လှပသောမြို့ကလေး Dalian

weiweiDecember 30, 20103min18916












တရုတ်ပြည်မြောက်ပိုင်း liaonin ပြည်နယ်က Dalian မြို့လေးကို တောင်ပေါ်မှမြင်ရသော မြင်ကွင်းများဖြစ်ပါတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ခောတ်မီလှပ သန့်ရှင်းတယ်။ အခုလိုဆောင်းရာသီမှာတော့ နှင်းပုံထဲမှာရှိနေပြီး နွေရာသီမှာတော့ ဓါတ်ပုံထဲကလိုပဲ လှပနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ရိုက်ထားတာပါ။ အမြင့်ကကြည့်လေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်ရလေမို့လို့ တကူးတက တောင်ပေါ်ကို cable chair နဲ့ တက်ကြည့်ပြီး မြို့ရှုခင်းကို ဓါတ်ပုံရိုက်ခဲ့လိုက်ပါတယ်။ ကင်မရာက မြင်ကွင်းဆန့်သလောက်ပဲ ပါပြီး အပြင်မှာတော့ မျက်စိတဆုံးကျယ်ပြန့်ပြီး အပြာရောင်ပင်လယ်ကိုပါ မြင်ရတာ အရမ်းလှပါတယ်။ တောင်နိမ့်နိမ့်လေးတွေ ဝန်းရံထားလို့ မြို့ပုံစံကလဲ နေချင်စရာကောင်းပါတယ်။ တလျှန်က ကိုရီးယားနဲ့နီးလို့ ကိုရီးယားအစားအစာနဲ့ ကိုရီးယားဖက်ရှင်တွေ နံမည်ကြီးပါတယ်။ မနေ့က ပြခဲ့တဲ့ ရဲတိုက်ကြီးရှိတဲ့မြို့ပေါ့။ လှပတဲ့ ပန်းခြံတွေလဲ အများကြီးရှိပါတယ် …

16 comments

  • weiwei

    December 30, 2010 at 5:52 pm

    ၂၀၁ဝ မကုန်ခင် ပို့စ် ၁၀ဝ ပြည့်အောင် တင်မယ်လို့ စိတ်ကူးထားလို့ အခုရက်ပိုင်း အတင်းကြိုးစားပြီး တင်နေခြင်းဖြစ်ပါသည် … မျက်စိနောက်ရင်လည်း သီးခံကြပါလို့ … 😛

  • kai

    December 31, 2010 at 12:21 am

    တရုတ်ပြည်က ချမ်းသာလာမှန်းအရမ်းသိသာတာပဲ..။
    အကုန်လူတွေလက်ထဲ ဆုပ်ကိုင်ထားနိုင်ကြပြီလို့ပဲ မြင်ရပါတယ်။

    ကြုံရင် … လည်လည်တော့ သွားဦးမှပါ..။

  • 49 yr old female

    December 31, 2010 at 1:19 am

    တရုတ်ပြည် ဒီလောက် မြန်မြန် တိုးတက်လာတာ တိန့်ရှောင်ဖိန်ကစပြီး
    တ်ုင်းပြည်ကို ကို်ယ့်ရာထူးထက် ပိုချစ်တဲ့ ခေါင်းဆောင်ကောင်းတွေ ရလိုက်တာကြောင့်လို့ မြင်ပါတယ်။လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကဆိုရင် တရုတ်ပြည်မှာ ဆွေမျိုးအရင်းအချာရှိတဲ့သူတွေ ငွေပို့ပိူ့ပေးကြရပါတယ်။ အခုတော့…………………………

  • MaMa

    December 31, 2010 at 1:31 am

    ပုံတွေတင်သာတင်ပါ။ အားပေးပါတယ်။ ကိုယ်ကလည်း ဓါတ်ပုံဝါသနာအိုးဆိုတော့။ ရှုခင်းပုံတွေကို ပိုသဘောကျတယ်။ Xie xie wei wei!

  • bigcat

    December 31, 2010 at 7:01 am

    တောင့်ထား ၁ပုဒ်ပဲလိုတော့တယ်။ အဲဒါကို ဒီဇင်ဘာလအတွက် သုံးသပ်ချက်နဲ့ နိဂျုံးဂုတ်လိုက်ပါလား။
    တရုတ်ပြည်မြို့ကြီးတွေမှာ လေထုအရမ်း ညစ်ညမ်းတယ်ပြောတယ်။ အခုပုံတွေမှာတော့ သန့်လို့ပါလား။

  • weiwei

    December 31, 2010 at 8:54 am

    နိမိတ်ကောင်းတစ်ခုကို ဖော်ဆောင်တဲ့အနေနဲ့ ၂၀၁ဝ မှာ ၉၉ နဲ့ ခဏရပ်ထားလိုက်တာပါ .. ၉၉ ကို တရုတ်လို ဖတ်ရင် ကျိုကျို လို့ဖတ်ပါတယ် … အဓိပါယ်ကတော့ အချိန်အကြာကြီး (သက်ဆုံးတိုင်) (ထာဝရ) စသဖြင့် ကာလရှည်ကြတဲ့သဘောပေါ့ … ကောင်းတဲ့အဓိပါယ်တစ်ခုအနေနဲ့
    မန္တလေးဂေဇက်ကို နှစ်ရှည်ကြာအောင် အဓွန့်ရှည်တည်တံ့ပါစေ …
    ကျွန်မလဲ နှစ်ရှည်ကြာတဲ့အထိ ဂေဇက်မှာ စာတွေရေးနိုင်ပါစေ …
    ရွာသူရွာသားများလဲ သက်ရှည်ကျန်းမာကြပါစေ ….
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..

    Happy New Year!
    新年快乐!

  • etone

    December 31, 2010 at 9:39 am

    မဝေကံကောင်းတယ် တိုးတတ်တဲ့တိုင်းပြည်မှာ ကာလတစ်ခုအထိနေထိုင်ခွင့်ရလို့ပဲ ။

    • weiwei

      December 31, 2010 at 10:02 am

      အီးတုန်းထင်သလို ကံမကောင်းပါဘူး … ဘယ်အရာမှ အလကားမရဘူးလေ … တစ်ခုခုတော့ ပေးဆပ်ရတာပဲ …

  • draungkyawkyawoo

    December 31, 2010 at 9:41 am

    မဝေဝေရေ … မရောက်ဖူးပေမဲ့ မြင်ဖူးအောင်တင်ပေးတဲ့ အတွက် ကျေးဇူးပါ။

  • zaw min

    January 1, 2011 at 8:46 am

    အင်း…သူများတိုင်းပြည်မှာတော့ နေချင်စရာကောင်းလိုက်ပါဘိ….ကျွန်တော်တ ို့တိုင်းပြည်ကြီးကိုလည်း တစ်နေ့သောအခါ၌ ဤကဲ့သို့မြင်တွေ့လိုပါသည်။

  • Student

    January 1, 2011 at 12:43 pm

    စောင့်…………………………………..until the lord of death calls you
    စတာနော်။

  • ဆူး

    January 8, 2011 at 4:59 pm

    အခု ပိုစ်အကြောင်း ကွန်မန်းမှာ ဖတ်ကြည့်တော့ ၉၉ လို့ ပြောတာ တွေ့မိတယ် အခု လတ်တလော ပိုစ်ကတော့ ၁၁၁ ဖြစ်နေပြီ ဆိုတော့ တိုးတက်မှု မြန်ဆန်တဲ့ သဘောလေးပေါ့။

  • weiwei

    January 9, 2011 at 5:59 am

    ဘွားတော်ဆူးရဲ့ တာဝန်တွေကိုပါ ပူးတွဲထမ်းဆောင်ထားလိုက်လို့ပါ … အခု တာဝန်တစ်ဝက်လျော့သွားပြီဆိုတော့ ခဏပြန်နားလိုက်အုန်းမယ် … 😛

  • weiwei

    December 21, 2011 at 5:36 pm

    မနှစ်တုန်းက ကွန်နက်ရှင်ကောင်းတာနဲ့ ဓါတ်ပုံတွေ တော်တော်တင်ဖြစ်တယ် … ၂ လ အတွင်း ပို့စ် ၁၀ဝ တောင်တင်နိုင်ခဲ့တာ … ၂၀၁၁ ကတော့ တစ်နှစ်လုံးမှ ပို့စ် ၁၀ဝ ပဲ တင်နိုင်တော့တယ် …

  • windtalker

    December 21, 2011 at 7:34 pm

    အားပါး ၊ ပိုက်ဆံများ ရှိလို ့ကတော့
    တလျှံ မြို ့ကို
    ချစ်သူလေးနဲ ့အတူတူ
    သွားကဲပြီး
    ရှော ့ပင်းတွေ ထွက်ပစ်လိုက်ဦးမှာ..

Leave a Reply