မြောက်ဒဂုံတွင် ပန်းကန်ပြားပျံတွေ့ရှိ

ဘဘJanuary 2, 20111min1236

နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန် ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည်ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။

အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရ သည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများအရ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံ(မြောက်) မီး သတ်စခန်းအပေါ် ပေ ၂ဝဝဝ ခန့် အကွာမှနေ၍ အနောက် တောင် ဘက်မှ အရှေ့မြောက်ဘက်သို့ အချင်း ၈ဝ ပေခန့်ရှိ အမည်မသိ အဝိုင်းပုံစံယာဉ်ပျံတစ်စင်းသည် နီယွန် မီးများ ထိန်လင်းစွာဖြင့် စက္ကန့် ၂ဝ ခန့်အကြာ ဖြတ် သန်းသွားသည်ကို စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၃၅ ဦး၊ မီးသတ်စခန်း အနီး မြင်းစီးအားကစားကွင်းအတွင်း ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှ ပြည်သူ ၂ဝ ဦးခန့်နှင့် လမ်းသွား လမ်းလာပြည်သူ ၂ဝ ဦးခန့် တွေ့မြင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ယာဉ်ပျံကို စတင်တွေ့ ရှိသူမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ ၁ဝ ရပ်ကွက်ရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ သတ္တမ တန်းကျောင်းသားလေးနှစ်ဦး ဖြစ် သည်။၎င်းတို့ စတင်မြင်တွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ”အဲဒီအချိန်က မိုးရွာ ပြီး စဆိုတော့ ကောင်းကင်ကြီးက နီရဲနေတယ်။ အဲဒီအချိန်မှာ ကောင်း ကင်ထဲကနေ အဝိုင်းကြီးတစ်ခု တဖြည်းဖြည်းထွက်လာတာကို မြင်ရတော့ သားရဲ့သူ ငယ ်ချင်း ကို ဟိုမှာ ဘာကြီးလဲမသိဘူး၊ ထွက် လာတယ်လို့ လှမ်းပြောလိုက်တယ်။ သားတို့ကြည့်နေရင်းနဲ့ အဲဒီဟာကြီး က တဖြည်းဖြည်း ကြီးလာပြီး ပန်းကန်ပြားပုံစံ အဝိုင်း ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာလည်း မီးရောင်တွေ အများကြီးထွက်နေတယ်။ သားတို့ ကြည့်နေတဲ့နေရာနဲ့ နီးနီးလေး ပျံသွားတာ။ အဲဒီအချိန် သား တို့က လူကြီးတွေကိုခေါ်ပြီး ဟိုမှာ ပန်း ကန်ပြားပျံကြီးလာနေပြီလို့ သွား ပြောတော့ လူကြီးတွေလည်း လာ ကြည့်ကြတယ်။ သူ့ဆီကထွက်တဲ့ မီးရောင်တွေက အောက ်မှာ ဖြာနေ တယ်။ သားတို့မြင်လိုက်ရတာက တော့ ၁၅ မိနစ်လောက် မြင်လိုက် ရတယ်။ ဒီလိုပုံစံမျိုးကို ရုပ်ရှင်ထဲမှာ ပဲ မြင်ဖူးတာပါ။ အရင်က တစ်ခါမှ မတွေ့ ဖူးဘူး” ဟု ဆိုသည်။

မြောက်ဒဂုံမီးသတ်စခန်းမှ အဆိုပါ ပန်းကန်ပြားပျံဖြတ်သန်းမှု အား တွေ့ရှိခဲ့သူ မီးသတ်အရာရှိ တစ်ဦးက ”အဲဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ် လောက်မှာ ကျွန်တော်က အိမ်ထဲမှာ ထမင်းစားဖို့ ပြင်နေတုန်း ကလေးတွေက ဘဘရေ ဒီမှာ ဘာကြီးလဲမသိဘူး၊ ကျလာနေပြီလို့ အော်ပြီးပြောတယ်။ ကလေးတွေ အော်တော့ စခန်းမှာ တာဝန်ကျတဲ့ ဒုတပ်ကြပ်တစ်ယောက်က သွား ကြည့်ပြီး ကျွန်တော့်ကို ဆရာ ဘာယာဉ်ကြီးလဲ မသိဘူး၊ ပျံနေ တယ်လို့ လာပြောတဲ့အတွက် ကျွန် တော်က လေယာဉ်ပျံ ထင်ပြီး ဘာယာဉ်ပဲ ဖြစ်ဖြစ်ပေါ့ကွာလို့ ပြန် ပြောတဲ့အခါ သူက လေယာဉ်ပျံ မဟုတ်ဘူးဆရာ။ အောက်မှာလည်း မီးတွေ တအားလင်းနေတယ်လို့ ပြောလို့ ထွက်ကြည့်တော့ အမြင့်ပေ ၁၈ဝဝ လောက်မှာ စက်ဝိုင်းပုံစံ ယာဉ်တစ်စင်း ပျံနေတာကိုတွေ့ ရတယ်။ စက်သံကိုတော့ မကြား ရဘူး။

ကျွန်တော်လည်း အိမ်ထဲက ကင်မရာကိုယူပြီး ဓာတ်ပုံရိုက်တဲ့ အခါကျတော့ ကင်မရာထဲမှာ မပေါ် ဘူး။ ကျွန်တော် အောက်က မြင် ရတာတော့ အချင်းပေ ၈ဝ လောက်ရှိပြီး ယာဉ်ရဲ့ဝမ်းဗိုက်နဲ့ အပေါ်အဆင့်မှာ ထွန်းထားတဲ့ မီးရောင်တွေကို မြင်လိုက်ရတယ်။ ကျွန်တော်မြင်ရတာတော့ စက္ကန့် ၂ဝ လောက်ပဲ မြင်ရပြီး အပေါ်ကို ပျံတက်သွားတယ်။ ဒါကြီးက ပန်းကန်ပြားပျံ ဟုတ်၊ မဟုတ်တော့ တစ်ခါမှ မမြင်ဖူးဘူး။ ဒါမျိုးဆိုတာ လည်း တစ်သက်နဲ့ တစ်ကိုယ် မြင်ရဖို့ လွယ်တာမဟုတ်ဘူးလေ။ အခုမြင်ရတဲ့ဟာကြီးကတော့ ရုပ်ရှင် ထဲက ပန်းကန်ပြားပျံပုံစံပဲ။ ဒီနား ပတ်ဝန်းကျင်မှာနေတဲ့ လူတွေ အ ကုန်လုံးလည်း မြင်လိုက် ရတယ်” ဟု ပြောသည်။ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၁ဝ ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် နေထိုင်သူတစ်ဦးက အဆိုပါ ယာဉ် ပျံသည် တဖြည်းဖြည်းလည်ပြီးလာ သည်ကို တွေ့ရကြောင်း၊ မီးရောင် ကဲ့သို့ အလင်းရောင်ဖြာထွက်နေပြီး ယာဉ်ပုံစံမှာ နှစ်ဆင့်ဟုထင်ကြောင်း၊ နှစ်ဆင့်စလုံး မီးလင်းနေကြောင်း၊ ယင်းယာဉ်ပျံကိုတွေ့ပြီးပြီးချင်း အိမ် ထဲဝင်၍ ကင်မရာယူကာ ရိုက်သော် လည်း အနည်း ငယ်လှမ်းသွားပြီ ဖြစ်၍ ပုံမပေါ်တော့ကြောင်း၊ အဆိုပါ ယာဉ်ပျံ၏ အရွယ်အစားနှင့် ပုံစံကိုမူ မမှန်းတတ်ကြောင်း၊ ၎င်းယာဉ် သည် လက်ယာရစ် ဖြည်းဖြည်းချင်းလည် လာပြီးနောက် ပျံတက်သွားကြောင်း ပြောသည်။မြင်းစီး အားကစားကွင်း အတွင်းနေထိုင်သူတစ်ဦးက ”ကျွန် တော်က အိမ်ထဲမှာရှိနေတုန်း အသက် ရ နှစ်အရွယ် ကျွန်တော့် သားလေးက ဖေဖေ ဒီမှာ ပန်းကန် ပြားပျံကြီးလာနေပြီ၊ လာကြည့်လို့ ပြောပြီး လက်ကို အတင်းဆွဲခေါ် တယ်။ အဲဒီအချိန် ဘေးပတ်ဝန်း ကျင်မှာလည်း ပန်းကန်ပြားပျံကြီးလို့ အော်နေကြတော့ နောက်နေကြ တယ်လို့ပဲ ထင်နေတာ။ သွားကြည့် တော့မှပဲ တကယ်ဖြစ်နေတယ်။ သူက ပန်းကန်ပြား ၂ ချပ်အုပ်ထား တဲ့ စက်ဝိုင်းပုံစံပဲ။ ယာဉ်ရဲ့အမြင့်က ၈ ပေ၊ ၉ ပေလောက်ရှိပြီး သူ့ရဲ့ အချင်းက လယ်ကွက်တစ်ခုစာ လောက်ရှိတယ်။ ဘေးမှာလည်း မီးတွေ ထိန်လင်းနေတယ်။ သူ စလာတော့ စောင်းလည်ပြီး နိမ့်နိမ့် လေးပျံလာရာကနေ အပေါ် ပေ ၁၅ဝဝ လောက်ရောက်တဲ့အခါကျ တော့ ပြန်တည့်သွားတယ်။ ယာဉ်ရဲ့အထဲကိုလည်း မီးတွေထွန်း ထားတဲ့အတွက် တစ်မိနစ်အကျော် ကျော်လောက်မြင်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လျှပ်စစ်မီးတွေ ပြတ်တာမျိုးတော့ မဖြစ်ဘူး”ဟု ဆိုသည်။

မြန်မာက ပန်း ကန်ပြားပျံဟု ခေါ်ပြီး သိပ္ပံလောကတွင် အမျိုး အမည်မသိ ပျံသန်းနေသောယာဉ်   UFO (Undefined Flying Object) ကို သိပ္ပံပညာရှင်များက အမှန်တကယ ်ရှိ သည်ဟု လက်ခံ ထားသော်လည်း အဆိုပါယာဉ်ပျံကို အလုံးအထည်အလိုက် ဖမ်းဆီးရမိ ခြင်း မရှိသေးချေ။ UFO ကို ကမ္ဘာ အနှံ့အပြား၌ တွေ့ရှိခဲ့ဖူးသည့် အထောက်အထားများရှိသည်ဟု အင်တာနက်သတင်းများအရ သိရ သည်။

မူရင်း ရေးသားသူမည်သူ ဟုသေချာမသိပါ။ Fwd mail ရရှိသည် ကိုတဆင့်ဖော်ပြခြင်းပါ။

6 comments

  • unclegyi1974

    January 3, 2011 at 3:42 pm

    ဟင်းဟင်းဟင်း….
    ဥမင်တူးတာဘာလေးညာလေးနဲ့
    အဲဒီကိစ္စနဲ့များဒီလောက်အကုန်ခံပါ့မလား
    အခုတွေ့ြ့ပီမဟုတ်လား အဲဒါမြန်မာကွ

  • koyinmaung

    January 4, 2011 at 3:39 am

    တို့မြန်မာတွေဘယ်လေါက်တော်လဲ တွေ့လါး နို့ဆီခွက်နဲ့လုပ်ထားတာ……. ဟင်းဟင်း

  • naywoonni

    January 4, 2011 at 6:01 am

    အချိုရည် ဘူးခွံနဲ့လုပ်ထားတာပါ

  • Yin Nyine Nway

    January 4, 2011 at 8:09 am

    ဟားဟား… ဟုတ်ရောဟုတ်လားဟင်…;)

  • darkoosky

    January 13, 2011 at 7:24 am

    ဟုတ်ပါတယ်ဗျာ..ဦးသန်းရွေနဲ့မိသားစုစီးတဲယဉ်
    မြောက်ဒဂုံအခြေအနေကို လာကြည်တာ..မိုက်တယ်နော်

  • လင်းဝေကျော်

    January 13, 2011 at 8:19 am

    မီးပုံပျံဖြစ်နေပါဦးမယ်။ စိန်နားပန် မီးပုံပျံလေ

Leave a Reply