မီးပွင့်သွားမယ် THE RETURN

  

  

လူမစွမ်းတော့ နတ်မ လူမင်းဘုန်းကြီလျှင် နတ်မင်းမနေသာ ဟူသော……………။

     ဖုန်းဆိုးမြေကြမ်း တွင် အတတ်မစမ်းလေနှင့် ဆိုသည်မှာ မိမိတို ့မတောက်တက်ခေါက် တတ်မြောက် ထားသော ဂမ္ဘီရ အတတ်အချို ့နှင့် မဆူးစမ်း မဆင်ခြင်ဘဲ ပညာ မဆော့တန်ရာဟု ဆိုဆုံးမထားရာ ထင်ပါသော်လည်း နတ်ကြမ်းတို ့သည်….တကယ့် လူကြမ်းနှင့်တွေ ့လျှင် ထွက်ပြေးရသည်ဟု လည်း ဆိုကြပြန်ပါ၏။မည်သူဆိုး၍ မည်သူကြမ်းသည်ဟု မဆိုသာသော်လည်း တော်တော် ဗရုပ်သုတ်ခ နိုင်ကြပါသော လူအချို ့၏ အကြောင်းကို ပုဂ္ဂိုလ်ရေး အဂတိကင်းစွာဖြင့် ဖော်ပြလိုက်ရပေတော့သတည်း။

     မြန်မာပြည်အောက်ပိုင်း ဆားထွက်သော ဒေသတစ်ခု၏ ဆားဖိုပိုင်ရှင်တစ်ဖြစ်လဲ လူတစ်ယောက်သည် ထို စုန်း၊ နတ်၊ တစ္ဆေ၊ ကဝေ တို ့ကို ရှိ၏ ဆိုသည်ကို လက္ခံသော်လည်း ကြောက်ရွံခြင်း အလျှင် ကင်းလေသည်တွင်သာမက ပမာမခန် ့လည်းလွန်စွာပြုလေသည်။ ထိုဒေသတွင်းရှိ အဝေးပြေး လမ်းမကြီးတစ်ခု၏ ဘေးတွင် အလွန်ကြီးမားသော ညောင်ပင်ကြီးတစ်ပင်သည် ရှိလေပြီးလျှင် ထိုလမ်းမကြီးသည် ထိုသူနှင့်တစ်ကွသော ဒေသခံတို ့ ၏ တစ်ကြောင်းတည်းသော ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းရာတွင် အားထားပြုကြရပါသော လမ်းမကြီးဖြစ်ပါပြီးလျှင် ထိုလမ်းမကြီးဘေးတွင် မှီိတင်ပေါက်ရောက်နေပါသော အထက်ဖော်ပြပါ ညောင်ပင်ကြီးအောက်တွင်လည်း သစ်သားဖြင့် ဆောက်လုပ်ထားသော နတ်စင်တစ်ခုသည်လည်း ထီးတည့် ရှိလေပြန်ပါသည်။ ထိုနတ်စင်တွင် ဘိုးဘိုးကြီး ဟုခေါ်သော မည်သူမှ မမြင်ဘူးသော ဘိုးဘိုးကြီး သည် ရှိသည်ဟု ဆိုကြလေကုန်သတတ်။

     ထို ဘိုးဘိုးကြီး နတ်စင်တွင်လည်း နတ်စင်တို ့၏ အင်္ဂ ါရပ်အချို ့ဖြစ်ကြလေကုန်သော ဆင်ရုပ် မြင်းရုပ် ကျားရုပ် နှင့် နပုန်း ဣတ္ထိ ခွဲခြားရန်ခက်သော ဓားကိုင်ထားသည့် ရုပ်တုငယ် များလည်း ရှိပါပြီးလျှင် အဖြူစ အနီစ တို ့ဖြင့် ညောင်ပင်ကြီးကို ချည်နှောင် ကြပ်စည်းထားကြသည်မှာ ညောင်ပင်ကြီးမှာ လင်ခိုး လူမိ၍ ကြိုးဖြင့် ခြည်နှောင်ခြင်းခံထားရသည့် လင်ခိုးမ နှင့်ပင်အလွန်တူခြင်းလည်း ရှိရပြန်ပါတော့သည်။

ထိုလမ်းမကြီးကို ဖြတ်ကျော်မောင်းနှင်လာကြကုန်သော စက်ဘီး မှသည် ယာဉ်ကြီးယာဉ်ငယ် တို ့ သည် ထိုညောင်ပင်နားသို ့ရောက်ကြပါလျှင် အရှိန်ကို လျှော့၍မောင်းနှင်ကြကုန်ပြီး ဟွမ်းသံ တစ်ပွမ်ပွမ် တစ်ပူပူ ပေး၍ ဖြတ်ကျော်ခြင်းနှင့် စားသောက်ဖွယ်ရာ အပိုင်းအစတို ့ကို ညောင်ပင်ကြီးအောက်သို ့ ပစ်ခြကြပါကုန်ပြီးလျှင် ပါးစပ်မှလည်း ပွစိပွစိဖြင့် လိုရာကို ပြောကြလေကုန်၏။ ထိုသို ့ပစ်ချလိုက်သော မုန် ့ပဲ သွားရည်စာများကို နွားကျောင်းသားလေးများသည် ပျော်ရွှင်စွာ ကောက်ယူ စားသုံးကြပါပြီး ထိုနွားကျောင်းသားလေးများ မရှိသည့်အခါ ခွေးတို ့ သည် စားကြလေကုန်၏။

     တစ်နေ ့တွင် အဆိုပါ ဆားဖိုပိုင်ရှင်မှာ မည်သို ့စိတ်ပေါက်သည်မသိ ခရီးတစ်ခုမှ ကားဖြင့်ပြန်လာပြီး ထိုနတ်စင်သို ့ အရောက်တွင် ကားကို ရပ်၍ နတ်စင်တွင်ထားရှိကြကုန်သော ရှိရှိသမျှသော အရုပ်တို ့ကို ကားနောက်ခန်းတွင်တင် ၍ အိမ်သို ့ယူဆောင်လာကာ ၎င်း၏ သားငယ်လေးအား ဆော့ကစားစေပြီး ခလေးငယ်မှ အရုပ်များနှင့် ကစားနေသည်ကို ပြုံးပြုံးလေးထိုင်ကြည့်နေလေတော့သည်။

     ထိုစဉ်တွင်ပင် ၎င်း၏ မိန်းမဖြစ်သူမှာ ဆားဖိုတွင်အလုပ်ကိစ္စဖြင့်ရှိနေသည်တွင်မှ အရပ်စကားဖြင့်ပြောသော် ဘာမပြော ညာမပြော နတ်ဝင်ပူးကာ အိမ်သို ့ပို ့ပေးပါရန် ဟစ်အော်သောင်းကျန် နေပါတော့သဖြင့် အလုပ်သမားများမှာ ကြောက်လန် ့တစ်ကြားဖြင့် သူဋ္ဌေးကတော်အား အိမ်သို ့ပြန်ပို ့ ကြလေတော့၏ လူသတင်းလူခြင်းဆောင် ဆိုသည့်အတိုင်း အုတ်အော်သောင်းနင်းလည်းဖြစ်ကြလေကုန်၏။ နတ်ပူးနေသော        သူ ့ဇနီးကို မြင်သောအခါ အဆိုပါလူမှာ အခြေအနေကို ရိပ်စားမိလိုက်ပြီဖြစ်သဖြင့် သူ၏ အလုပ်သမားမှားအား ဆားဖိုသို ့ပြန်ကြရန်နှင့် မိမိမှ ဖြေရှင်းမည်ဟု ပြောပြီး အလုပ်သမားမှားအား မောင်းထုတ်လေတော့သည်။ သူဋ္ဌေး၏ အမိန် ့ဖြစ်သဖြင့်သာ မလွန်ဆန်ရဲကြသော်လည်း မိမိတို ့ သူဋ္ဌေး၏ ဇ ကိုသိထားကြသော အလုပ်သမားများမှာ ၎င်းတို ့သူဋ္ဌေးမအတွက် လွန်စွာ ဆိုးရိမ်ပူပန်ခြင်းဖြစ်ကြရခြင်း မှာ အိမ်သို ့ရောက်သည်နှင့် ထိုနတ်ပူးနေသော သူဋ္ဌေးကတော်သည် နတ်စင်ရှိ သူ၏ အရုပ်များအကြောင်းကို ပြောကြားနေခြင်း ဖြစ်သောကြောင့်တည့်။ အလုပ်သမားများ ပြန်သွားသည်နှင့် ထိုသူသည် သူ၏ နတ်ပူးနေသည်ဆိုသော ကာမပိုင်ဇနီးဖြစ်သူအား အာဝါဟ ဝိဝါဟ ပြုလေတော့၏။                           ( ဤက နောင်များမှ ဇာတ်ရည်ပြန်လည်လာခြင်းတည်း)

     များမကြာမီပင် ထိုသတင်းကို ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ထိုသူ၏ မိခင်ဖြစ်သူမှာ အလုပ်သမားများ၏ အကြောင်းကြားမှုကြောင့် သိရှိရပြီးလျှင် အိမ်သို ့လိုက်လာသည်တွင် မှ ထို ဘိုးဘိုးနတ်မှာ ထိုသူ၏ မိခင်ထံသို ့ပြောင်းရွှေ ့ဝင်ပူးလေတော့သည်။ ဤတွင်ပင် ထိုသူသည် ဘိုးဘိုးနတ်အား သူ၏ မိန်းမတွင် ဝင်ပူးပါရန် ခေါ်သောအခါ ဘိုးဘိုးနတ်မှာ ပေစောင်းပေစောင်းဖြင့် ခေါင်းတစ်ခါတည်းသာ ခါနေလေတော့သည်။ အိမ်နီးခြင်း ရွှေမျိုးသင်္ဂဟများလည်း စုပြုံရောက်ရှိလာကြချိန်တွင် ဘိုးဘိုးနတ်မှာ သူ၏ အရုပ်များကို မဖွယ်မရာပြုလုပ်ခြင်းနှင့် ထိုသူ၏ ဇနီးအား ဝင်ပူးနေချိန်တွင် အာဝါဟ ဝိဝါဟ ပြုခံရခြင်းများကို ဒေါနှင့်မောနှင့် ငိုကြီးချက်မ ပြောလေတော့ သည်တွင်မှ ငိုအားထက် ရီအားသန်းလည်းဖြစ်ကြရပါပြီး ပတ်ဝန်းကျင်၏ ဖြန်ဖြေမှု ့ကြောင့် ကြက်ဖို ကြက်မ စုံ နှင့် အရက် ကို ဆိုင်းဗုံ တို ့ဖြင့် နတ်ကနားပေး၍ ဆက်ပါမည်ကြောင်း သဘောတူကာ ရက်ချိန်းယူကြလေကုန်သတည်း။

     တစ်ပတ်ခန် ့ကြာမည်ထင်ရသည် ထိုသူသည် လိုအပ်သည်များကို စီစဉ်ပြီးသောအခါ ညောင်ပင်ကြီးအောင်ရှိ နတ်စင်တွင် နတ်ကနား ပေးမည် ဟု လည်း ကြေငြာလေတော့သည်။ ထိုစဉ်က ထိုနယ်ရှိ နတ်ကတော်တို ့သည် ထိုသူအကြောင်းကို ကောင်းကောင်းသိသောကြောင့် အငှားမရသဖြင့် အခြားနယ်မှ နတ်ကတော်ကိုသာ နတ်ပွဲပြီးမှ ငွေချေစနစ်ဖြင့် စရံငွေပေး၍ ငှားယူရတော့သည်။ လူအများလည်း ဒေသခံများမှသည် အခြားနယ်သားများအထိ ကြိတ်ကြိတ်တိုးစည်ကားနေလေတော့၏။

     နတ်ပွဲစသည်နှင့် ဆိုင်းဆရာများမှာ တစ်ဂျိမ်းဂျိမ်းနှင့် တီးမှုတ်နေကြချိန်မှာ နတ်ကတော်မှာ ခုန်စွခုန်စွနှင့် ဇာတ်ရှိန်တက်နေလေတော့၏ မျက်နှာထားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တင်းမာလျှက်ရှိနေလေရာ ထိုသူမှာ ကုတ်ကုတ်လေး ငြိမ်နေရှာသည်တွင် “ ငါ့ကို ဘာအောက်မေ့နေလဲ ဘာမှတ်နေသလဲ တစ်မျိုးလုံးဆွဲဖြဲပလိုက်မယ် “ ဟု ကြိမ်းဝါးလိုက်သည်တွင် ထိုသူမှ ခွင့်လွှတ်ပါရန် တောင်းပန်နေလေရတော့၏ ထိုစဉ်မှ  ( ဘယ်မှာလဲ ငါ့အတွက် ကြက်ဖိုကြက်မ နဲ ့အရက် ) ဟု အော်ဟစ်၍ မေးသောအခါ ထိုလူမှ  ရှိပါတယ်ဟု ရိုရိုသေသေပြောပြီး လူတစ်ဖက်စာခန် ့ရှိသည့် အသင့်ယူလာသော ကြိမ်သတ္တာ တွင်းမှ ကြက်ဥနှစ်လုံးကို လက်တစ်ဖက်တစ်လုံးစီ ကိုင်ကာ ဒါက အထီး ဒါက အမ ဟု ရိုရိုသေသေပြောသည်တွင် ဘေးရှိလူအုပ်ကြီးမှာ ဝါးကနဲ ့ပွဲကြသွားရာ ဆိုင်ဆရာကြီးများပင် ဆိုင်းတီးရန် တစ်ချက် မေ့လျှော့သွားကြလေသည် နတ်ကတော်မှာ မျက်နှာပျက်နေလေပြီဖြစ်သည်။ ထိုသူမှာ ခပ်တည်တည်ပင် လက်မခန် ့ရှိသော ဆေးပုလင်း သေးသေးလေးအတွင်းတွင်ထည့်ထားသော အရက်နှစ်ပုလင်းကို လက်နှစ်ဖက်ဖြင့်မ၍ ဆက်လေသည်တွင် နတ်ကတော်မှာ ဘာမှ ပြောမပြတတ်အောင်ပင် ရှိနေလေတော့သည်။ လူများမှာလည်း တဝါးဝါး တဟားဟား ရယ်မောနေကြကုန်သည်မှာ ဇာတ်ပွဲကြီးတစ်ပွဲအလားဖြစ်ရလေတော့သတည်း။

     ထိုစဉ်က နယ်မြေဒေသများမှာ လွန်စွာ မငြိမ်မသက်လည်း ဖြစ်နေလေရာ တိုက်ပွဲများ လည်း မကြခဏ ဖြစ်တတ်သည့်အလျှာက် လူတို ့မှာ တိုက်ပွဲများနှင့်ပတ်သက်၍ သတိဝိရိယရှိကြလေကုန်၏။ ထိုစဉ်တွင်ပင် ခပ်လှန်းလှန်းမှ သေနတ်သံ လေးငါးခြေက်ချက်ကြားရပြီး မည်သူက စလိုက်သည်မသိ ( ပေါ်တာ ပေါ်တာ ) ဟူသောအခါ ယောက်ျားသားတို ့သည် ခြေဦးတည်ရာ ပြေးကြကုန်သည်တွင် ဆိုင်းဆရာများလည်း ဆိုင်းတူရိယာများကို ပြစ်၍ ပြေးကြကုန်သည့်အထိပင်။

( နောင်များမှ ဇာတ်ရည်လည်လာသည်မှာ ထိုဇာတ်လမ်းသည် ထိုဇာတ်လိုက်ကြီးမှ ကြိုတင်စီမံထားခြင်းပင် ဖြစ်လေသည်ဟူသော )

( ဒေသနှင့် ပုဂ္ဂိုလ်အမည်များကို အကြောင်းကြောင်းကြောင့် အတိကျ မဖော်ပြထားပါ နောင်များ ကြုံကြိုက်လျှင် အခြားဇာတ်လမ်းတစ်ပုဒ်ကို တင်ပြပါဦးမည် )

v

ရွာသဂျီးကို ထိရင် မီးပွင့်သွားမယ်
မှားမှား မှန်မှန် ထောက်ခံကြ
ထိရဲ ထိကြည့် ရတဲ့နေရာကို အကိုက်ခံရမယ်သာမှတ်

14 comments

  • ဆူး

    December 30, 2010 at 4:36 pm

    သတိ ခွေးကိုက်တတ်သည်။
    ထိုဆိုင်းဘုတ်ကို လမ်းသွားရင် တွေ့မိတာ.. အတွေးထဲ ပေါ်လာလို့ ရေးလိုက်တာ ဘာမှတော့ ဟုတ်ပါဘူးလေ။

  • naywoonni

    December 31, 2010 at 2:18 am

    အကိုက်ခံရမှာတော့ ကြေက်ပါရဲ့ ။ မတော်တစ်ရော် ကိုက်လိုက်ရင်ဖြင့် မတွေးဝံ့စရာ
    ကြောတော့ဝူးနော် ဘုဘု

  • bigcat

    December 31, 2010 at 2:21 am

    ဒါဆို သဂျီးကို မြန်မာပြည်ပို့ပြီး မီးပျက်တိုင်း ထိထားမယ်။
    အမှောင်ခွင်း
    အလင်းဆောင်
    တပြောင်ပြောင်
    တလက်လက်နဲ့
    မီးခွက်သဂျီး။

  • MaMa

    January 1, 2011 at 3:05 am

    မီးမကြာခဏပျက်တဲ့ တိုင်းပြည်နဲ့ ကိုကြောင်ကြီး အကြံနဲ့တော့ ကွက်တိဘဲ။ ထောက်ခံခိုင်းတာက သူကြီးကို၊ ထောက်ခံချင်တာက မဟာရာဇာ (တောတို့၏ဘုရင်)ကို။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 7, 2011 at 11:17 am

    တင်လို ့မရတာနဲ ့
    ရတဲ့မြေကွက်လေး ထုတ်ရောင်းလိုက်တယ်
    ဗျို ့ဇာတ်ဆရာ
    အပမ်းမကြီးဘူးဆိုရင် နေရာလေး အရှေ ့ပို ့ပေးစေလိုပါတယ်ဗျာ
    ဂွတ်စမောနီးဘာဂျ

  • ဆူး

    January 8, 2011 at 6:43 am

    မောနင်း ဘကြီးပုရေ.. ဟတ်ပီးနယူးရီးယားပါ။ စာဖတ်ပြီး အရင်ဆုံး မြင်တဲ့ ကွန်မန့်က ဆူး ဖြစ်နေလို့ နဲနဲတောင် လန့်သွားတယ်။ နောက်မှ မြေကွက်အဟောင်း ပြုပြင်ထားတာ ဖြစ်နေတယ်။

  • zaw min

    January 8, 2011 at 9:13 am

    ေဩာ်…သူကြီးက အဲဂလိုလား…အနော်က ရွာသားအသစ်ကဆိုတော့ အခုလို သိထားရတာ ကျေးဇူးပဲဗျို့…ကိုအောင်ပုရေ…..

  • manawphyulay

    January 8, 2011 at 2:21 pm

    မျက်လုံးမှိတ်ပြီး ထောက်ခံမိ (ရွာသဂျီးကို ကြောက်လို့ :P)

  • windtalker

    December 4, 2011 at 2:43 pm

    အာဝါဟ ဝိဝါဟ အလွန်ပြုသော
    ဆားဖိုပိုင်ရှင်ပါပေတကား
    ဥပု များလား ဗျ
    ဖြိုးတောင် ၊ ဥပု လွှတ်ချိန်ရောက်မှ
    စာတစ်ပုဒ် နှစ်ပုဒ် လာရေးရရှာတယ်နော်

  • ရာမည

    January 31, 2014 at 10:21 am

    ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

  • kyeemite

    January 31, 2014 at 11:46 am

    ကိုအောင်ပု စာရေးကောင်းရဲ့နဲ့သိပ်မရေးတာခက်တယ်..ရေးပါအုံးဗျ…
    ဒီပို့ကိုလည်း အခု စုံထောက်ရာမည လာဖွမှတွေ့တော့တယ်… 😀

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 12:04 pm

    ကျုပ်လည်း ခုမှ ဖတ်မိတယ်
    ဆြာပု လက်ဆ တယ်ပြင်းကိုး ခည …

    သဂျီးကိုတော့ မှားမှား မှန်မှန်
    ဟောဒီကောင်က ထောက်ပြီးသားပါ ခညာ …

  • zaw min

    January 31, 2014 at 11:50 pm

    အဲဒီတုံးက…ဘူတွေနဲ့ဘာတွေ ဖျစ်တာလဲဆိုတာ ဘပုကျောကျလိုက်ပါလားးးးးးးးး

  • padonmar

    February 1, 2014 at 11:58 pm

    ကြက်ဖိုကြက်မဆက်တာ ရီလိုက်ရတာ။
    ဘပု ဒါမျိုးရေးပါအုံး။

Leave a Reply