှ အဘက စာသင်မပေးဘူးဘာဘူးမင်းမလုပ်နဲ ့
    ကျွန်တော်ကတော့
    ဟာ…………….
    အဘကလည်း ကျွန်တော် နွားဘဲကျောင်းမယ်
    စာတတ်လည်း လယ်ထွန်မတတ်တော့ ဘာလုပ်လို ့ရမတုန်းဗျ
    အဲ့ဒါ အဲ့ဒါ
    အဘစေတနာကို စော်ကားခဲ့တဲ့ကောင်
    ကျွန်တော့်လို မဖြစ်အောင်နေကြ

  • MaMa

    December 31, 2010 at 1:39 am

    http://www.myanmaritmen.com မှာလည်း နည်းပညာဝေငှထားတာလေးတွေရှိပါတယ်။ မြန်မာလိုရေးထားတာတွေဆိုတော့ ပိုပြီးလွယ်ကူတာပေါ့။

  • winkyawaung

    December 31, 2010 at 3:48 am

    ယခုလို ဖော်ပြပေးတာကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာ အဆင့်လောက်နဲ့ သုံး၍ မကောင်းသေးပါ။

  • R Ga

    December 31, 2010 at 7:32 am

    website လေးများဆိုပြီး ပြောထားတော့ တစ်ခုတည်းရယ်………လူဆိုး…။

  • kai

    December 31, 2010 at 7:40 am

    အဲဒီလိုလင်ခ့်လေးတွေကို … ဝက်ပေ့ဂျ် ညာဖက်အပေါ်ထောင့်က လင့်ခ်မှာတင်လိုက်ရင် .. တခုကို ၄ဝ ပွို့င့်ရပါတယ်ခင်ဗျာ..။
    မင်န်ဘာများ စိတ်ကြိုက်တင်နိုင်ပါကြောင်း..။

    • R Ga

      December 31, 2010 at 7:54 am

      တင်ပြီ ဟေ့…တင်ပါပြီ ဆရာခိုင်ရေ……..။ မရရတာပဲတင်တာကောင်းတယ်။ ဟုတ်တယ်ဟုတ်

Leave a Reply