New – Year အားလုံးပိတ် အမိန့်. . . ။

mGDecember 30, 20101min1709

မနက်ဖြန် ဖြစ်တဲ့ 31.12.2010 သောကြာနေ့ New-Year မှာ အထပ်တပ်မတော် ခေါင်းဆောင်က CLUB အားလုံးပိတ်ရမယ်လို့ ကလပ်တွေကို
နာမည်စရင်းနဲ့ အမိန့်ချမှတ်ထားကြောင်း သိရှိရပါသည်။
1.JJ Club ကတော့ ဓားထိုးမှုကြောင့် လွန်ခဲ့သော 5 ရက် ၊ 6 ရက်လောက်ထဲက ပိတ်ထားတယ်လို့ သိရတယ်။
2.Channel V Club ကတော့. . . .ရိုက်ပွဲကြောင့် လွန်ခဲ့သော 2 ရက်လောက်က ပိတ်ခံထားရတယ်တဲ့။
3. 9 လွှာ Club ကတော့ ….. ပိတ်ထားတာ 3 ရက်လောက်ရှိနေပါပီတဲ့။
4.IQ Club ကလည်း……အဲ့နေ့မှာ ပိတ်ထားရဖို့ အမိန့်ချမှတ်ခံထားရပါတယ်။
လို့ပဲ သိထားရသေးပါတယ်။ Show ပွဲတွေကိုတော့ ပိတ်ပင်တားဆီးထားခြင်း မရှိဘူးလို့ သိရပါတယ်။အချို့ ကလပ်တွေမှာလည်း မပိတ်ကြောင်း သိရသည်။
1.{ 369 Club }
2.{ DJ Bar }
တို့ကတော့ ဖွင့်ပါတယ်လို့ တာဝန်ရှိသူတွေထံမှ သိရပါတယ်။

မြန်မာစံတော်ချိန် ညပိုင်း 9း00 နာရီ စုံစမ်းမှုအရ…..
Club အားလုံးပိတ်ရမည်ဟု အမိန့် ထုတ်ပြန်ကြောင်းသိရပါသည်။အထပ်ဖော်ပြပါ Club များလည်း ပိတ်ရမယ်လို့။
မသေချာမှုများ ထပ်မံပေါ်ပေါက်လာကြောင်း သိရသည်။တပ်မတော်ခေါင်းဆောင် နှင့် မြို့နယ်အလိုက်တာဝန်ရှိ ရဲသားများ နှင့် တပ်မတော်သားများမှ ညနေပိုင်းမှစကား ပြစ်မှုများနှင့်တားမြစ်ချက်များအား ဖောက်ဖျက်တောနေရာများ ကိုထိန်းသိမ်းရန် ရည်ရွယ်ကာ
အလှည့်ကျ ကင်းလှည့်ရန်အစီအစဉ်များ ချမှတ်ထားကြောင်း သိရသည်။တားမြစ်ချက်များ မလိုက်နာပါက ပြင်းထန်စွာ အရေးယူခြင်းခံရနိုင်ဖွယ်
ရှိကြောင်း 10 ရပ်ကွက် တာဝန်ရှိသူမှ ထင်မြင်ချက်ပြောကြားသည်။
စာရေးသူရဲ့ အတွေးပုံရိပ်– မြန်မာနိုင်ငံရဲ့ New-Year ကြိုဆိုပုံဟာ သချိုင်းနဲ့သူနေမဲ့ပုံပါပဲဗျာ။သူများ နိုင်ငံတွေမှာဆိုရင်
New-Year ဆိုရင်လူတွေနည်းတာ မဟုတ်ဘူး လမ်းမှာ တောင်းတောင်းဖျဖျ ကြိုဆိုနေကျတာများ နိုင်ငံရဲ့လူမှုအခွင့်အလမ်းကို ရရှိထားတာပါ။
သူများတွေကပြောကျတယ်။သူများနိုင်ငံမှာက ဒီမိုကရေစီ ရထားတာတဲ့၊ဒါဟာ ဒီမိုကရေစီနဲ့ မဆိုင်ဘူးလို့ပဲ တဖက်တတ်ပြောလိုက်ပါရစေ။
New-Year မှာကျွန်တော်တို့တွေအားလုံးက ကြိုဆိုတာပဲ ရှိတာပါ ဘာမှလုပ်ဖို့ မဟုတ်ပါဘူး။အခုတော့ လွတ်လပ်မှုတွေ အားလုံးကို လိုက်ပိတ်နေရာကျနေတယ်လို့ ခံစားရပါတယ။်ဥပမာ-ကလေးတယောက်ကို အရွယ်ယောက်လာသည် အထိအိမ်ထဲမှာပဲ ပိတ်ထားမယ်ဆိုရင်
အဲ့ကလေးဟာ နေမှာမဟုတ်ပါဘူး။ကြာလာရင်တော့ သည်းခံနိုင်စွမ်းကုန်လာပြီးတော့ အပြင်ကို မရရအောင်ထွက်မှာပါပဲ။………..

9 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 30, 2010 at 3:44 pm

    ဒါ နိုင်ငံတော် အကြီးအကဲဒွေရဲ ့ ချေ တနာကို တက်တက်မဲ့ ချော်ချော် ကားကား
    ကားကားချော်ချော်
    မြေပေါ်မြေအောက် အဖျက်တမား လက်ပါးစေရဲ ့လှုပ်ဆော်မှုဘဲ
    ဒီ အမိန် ့ကို ကျုပ်က လက္ခံတယ်
    ဒီ နှစ်သစ်ဆိုတာကို ကြိုဆိုလို ့ ဘာရသတုံး
    ဘာမှမရဘူး
    ပိုက်ချံကုန်ဒယ်
    အချိန်ကုန်ဒယ်
    ငွေကုန်ဒယ်
    အရက် ဘီယာကုန်ဒယ်
    ခုတောင် ကျုပ်မူးနေပြီ အိုက်ဒါ အရက်ကြောင့်
    နှစ်သစ်ကို အရူးထတဲ့ အလေ့ကျင့်ကြောင့်
    ကျုပ်တို ့ရွာမှာဆို
    နှစ် လ ရက်တွေ ကုန်တာနဲ ့
    တစ်နေ ့ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်ရက်နီးခဲ့ပြီ
    တစ်လကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်လ နီးခဲ့ပြီ
    တစ်နှစ်ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်နှစ် နီးခဲ့ပြီ
    ခုတော့
    happy new year ဆိုပြီး မူးနေတာ ဖင်ထောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    နေတာဘဲ
    ဟဲဟဲဟဲ
    ဒေါက်တာ ငမောင် နေကောင်းလား ? (သူများကိုယ်ရေးကိုယ်တာကို စပ်စုတာ)
    မင်္ဂလာ နှစ်သစ်ဘာဂျာ

  • ဆူး

    December 30, 2010 at 3:56 pm

    သူငယ်ချင်းတွေကတော့ ချောင်းသာမှာ ကဲဖို့ တာစူနေကြပြီ.. ၃၁ရက်နေ့ သွားပြီး ည ၁၂နာရီ အော်ပြီး မနက် လင်းတာနဲ့ ပြန်လာမယ် ပြောတာဘဲ။

  • yuyu

    December 31, 2010 at 4:58 am

    ဟုတ်တာပေါ့နှစ်သစ်ကိုပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကြိုဆိုရမှာပေါ့ အခုခေတ်လူငယ်တွေက အကောင်းအဆိုးကို ကောင်းကောင်းခွဲခြားတတ်နေပါပြီ မတော်ရုံမူးပြီးရိုက်ကြ ရန်ဖြစ်ကြရုံပေါ့ ဒါဟာလဲ လူငယ်ဘဝမှာလူငယ်ပီပီသောင်းကျန်းကြတာပဲ ငယ်တုန်းမှားတာငယ်လို့ဆိုပြီးခွင့်လွတ်လို့ရတယ် အသက်ကြီးမှ Club မှာ မူးပြီးရန်ဖြစ်ရင်ကြီးမိုက်လို့အပြောခံရမှာ ကဲသူငယ်ချင်းတို့ Good မယ်ထင်ရင် Do သာ Do

  • search123

    December 31, 2010 at 5:52 am

    အသက်ကတော့ တစ်နှစ်ကြီးသွားပြန်ပြီ။
    ပျော်ကြတာတော့မကန့်ကွက်လိုပါ။
    မူးပြီးပျော်ကြတဲ့ နောက်ဆက်တွဲ တွေကလည်း နှစ်စဉ်ရှိကြသကိုး။

  • eros

    December 31, 2010 at 6:35 am

    ငါတော့ အလုပ်က တငယ်ဂျင်းတွေနဲ့ ဘီယာတောက်ပြီး အိမ်ပြန်မယ်။

  • R Ga

    December 31, 2010 at 8:30 am

    အဟေး………မျှော်စင်ကျွန်းကတော့ မပိတ်ပါဘူး ။ ချစ်သူများကျွန်းမှာတောင် မနှစ်ကလို DJ တွေနဲ့ ကလပ်လိုလုပ်ပေးဦးမယ်တူတယ်။ ကျွန်တော်လို ပိုက်ပိုက် မရှိသူများအတွက်ကတော့ ၃၀ဝ ကျပ် တန် ဒီကလပ်လေး မပိတ်တာ အတော်ကျေးဇူးကြီးလှပါတယ်..။

  • naywoonni

    December 31, 2010 at 8:34 am

    နှစ်သစ်ကိုကြိုရအောင် သူက သက်ရှိမှမဟုတ်တာ။ ဒီတော့ ကြိုလား မကြိုဘူးလား ဆိုတာလဲ သူသိမှာမဟုတ်။ ကြိုရအောင်လည်း အရက်ဖိုး ဘီယာဖိုး မတတ်နိုင်။ ပိုဆိုးတာက အအေးမိမှာပဲ။ ဒီတော့ မကြိုတော့ဘူး။
    ဒီနေ့ည ဘီယာသောက်မဲ့ ကောင်မလေးတွေ ××××××××××××××××××

  • intro

    January 1, 2011 at 10:00 am

    တို့ကတော့ ထုံးစံအတိုင်း ညလုံးပေါက် ဂိမ်းကစားပစ်လိုက်တာ… ခုမှပဲ နိုးတော့တယ်… Happy New Year ပါ ဗျာ…

Leave a Reply