ဆုမွန်ကောင်း Wishes

smiling kitten

ကြောင်ပြုံးသခင်

မန်းလေးဂေဇက်
ညဉ့်နက်နက်မှာ
လထွက်လာသလို
စာအိုးများအတွက်
အားဆေးတခွက်။
ရပ်နီးရပ်ဝေး
ကြီးကြီးငယ်ငယ်
အရွယ်စုံဆိုက်စုံ
မြန်မာသစ်တို့ရဲ့
ဆုံရပ်မြေ။

ဖတ်ချင်စရာ
ကဏ္ဍစုံလင်
ပြည်ပပြည်တွင်း
ကလောင်ရှင်များရဲ့
ကစားကွင်း။

ရင်းနှီးဖော်ရွေ
တောင်းဆိုသမျှ
ဖြည့်ဆည်းပေးတဲ့
စာတည်းချုပ်သဂျီး
ကိုKAIနဲ့အဖွဲ့သားများ။

ခြွေလိုက်ပါရဲ့
ရင်ထဲကဆုတောင်း
နောင်နှစ်တွေလည်း
သရဖူဆောင်းလို့
ပြိုင်ဘက်ကင်းစေကြောင်း။

6 comments

  • kai

    January 2, 2011 at 10:21 am

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ..။

    တလက်စထဲ.. ကွန်ပျူတာလက်ပ်တော့ ပေါချောင်ကောင်းလေးပါလင့်ခ်ပေးလိုက်မယ်..

    Dell Outlet: 15% off laptop and desktops AC
    Use coupon RR3K90$5MCPC2L

    Dell Outlet http://outlet.us.dell.com/ARBOnlineSales/Online/InventorySearch.aspx?brandId=2201&c=us&cs=22&fid=2050&l=en&s=dfh

    ၅၀ဝ အောက်နဲ့ Inspiron 17R, Intel Core i5-450M, 4GB, 500GB, 17.3 inch HD+ WLEDရလိုက်တယ်..။
    ရီဖားဘစ်ရှ် တွေပါ..။
    အေအမ်အိပ်စ်ပါသုံးရင် ၅ဝ ထပ်လျှော့ရလိုက်တာမို ့ပါ.
    အခုတော့ အေအမ်အိပ်စ် … အချိန်စေ့သွားပြီ။
    https://enroll.amexnetwork.com/US/dell50/Sorry.aspx?e=7

  • char too lan

    January 2, 2011 at 12:42 pm

    ပေးတဲ့ဆုနဲ့ တလုံးတဝကြီးပြည့်ပါစေ
    ဦးကြောင်ကြီးလဲနှစ်သစ်မှာ ပျော်ရွှင်ပါစေ
    ကြောင်မချောချောလေးတစ်ယောက်နဲ့ အမြန်ဆုံးဆုံဆည်းပါစေ………………………….

  • kopauk mandalay

    January 2, 2011 at 4:02 pm

    2010 ကနေ 2011
    နှစ်ဟောင်းကနေနှစ်သစ်
    ဘိုလိုပြောင်းတဲ့ရက်
    မန်းလေးဂေဇက်ရွာက
    မိ်တ်ဆွေများအတွက်
    ဆုတောင်းမေတ္တာတွေ
    ပို့လိုက်မဟဲ့လို့ စိတ်ကူးထားပေမယ့်
    လက်တွေ့ကျတော့
    ကော်နက်ရှင်ကပျက်။

    နေ့စဉ်ရက်ဆက်
    မန်းလေးးဂေဇက်
    ပို့စ်အသစ်တင်တော့ မတက်
    တက်ပြန်တော့ တစ်ဝက်တစ်ပျက်
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။

  • weiwei

    January 3, 2011 at 3:00 pm

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ …

  • Gipsy

    January 6, 2011 at 6:25 am

    စာသင်သားလေးလဲ…ပေးတဲ့ဆုနဲ့..ပြည့်ပါရစေ…..

  • ဆူး

    January 8, 2011 at 4:28 pm

    နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

Leave a Reply