မြောက်ဒဂုံတွင် ပန်းကန်ပြားပျံတွေ့ရှိ

ဘဘJanuary 3, 20111min24230

နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန် ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည်ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။

အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရ သည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများအရ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံ(မြောက်) မီး သတ်စခန်းအပေါ် ပေ ၂ဝဝဝ ခန့် အကွာမှနေ၍ အနောက် တောင် ဘက်မှ အရှေ့မြောက်ဘက်သို့ အချင်း ၈ဝ ပေခန့်ရှိ အမည်မသိ အဝိုင်းပုံစံယာဉ်ပျံတစ်စင်းသည် နီယွန် မီးများ ထိန်လင်းစွာဖြင့် စက္ကန့် ၂ဝ ခန့်အကြာ ဖြတ် သန်းသွားသည်ကို စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၃၅ ဦး၊ မီးသတ်စခန်း အနီး မြင်းစီးအားကစားကွင်းအတွင်း ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှ ပြည်သူ ၂ဝ ဦးခန့်နှင့် လမ်းသွား လမ်းလာပြည်သူ ၂ဝ ဦးခန့် တွေ့မြင်ခဲ့သည်ဟု ဆိုသည်။အဆိုပါ ယာဉ်ပျံကို စတင်တွေ့ ရှိသူမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ ၁ဝ ရပ်ကွက်ရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ သတ္တမ တန်းကျောင်းသားလေးနှစ်ဦး ဖြစ် သည်။

၎င်းတို့ စတင်မြင်တွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ”အဲဒီအချိန်က မိုးရွာ ပြီး စဆိုတော့ ကောင်းကင်ကြီးက နီရဲနေတယ်။ အဲဒီအချိန်မှာ ကောင်း ကင်ထဲကနေ အဝိုင်းကြီးတစ်ခု တဖြည်းဖြည်းထွက်လာတာကို မြင်ရတော့ သားရဲ့သူ ငယ ်ချင်း ကို ဟိုမှာ ဘာကြီးလဲမသိဘူး၊ ထွက် လာတယ်လို့ လှမ်းပြောလိုက်တယ်။ သားတို့ကြည့်နေရင်းနဲ့ အဲဒီဟာကြီး က တဖြည်းဖြည်း ကြီးလာပြီး ပန်းကန်ပြားပုံစံ အဝိုင်း ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာလည်း မီးရောင်တွေ အများကြီးထွက်နေတယ်။ သားတို့ ကြည့်နေတဲ့နေရာနဲ့ နီးနီးလေး ပျံသွားတာ။ အဲဒီအချိန် သား တို့က လူကြီးတွေကိုခေါ်ပြီး ဟိုမှာ ပန်း ကန်ပြားပျံကြီးလာနေပြီလို့ သွား ပြောတော့ လူကြီးတွေလည်း လာ ကြည့်ကြတယ်။ သူ့ဆီကထွက်တဲ့ မီးရောင်တွေက အောက ်မှာ ဖြာနေ တယ်။ သားတို့မြင်လိုက်ရတာက တော့ ၁၅ မိနစ်လောက် မြင်လိုက် ရတယ်။ ဒီလိုပုံစံမျိုးကို ရုပ်ရှင်ထဲမှာ ပဲ မြင်ဖူးတာပါ။ အရင်က တစ်ခါမှ မတွေ့ ဖူးဘူး” ဟု ဆိုသည်။

မြောက်ဒဂုံမီးသတ်စခန်းမှ အဆိုပါ ပန်းကန်ပြားပျံဖြတ်သန်းမှု အား တွေ့ရှိခဲ့သူ မီးသတ်အရာရှိ တစ်ဦးက ”အဲဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ် လောက်မှာ ကျွန်တော်က အိမ်ထဲမှာ ထမင်းစားဖို့ ပြင်နေတုန်း ကလေးတွေက ဘဘရေ ဒီမှာ ဘာကြီးလဲမသိဘူး၊ ကျလာနေပြီလို့ အော်ပြီးပြောတယ်။ ကလေးတွေ အော်တော့ စခန်းမှာ တာဝန်ကျတဲ့ ဒုတပ်ကြပ်တစ်ယောက်က သွား ကြည့်ပြီး ကျွန်တော့်ကို ဆရာ ဘာယာဉ်ကြီးလဲ မသိဘူး၊ ပျံနေ တယ်လို့ လာပြောတဲ့အတွက် ကျွန် တော်က လေယာဉ်ပျံ ထင်ပြီး ဘာယာဉ်ပဲ ဖြစ်ဖြစ်ပေါ့ကွာလို့ ပြန် ပြောတဲ့အခါ သူက လေယာဉ်ပျံ မဟုတ်ဘူးဆရာ။ အောက်မှာလည်း မီးတွေ တအားလင်းနေတယ်လို့ ပြောလို့ ထွက်ကြည့်တော့ အမြင့်ပေ ၁၈ဝဝ လောက်မှာ စက်ဝိုင်းပုံစံ ယာဉ်တစ်စင်း ပျံနေတာကိုတွေ့ ရတယ်။ စက်သံကိုတော့ မကြား ရဘူး။ ကျွန်တော်လည်း အိမ်ထဲက ကင်မရာကိုယူပြီး ဓာတ်ပုံရိုက်တဲ့ အခါကျတော့ ကင်မရာထဲမှာ မပေါ် ဘူး။ ကျွန်တော် အောက်က မြင် ရတာတော့ အချင်းပေ ၈ဝ လောက်ရှိပြီး ယာဉ်ရဲ့ဝမ်းဗိုက်နဲ့ အပေါ်အဆင့်မှာ ထွန်းထားတဲ့ မီးရောင်တွေကို မြင်လိုက်ရတယ်။ ကျွန်တော်မြင်ရတာတော့ စက္ကန့် ၂ဝ လောက်ပဲ မြင်ရပြီး အပေါ်ကို ပျံတက်သွားတယ်။ ဒါကြီးက ပန်းကန်ပြားပျံ ဟုတ်၊ မဟုတ်တော့ တစ်ခါမှ မမြင်ဖူးဘူး။

ဒါမျိုးဆိုတာ လည်း တစ်သက်နဲ့ တစ်ကိုယ် မြင်ရဖို့ လွယ်တာမဟုတ်ဘူးလေ။ အခုမြင်ရတဲ့ဟာကြီးကတော့ ရုပ်ရှင် ထဲက ပန်းကန်ပြားပျံပုံစံပဲ။ ဒီနား ပတ်ဝန်းကျင်မှာနေတဲ့ လူတွေ အ ကုန်လုံးလည်း မြင်လိုက် ရတယ်” ဟု ပြောသည်။ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၁ဝ ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် နေထိုင်သူတစ်ဦးက အဆိုပါ ယာဉ် ပျံသည် တဖြည်းဖြည်းလည်ပြီးလာ သည်ကို တွေ့ရကြောင်း၊ မီးရောင် ကဲ့သို့ အလင်းရောင်ဖြာထွက်နေပြီး ယာဉ်ပုံစံမှာ နှစ်ဆင့်ဟုထင်ကြောင်း၊ နှစ်ဆင့်စလုံး မီးလင်းနေကြောင်း၊ ယင်းယာဉ်ပျံကိုတွေ့ပြီးပြီးချင်း အိမ် ထဲဝင်၍ ကင်မရာယူကာ ရိုက်သော် လည်း အနည်း ငယ်လှမ်းသွားပြီ ဖြစ်၍ ပုံမပေါ်တော့ကြောင်း၊ အဆိုပါ ယာဉ်ပျံ၏ အရွယ်အစားနှင့် ပုံစံကိုမူ မမှန်းတတ်ကြောင်း၊ ၎င်းယာဉ် သည် လက်ယာရစ် ဖြည်းဖြည်းချင်းလည် လာပြီးနောက် ပျံတက်သွားကြောင်း ပြောသည်။မြင်းစီး အားကစားကွင်း အတွင်းနေထိုင်သူတစ်ဦးက ”ကျွန် တော်က အိမ်ထဲမှာရှိနေတုန်း အသက် ရ နှစ်အရွယ် ကျွန်တော့် သားလေးက ဖေဖေ ဒီမှာ ပန်းကန် ပြားပျံကြီးလာနေပြီ၊ လာကြည့်လို့ ပြောပြီး လက်ကို အတင်းဆွဲခေါ် တယ်။ အဲဒီအချိန် ဘေးပတ်ဝန်း ကျင်မှာလည်း ပန်းကန်ပြားပျံကြီးလို့ အော်နေကြတော့ နောက်နေကြ တယ်လို့ပဲ ထင်နေတာ။ သွားကြည့် တော့မှပဲ တကယ်ဖြစ်နေတယ်။ သူက ပန်းကန်ပြား ၂ ချပ်အုပ်ထား တဲ့ စက်ဝိုင်းပုံစံပဲ။ ယာဉ်ရဲ့အမြင့်က ၈ ပေ၊ ၉ ပေလောက်ရှိပြီး သူ့ရဲ့ အချင်းက လယ်ကွက်တစ်ခုစာ လောက်ရှိတယ်။ ဘေးမှာလည်း မီးတွေ ထိန်လင်းနေတယ်။ သူ စလာတော့ စောင်းလည်ပြီး နိမ့်နိမ့် လေးပျံလာရာကနေ အပေါ် ပေ ၁၅ဝဝ လောက်ရောက်တဲ့အခါကျ တော့ ပြန်တည့်သွားတယ်။ ယာဉ်ရဲ့အထဲကိုလည်း မီးတွေထွန်း ထားတဲ့အတွက် တစ်မိနစ်အကျော် ကျော်လောက်မြင်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လျှပ်စစ်မီးတွေ ပြတ်တာမျိုးတော့ မဖြစ်ဘူး”ဟု ဆိုသည်။

မြန်မာက ပန်း ကန်ပြားပျံဟု ခေါ်ပြီး သိပ္ပံလောကတွင် အမျိုး အမည်မသိ ပျံသန်းနေသောယာဉ်   UFO (Undefined Flying Object) ကို သိပ္ပံပညာရှင်များက အမှန်တကယ ်ရှိ သည်ဟု လက်ခံ ထားသော်လည်း အဆိုပါယာဉ်ပျံကို အလုံးအထည်အလိုက် ဖမ်းဆီးရမိ ခြင်း မရှိသေးချေ။ UFO ကို ကမ္ဘာ အနှံ့အပြား၌ တွေ့ရှိခဲ့ဖူးသည့် အထောက်အထားများရှိသည်ဟု အင်တာနက်သတင်းများအရ သိရ သည်။

မူရင်း ရေးသားသူမည်သူ ဟုသေချာမသိပါ။ Fwd Mail ရရှိသည် ကိုတဆင့်ဖော်ပြခြင်းပါ။ Credit goes to original writer.

30 comments

  • bigcat

    January 4, 2011 at 1:24 am

    ချုပ်ချုပ်ကြီးမြေး ဖိုးလပြည်ဆော့တဲ့ မီးပုံးပျံအကြီးစား ဖြစ်နေအုံးမယ်။

  • winkyawaung

    January 4, 2011 at 3:12 am

    နေပြည်တော်က လာတဲ့ ယာဉ်တစ်စီးဖြစ်နေပါအုံးမယ်..။

  • koyinmaung

    January 4, 2011 at 3:33 am

    ချုပ်ချုပ်ကြီးမြေး ဖိုးလပြည့်ဆော့ဘို့ဝယ်ပေးထါးတာပါ..

  • naywoonni

    January 4, 2011 at 6:28 am

    ဟုတ်မှာ 😛

  • Hello Everyone

    January 4, 2011 at 6:56 am

    ဘာကြီး လဲတော့ ပြောတတ် ဘူးဗျ။ လူတော်တော် များများ ပြောနေ ကြပြီး ၊ ကိုတိုင် မြင်တဲ့ သူတွေထဲ မှာ ယုံကြည် လောက် တဲ့ မိတ်ဆွေ တချို့ ပါ ပါ နေတော့ ဒီသတင်း ဟုတ်လောက် တယ်လို့ ထင်ပါတယ်။ လူတွေ အသစ် တီထွင် တဲ့ ယဉ် တမျိုးပဲလား၊ ဂြိုဟ်သားတွေ လားတော့မသိပါ။ ဂြိုဟ်သား ဆိုရင်တော့ ကျုပ် တို့ မြန်ပြည် ကြီး တိုးတက် ဖွင့်ဖြိုး နေတာ ကိုလာ ရောက် လေ့လာတာ ဖြစ် ဖို့ များပါတယ်၊

  • kai

    January 4, 2011 at 8:04 am

    အဲဒါ ..ပြည်တွင်းဂျာနယ်တခုခုမှာ ပုံနှိပ်ဖေါ်ပြထားတယ်လို့ … မန်ဘာတယောက်ကလှမ်းပြောနေတယ်..။
    ရေးပုံကလည်း … နည်းနည်းပရိုဆန်နေတယ်..။

    ဆိုတော့..
    အဲဒါကြီးနဲ့.. မြောက်ဒဂုံဖက်… တိုးရစ် အယောက်၁၀၀ဝ ရအောင်ခေါ်သွင်းပေတော့..။
    တယောက်ကို .. ဒေါ်လာ ၁၀ဝ ရအောင် ..ဆားဗစ်ပေး..လမ်းလိုက်ပြ..။ ပါးစပ်ထဲတွေ့တာ ချဲ ့ပြော..။
    ဒေါ်လာ ၁သိန်းအဲဒီမြို ့နယ်ထဲရောက်မယ်..။

    • Hello Everyone

      January 4, 2011 at 8:32 am

      ဟုတ်မယ် ကိုKai ။ အဲလို ဆိုရင် မြောက် ဒဂုံ က လက်လုပ် လက်စား တွေ၊ (ဥပမာ) ဆိုက်ကား သမား တွေ လဲဝင် ငွေ တော်တော် ရမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 4, 2011 at 9:27 am

    ဟုတ်လို ့ပြောတာ ဖြစ်မှာပေါ့ဗျ
    ကလေးတွေက အရင်တွေ ့တယ်ဆိုတာဘဲ
    ကလေးတွေဆိုတာက အာစရိတို ့လူကြီးတွေလို လိမ်တတ်ထာမှ မဟုတ်တာ
    ( ကြပ်အုန်းမှ)
    ဒါနဲ ့ စကားမစပ် အိုက်ဒီ ပန်ကံပြားပျံထဲက သက်ရှိတွေက
    သုံးဆယ်တစ်ဘုံနဲ ့တွက်ရင် ဘယ်ဘုံဘဝသားလောက်ဖြစ်နိုင်သတုံးဗျ
    ဆရာတော် ကိုကိုကြောင်မဟုတ်ရင်
    ဆရာတော် ရွာသကြီးပေါ့ဗျာ

  • kai

    January 4, 2011 at 9:41 am

    စတုမဟာရာဇ် နတ်ပြည်ကပါ..။
    သူတို့တရက်က ..လူအနှစ်၁၀ဝနဲ့ညီသမို ့.. အဲဒီယဉ်ရဲ့အမြန်နှုန်းက .. အလင်းအလျှင်ပြည့်ဖို ့ငါးပုံ ၁ပုံလောက်ပဲ လိုပါတော့တယ်.။
    အိုင်းစတိုင်းသီအိုရီအရ တွက်ရင် … အလျှင်နဲ့အချိန် အချို းတခုရှိတယ်မဟုတ်လား..။ အလင်းအလျှင်ကို ကပ်လေလေ .. အချိန်က အနှိုင်းအဆမဲ့ကို သွားလေလေတဲ့..။ အဲဒါနဲ့တွက်ကြည့် သူတို့နေရာအတိအကျ သိနိုင်တာပေါ့..။ ဖေါ်မြူလာပါပေးလိုက်တယ်..။
    http://en.wikipedia.org/wiki/Time_dilation

    နတ်သမီးလိုချင်လို့ ရှိရင်တော့ …အမြန်လိုက်သွားပြီး ..ဆွဲစေ့လိုက်ပေါ့..။
    ဖြတ်လမ်းနည်း တခုခုသုံးပေါ့..။
    ရှေးက အဌကထာမှာတော့ .. သီဟိုရဟန်းတပါး..နတ်သမီး လက်ချောင်းလေးပဲပြလိုက်တယ်..။ မူးမေ့လဲကျသွားတယ် ..ဆိုတာပဲ..။
    သတိမမေ့အောင်တော့ ..တရားမှတ်.. သတိကပ်ထားပေါ့နော..။ 🙂
    အဲဒါဆို .. နောင်အနှစ် ၁၀၀ဝလောက်မှာ .. အဌကထာ စာအသစ်တခု ရေးလို့ရတယ်ပေါ့..။

  • weiwei

    January 4, 2011 at 9:58 am

    X-file စီးရီးထဲက ပန်းကန်ပြားပျံတွေကို သတိရမိတယ် …

  • cobra

    January 4, 2011 at 10:49 am

    တကယ်တွေ ့တာဆိုရင်တော့ထူးဆန်းနေပီပေါ့……
    ဂြိုလ်သားတွေကတကယ်ဆံပင်တွေထောင်နေလို့လားသိချင်လိုက်တာ..။

  • naywoonni

    January 4, 2011 at 11:11 am

    နတ်သမီးတော့ မလိုချင်ပါ။ ကိုင်ဇာ့သီချင်းကိုအားကျလို့လေ
    “ကိုယ်ကြင်နာသူ သူကလွဲရင်နတ်သမီးလည်းမမက် ပါပြီ ” တဲ့

  • khunmyat

    January 4, 2011 at 3:06 pm

    အမေရိကန်ကလူတွေ ဇာတ်ကားလာရိုက်တာဖြစ်နေဦးမယ် …^^

  • my name is phone myat htay

    January 4, 2011 at 3:11 pm

    စိတ်ဝင်စားစရာပဲနော် ကျွန်တော်တို.ဆီမှာလည်း ၂၀၁ဝ စက်တင်ဘာလောက်က ဘာမှန်းမသိတဲ. အလင်းတန်းကြီး မြင်ရတယ်

    • Hello Everyone

      January 4, 2011 at 4:09 pm

      ဘယ်မှာလဲဗျ။ အဲဒီ ကျနော်တို့ ဆိမှာ ဆိုတာ။ နတ်ပြည်က ပဲလား။ 😛

  • bigcat

    January 5, 2011 at 1:44 am

    အဲဒါ အရှေ့၊ အနောက်၊ မြောက်ကျွန်းက ဘော်ဒါတွေဖြစ်နိုင်တယ်။ ဖားအောက်တောရရိပ်သာ ဝင်ဖူးသူတချို့ အဲဒီကျွန်းသားတွေ မြင်တယ်ပြောတယ်။ နိုင်ငံခြားသားယောဂီတချို့တောင် မြင့်မိုရ်တောင်ကြီးတွေ့တယ်ဆိုလား။ သိသူများအကျယ်ဆက်ကြပါအုံး။ ဒကာမိုက်နဲ့သဂျီး မူးရင်အေးအေးဆေးဆေးနေပြီး အိပ်လိုက်တော့နော်၊ ဝင်မပါနဲ့ ကြားလား။

  • Gipsy

    January 5, 2011 at 7:11 am

    လူအတော်များများဆီကထွက်တဲ့အရောင်တွေ…တွေ့နေရလို့..တဲ့ ၊……
    ထူးဆန်းလို့..လာကြည့်တာနေမှာ…..

  • zaw min

    January 5, 2011 at 8:26 am

    မန္တလေး ဂေဇစ်က ဘာဖြစ်လို့ခေတ်နောက်ကျသွားတာလည်း အဲဒီကိစ္စက ဒီဇင်ဘာလထုတ် ပေါ်ပျုုလာ ဂျာနယ်ထဲမှာဖေါ်ပြထားတာပါ။အမှန်တော့ ချုုပ်ချုုပ်ကြီးက သူ့မြေးလေးဖိုးလောက်လန်းအတွက် [မန်ချက်စတာယူနိုက်တက်]အစား ဝယ်ပေးဖို့ တင်ဒါစနစ်နဲ့မှာ ယူလိုက်တာပါ။ဒါပေမယ့် မော်ဒယ်အရမ်းနိမ့်နေ့သည့်အတွက် ဘဘချုုုပ်ချုုပ်ကြီးက တရုပ်ကြီးဆီကိုပြန်ပို့လိုက်တာပါ….

  • zarny

    January 5, 2011 at 3:39 pm

    ပန်းကန်ပြားပျံ မဟုတ်ပါ တရုတ်ကမှာယူထားတဲ. မီးဆိုင်းကြီးပါ ရန်ကုန်ရဲ.မြိ ု ့တော်လို. ပဲသုံးနှ ုန်း ပါရစေ နေပြည်တော်မှာ အရေးပေါ် ထွန်းရန် တရုတ်မှ မှာယူထားခြင်းဖြစ်ပါတယ် ရဟတ်ယာဉ် အောက်မှာ ချိတ်ပြီး ကောင်းကင်ကနေ တစ်မြိ ု ့လုံးကို ဆလိုက် ထွန်းပေးမှပါ။

    • etone

      January 6, 2011 at 5:10 am

      zarny ပြောတာဟုတ်မယ် … နေမဝင်အင်ပါယာကိုအားကျလို့ နေပြည်တော်ကိုလင်းထိန်နေအောင် လုပ်ပေးမလို့ထင်တယ်နော် 😛

  • R Ga

    January 6, 2011 at 5:54 am

    ယခင်ကာလများက UFO များ မြန်မာပြည်ကို ဆင်သက်ရန် အကြိမ်ကြိမ်ကြိုးစားဖူးတယ် ။ ဒါပေမဲ့ သူတို့ ဆင်းဖို့ အတွက် သူတို့ရေဒါတွေ မြေပုံတွေထဲမှာ မြန်မာနိုင်ငံက ပျောက်နေတယ်ဆိုပဲ.။ ဘာလို့လည်း ဆိုတော့ မီးတွေ က ခဏခဏ ပျက်နေလို့ပဲ.။ အခုတစ်လော မှ လွတ်တော်မခေါ်မီ မီးလေး မှန်မှန်ပြန်ပေးနေတဲ့အခါမှ UFO များတွေ့ရှိသွားပြီး စူးစမ်း လေ့လာဖို့ ဆင်းသက်လာတာဖြစ်တယ်။ တစ်ကမ္ဘာလုံး သူတို့ တွေရောက်ခဲ့ဖူးပေမယ့် မြန်မာနိုင်ငံကတော့ အခုမှ ဆင်းဖူးတဲ့အတွက် ဂြိုလ်သားများ အတွက် အသစ်အဆန်းဖြစ်နေသလို။ အရမ်းလည်းခေတ်စားနေပါသတဲ့ နယ်မြေအသစ်ဆိုပြီး ပေါ့။ ဂြိုလ်သားများ ကမ္ဘာမှာတော့ ဒီသတင်းက ထိပ်တန်းသတင်းအဖြစ် ရပ်တည်နေတယ်လို့ UFO Time သတင်းစာ ရေးသားသွားပါတယ်။

  • Gipsy

    January 6, 2011 at 6:44 am

    …..ထူးဆန်းပါပေ့….ဆရာတို့ရယ်…….

  • phantom

    January 7, 2011 at 6:36 am

    ၂၀၁၂ မှာ ချုပ်ချုပ်ကြီးနဲ့ မိသားစု ပြေးဖို့ မီးပုံးပျံကြီး ဖြစ်မှာပါ

  • kai

    January 7, 2011 at 9:44 am

    http://www.examiner.com/ufo-in-national/national-ufo-alert-rating-california-florida-texas-retain-alert-3-status
    အခုတင် … တီဗီမှာ ယူအက်အို တစင်းတွေ့နေတယ် ပြနေပြန်ပြီ…။
    တယောက်ယောက်က ဓါတ်ပုံရိုက်နိုင်ထားသမို ့… မီးတန်းမြင်နေရတယ်ဗျ..။
    အပေါ်ကသတင်းအရလည်း … ပြီးခဲ့တဲ့ဒီဇင်ဘာလက … ယူအက်စ်မှာတော့ရီပို ့အများဆုံးလလို့ဆိုတယ်..။

    ကြည့်ရတာ ..တကယ် ..အေလီယန်ကောင်တွေ ကမ္ဘာကိုလာနေကြသလားမသိဘူး..။

  • MaMa

    January 7, 2011 at 11:54 pm

    ဟာ……. ဒါဆိုရင်အတော်ဘဲ။ အေလီယန် တွေကို tour guide လုပ်ဖို့ company ဖွင့်အုံးမှဘဲ။ အလုပ်ခေါ်ကြော်ငြာထည့်ပြီး လျှောက်လွှာရောင်းစားလို့လည်းရတယ်။ ဘာဈေးကွက်တွေများရှိသေးလည်း စဉ်းစားအုံးမှ။ သူများတွေမလုပ်ခင် ဦးအောင်လုပ်ရမယ်။

  • osprey

    January 8, 2011 at 2:21 pm

    ကျန်တော်လည်းတွေ့လိုက်တယ်။

  • ဆူး

    January 8, 2011 at 3:17 pm

    ထူးတော့ ထူးဆန်းသား.. အေလီယန်တွေ လာတယ် ဆို ဘာဖြစ်နိုင်မလဲ စိတ်ကူးယဉ်ပြီး ရုပ်ရှင် ရိုက်ထားတာတွေတော့ အားကြီးဘဲ။

  • Student

    January 12, 2011 at 1:53 pm

    အဲ့သာ သားသားလွတ်လို်က်တဲ့ ဟာကြီးထင်တယ်…….

  • shan

    April 4, 2011 at 1:44 pm

    ပုဂံပြားပျံဆိုတာ ကျွန်တော် အိမ်ဘေးက ဦးလေးတွေလင်မယားရန်ဖြစ်ရင် တကယ်တွေ့ရတယ် နာဆာနဲ့ နိုင်ငံခြားသားတွေကို သတင်းပေးပေးပါနော်…

Leave a Reply