တရုတ် အကောင်နှစ်များ Chinese Horoscope

weiweiJanuary 2, 20111min32524

တရုတ်နှစ် ၁၂ နှစ်ကို အစဉ်အတိုင်း စီလိုက်ရင် Rat, Ox, Tiger, Rabbit, Dragon, Snake, Horse, Sheep, Monkey, Rooster, Dog, Pig

2011 မှာ ကျရောက်မဲ့ ယုန်နှစ်က သတ္ထုယုန်နှစ်ဖြစ်ပါတယ်။ အကောင်တစ်မျိုးကို (၅) မျိုး ပြန်ခွဲတယ်။ ယုန်မှာလဲ … သတ္ထုယုန်၊ ရေယုန်၊ သစ်သားယုန်၊ မီးယုန်နဲ့ မြေယုန်ဆိုပြီးရှိသေးတယ်။ ယုန်တစ်မျိုးက နှစ်ပေါင်း (၆၀) မှာမှ တစ်ကြိမ်သာကျရောက်မှာဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဂေါဂယ်ထဲမှာ ရှာဖတ်လို့ရပါတယ်။ ယုန်ဆိုတာက ပညာရှိမို့လို့ ယုန်နှစ်မွေးတဲ့သူတွေက ပညာဉာဏ်ကြီးတယ်လို့ အကြမ်းဖျဉ်းပဲ မှတ်ထားသားဖူးပါတယ်။

အကောင် ၁၂ ကောင်နဲ့ ပတ်သက်ပြီး ကြားဖူး သိဖူးတာလေးတွေ ဗဟုသုတရအောင် မှတ်မိသလောက် ပြန်ပြောပြချင်ပါတယ်။ တရုတ်လူမျိုး အထူးသဖြင့် အမျိုးသမီးတွေက အသက်ကိုမေးတာ မကြိုက်ပါဘူး။ သိပ်သိချင်ရင် သွယ်ဝိုက်ပြီး မေးရပါတယ်။ သူတို့ကို ဘာနှစ်မွေးလဲလို့ မေးရင်တော့ ဖြေလေ့ရှိပါတယ်။ အဲဒါကနေ အသက်ကို မှန်းကြည့်လို့ရတာပေါ့။ တရုတ်မလေးတစ်ယောက်က သူက ယုန်နှစ်မွေးတာပါလို့ ပြောလိုက်ရင် သူ့အသက်က ၂၀၁၁ မှာ ၂၄ နှစ် သို့မဟုတ် ၃၆ နှစ် ဖြစ်မှာပေါ့။ ၂၄ လား ၃၆ လား ဆိုတာကတော့ အမြင်နဲ့တင်သိသာလို့ ထပ်မေးစရာမလိုတော့ဘူးလေ။ တခြား အကောင်တွေကိုလဲ အကောင်ဇယားကို အလွတ်မှတ်ထားရင် အသက်ကို အလွယ်တကူသိနိုင်ပါတယ်။

ဗမာတွေကရော ဘာအကောင်တွေနဲ့ ကိုယ်မွေးတဲ့နှစ်ကို သတ်မှတ်သလဲဆိုတဲ့ မေးခွန်း ခဏခဏ အမေးခံရပါတယ်။ ကျွန်မကလဲ ခေသူမဟုတ်၊ သူတို့ နားမလည်အောင်ရှင်းပြတဲ့နေရာမှာ အလွန်တော်လို့ ထပ်မမေးရဲကြတော့ပါဘူး။ စဉ်းစားကြည့်လေ … နေ့ရယ် ဗမာခုနှစ်ရယ်နဲ့ တွက်ယူတဲ့ ဘွားကိုမူတည်ပြီး ကံကြမ္မာကို အကြမ်းမျဉ်းခွဲကြောင်း ရှင်းပြလိုက်တာလေ။ ဗဟုသုတနည်းတဲ့ လူမျိုးခြားတွေ ဘယ်လိုရှင်းပြလို့မှ နားမလည်ကြပါဘူး။ 😛

ထူးခြားတာတစ်ခု သတိထားမိတာကတော့ စူပါမတ်ကတ်တွေမှာ အနီရောင် အတွင်းခံအကျီ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို အများကြီးတွေ့ရပါတယ်။ ဘာကြောင့် အနီရောင်ကို ဒီလောက်ကြိုက်တာလဲလို့ တရုတ်မတစ်ယောက်ကို မေးကြည့်မိတယ်။ သူပြောပြတာက အနီရောင်ကို ကိုယ်မွေးတဲ့နှစ်ကျရောက်ရင် တစ်နှစ်လုံးဝတ်ဆင်တဲ့ ဓလေ့တစ်ခု ရှေးတုန်းကထဲကရှိခဲ့ဖူးတယ်တဲ့။ အသက် ၁၂ ၊ ၂၄၊ ၃၆၊ ၄၈၊ ၆ဝ ရောက်တဲ့အခါ သူတို့ကို မကောင်းတဲ့နတ်တွေက အနှောင့်အယှက်ပေးနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီနတ်တွေက အနီရောင်ကို အရမ်းကြောက်တယ်တဲ့။ အနီရောင်ကို မပြတ်ဝတ်ထားပြီး မကောင်းဆိုးဝါးကို ကာကွယ်တဲ့သဘောပေါ့။ အတွင်းခံအနီဝတ်လိုက်တော့ သူများလဲမမြင်ရ၊ သူလဲ အန္တရယ်ကင်းအောင် ဝယ်ကြ ဝတ်ကြတာလို့ ဗဟုသုတတစ်ခုအနေနဲ့ မှတ်သားခဲ့ရဖူးပါတယ်။

24 comments

  • intro

    January 2, 2011 at 12:12 pm

    မှတ်သားစရာ တရုတ်ရိုးရာ အယူအဆတွေပါပဲ… ဒါထက် မဝေကရော ဘာနှစ်မွေးတာလဲ ဟင်?
    😛

  • kopauk mandalay

    January 2, 2011 at 4:29 pm

    ကိုယ် ကဘာကောင်လဲလို့ သိချင်ရင် တွက်နည်းပြောပြပါမယ်။
    ပထမဆုံး(12)ကောင်ကိုအလွတ်ကျက်ထားရပါမယ်။
    ကြွက်
    ကျား
    နဂါး
    ယုန်
    မြင်း
    ဆိတ်
    မျောက်
    ကြက်
    ခွေး
    ဝက်
    အစဉ်အလို်က်အတိုင်းမှတ်ထားပါ။
    ကို်ယ်မွေးတဲ့ မွေးသက္ကရာဇ်ကိုတည်လိုက်ပါ။
    ဥပမာ
    1959
    အဲဒီထဲကနေ 1888 ကို နုှတ်ပါ။
    1959-1888=71 ရပါတယ်
    အဲဒီ 71ကို 12 နဲ့စားလိုက်ပါ။
    အကြွင်းကိုယူရပါမယ်။
    71-(12×5)=11 ကြွင်းပါမယ်။
    အဲဒီအကြွင်းရလာဒ်ကို 1ပေါင်းလိုက်ပါ။
    12 ရပါမယ်။
    အဲဒီတော့ ထိပ်ဆုံးက နေစပြီးအစဉ်အလိုက်ရေတွက်ရင်
    ဝက် နှစ်ဖြစ်ပါတယ်။
    ကဲစမ်းကြည့်အောင်
    2011-1888=123
    123-(12×10=120)=3+1=4
    ကြွက် နွား ကျား ယုန်
    ဆိုတော့ ဒီနှစ်က ယုန်နှစ်ပါဘဲ။
    မဝေရေဟုတ်လားတော့ မသိဘူး။

    ကိုပေါက်ရဲ့လက်ဆောင် တရုပ်အကောင်တွက်နည်း
    ် ကျတဲ့အကောင်က အဲဒီနှစ်မှာမွေးတဲ့သူရဲ့အကောင်ပါဘဲ။

  • kopauk mandalay

    January 2, 2011 at 4:32 pm

    ကျန်နေခဲ့တယ်
    (1) ကြွက်
    (2) နွား
    (3)ကျား
    (4)ယုန်
    (5)နဂါး
    (6)မြွေ
    (7) မျောက်
    (8) ဆိတ်
    (9) မြင်း
    (10) ကြက်
    (11) ခွေး
    (12) ဝက်

    ဒါမှ 12ကောင်ပြည့်တာပါဗျို့
    စောစောက တစ်ကောင်ကျန်သွားတယ်
    ဆောရီး

    • weiwei

      January 3, 2011 at 10:27 am

      ကိုပေါက်က ဝက်နှစ်မွေးတာမဟုတ်လား?
      တရုတ်အယူအဆထဲမှာတော့ ဝက်နှစ်က အကောင်းဆုံးပဲ … ဝက်နှစ်ကိုစောင့်ပြီး ကလေးမွေးကြတဲ့စုံတွဲတွေများတယ် … ချမ်းသာတဲ့နမိတ် …

  • weiwei

    January 2, 2011 at 4:41 pm

    တွက်နည်းမျှပေးလို့ ကျေးဇူးတင်ပါတယ် …
    ကိုပေါက် တွက်နည်းက မတ်လကနေ ဒီဇင်ဘာအထိတော့ မှန်ပါတယ်။
    ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမွေးသူတွေကတော့ အတိအကျမှန်ဖို့ခက်နေတယ် … တရုတ်ပြက္ခဒိန်က နှစ်သစ်ကူးတဲ့နေ့က အတည်တကျမရှိဘူး … အဲဒီနှစ်ရဲ့ တရုတ်ပြက္ခဒိန်ကိုပြန်ကြည့်မှ သေချာပေါက်ပြောနိုင်မှာ …

    ကျွန်မ မွေးနှစ်ကတော့ အလွန်ချစ်စရာကောင်းတဲ့ အကောင်တစ်ကောင် …. 🙂

    • eros

      January 3, 2011 at 4:45 am

      ဝေမမ ရေ erosမောင်လေး ဘာနှစ်မွေးလည်းတွက်ပေးမှာလား။ ကူညီပါနော်။ DoB ကို private message နဲ့ပို့လိုက်မယ်။

  • bigcat

    January 2, 2011 at 6:12 pm

    အခုနှစ်ယုန်က ဘယ်ယုန်မျိုးထဲမှာပါသလဲ။

  • weiwei

    January 2, 2011 at 6:27 pm

    THE METAL RABBIT 1951 AND 2011

    Metal gives Rabbits a more resilient demeanor than the other more quiet Rabbit. These Rabbits are very ambitious and can be quite crafty in their dealings with others. They throw themselves and their emotions into everything they do, making them intense lovers, but not outwardly affectionate lovers. Their determination can affect their work as well, whether through personal relationships with colleagues or with the work itself, a Rabbit can be known to immerse himself in his projects…business and personal.
    http://www.usbridalguide.com/special/chinesehoroscopes/Rabbit.htm

  • kopauk mandalay

    January 3, 2011 at 2:17 am

    ချစ်စရာကောင်းတဲ့အကောင်ဆိုရင် ကြွက်ဘဲဖြစ်ရမယ်။
    ကျနော်က ကြာသာပတေးသားလေ။

  • koyinmaung

    January 3, 2011 at 4:38 am

    မဝေပြောတာမှန်တယ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမွေးသူတွေကတော့ 1 မပေါင်း မှမှန်မယ်ထင်တယ်..ကျွန်တော်ကဖေဖေါ်ဝါရီလမွေးဆိုတော့1မပေါင်းယင်မှန်ပါတယ်။။

  • Mie_Mie

    January 3, 2011 at 9:16 am

    0 အကြွင်းကတော့ဘယ်လို လုပ်ရမလဲဟင်။
    မီးမီး ကဘာကောင်မှမဟုတ်တော့ဘူးပေါ့လို့။
    ဒါဆိုရင် လူစစ်စစ်ပဲ ဖြစ်ရမယ်။
    ဟီး ဟီး နောက်တာနော် 😛 စိတ်ဆိုးနဲ့
    မီးမီးလဲ ဖေဖော်ဝါရီ မွေးတာပဲ။ ၁ ပေါင်းမှရနေတယ်။
    koyinmaung က ၁ မပေါင်းရင်မှန်တယ်ဆိုတော့ ဘယ်လိုတွက်ရ မလဲသိတော့ဘူး။

    • weiwei

      January 3, 2011 at 10:31 am

      မီးမီးက သုညကြွင်းတယ်ဆိုတော့ ကြွက်နှစ် ..
      အခု အသက် ၂ရ နှစ်ပြည့်တော့မယ် … မှန်လား ????

  • weiwei

    January 3, 2011 at 10:29 am

    ကိုယ်မွေးတဲ့ခုနှစ်ရဲ့ နှစ်ကူးတဲ့နေ့ကို သိမှရမှာ .. မနှစ်ကဆိုရင် ဖေဖော်ဝါရီ ၁၄ က နှစ်ကူးရက် … ဖေဖော်ဝါရီသမားက အတိအကျသိဖို့ တရုတ်ပြက္ခဒိန်ကြည့်မှရမယ် ..

  • kopauk mandalay

    January 3, 2011 at 11:41 am

    ပျော်လိုက်တာ ရွာထဲရှိသမျှလူအကုန်လုံး ငါဘာကောင်လဲ ဆိုတာ တွက်ကုန်ကြပြီ။
    ဒုန် ဒုန့် ဒုန်

  • bigcat

    January 4, 2011 at 1:04 am

    တကဲ့တရုပ်ရှေးဟောင်း အကောင်နှစ်တွေထဲမှာ ကင်းကောင်နဲ့ဂေါ်ဇီလာပါတယ်။ နှစ်တွေကြာလာတော့မှ ပြုတ်သွားတာ။ ဗေဒင်ကျမ်းတွေလိုပေါ့နော်၊ မူလက ဗေဒင်လေးပုံ၊ သိပ်မှန်လွန်းလို့ တပုံကိုဖွက်လိုက်ရတယ်ဆိုတယ်။

  • naywoonni

    January 4, 2011 at 7:20 am

    ရွာထဲ တော့ ဗေဒင် ဆြာတွေရောက်လာပြီဟေ့
    နောဂဒတ်တွေ မရှိတော့လို့နဲ့တူရယ်

  • kai

    January 4, 2011 at 7:52 am

    နိုင်ငံတော်အကြီးအကဲကို … “ခင်ဗျားဘာကောင်လဲ”သွားမေးချင်မိတယ်..။
    အထုခံရမယ်ထင်တယ်..။

    ပြောရရင် ..မြန်မာဗေဒင်လိုက်စားသူတွေ..
    မြန်မာမွေးနေ့အကောင်တွေနဲ့.. တရုပ်အကောင်တွေ .. match လုပ်ပြီး … မြန်မာ့ဗေဒင်ပညာကို အသစ်တွေလုပ်ဖို့ကောင်းတယ်..။
    ဥပမာ.. တနင်္လာ..ကျား ဆို..တရုပ်ကကျားနဲ့ ညှိပြီး .. အသစ်အဓိပ်ပါယ်ဖွင့်တာမျိုးပေါ့..။
    ပိုတတ်နိုင်ရင်တော့ တရုတ် ၁၂ကောင်နဲ့.. မြန်မာ၈ကောင်နဲ့.. ပူးပေါင်းပြီး .. မြန်မာ့ဗေဒင်ကျမ်း နယူးဗားရှင်းလုပ်ချလိုက်ဖို့ကောင်းတယ်..။
    ကြားထဲ.. တားရော့ကဒ်ကလေးပါ … ရောပြလိုက်ပေါ့..။
    အဲဒါသာ ကိုင်ဟောလို့ကတော့ … လာလိုက်မဲ့.. ဗေဒင်မေးမဲ့.. လူတွေ… ။ 🙂

    အခုဟာက..အတွေးအခေါ်တွေ..နှစ်ရာချီ ရပ်နေသလိုပဲ..။
    နိုင်ငံရေးကလည်း..ကိုလိုနီခေတ်နဲ့.. စစ်ပြီးခေတ်ကကို ..မတက်လာတော့ဘူး..။
    ဘာသာရေးကလည်း.. အနော်ရထာ ထွင်လုံးနတ်တွေနဲ့.. နောင်ဂျိန်းလို့ကို မပြီးနိုင်တော့ဘူး..။
    တိုင်းရင်းဆေးပညာကလည်း .. ဘာမီတွန်အမှုန့်ကြိတ်ထည့်တာကကို ..မတိုးလာတော့ဘူး..။
    ဖိုထိုး၊ ဓါတ်ရိုက်၊ ယတြာ.. တက်ကိုမလာဘူး.။
    မြန်မာနက္ခတ်ကလည်း ..တွက်တာချက်တာ .. လွဲသမှ…
    လွတ်လပ်ရေးယူမဲ့အချိန်တောင် ..မှားတွက်မိတယ်… ဆိုပဲ..။

    အံ့ဖွယ်သုတ….။

  • meelay

    January 4, 2011 at 10:05 am

    မီးက ခွေးနှစ်မွေးတာ …. 🙂 ခွေးနှစ်ကို ဘယ်လိုအဓိပ္ပါယ်ကောက်လဲလို့ ပြောပြပေးပါအုံး မဝေ … 🙂

    • bigcat

      January 5, 2011 at 1:48 am

      ဝုတ်ဝုတ်ဝုတ်..

  • weiwei

    January 4, 2011 at 10:10 am

    People born in the Year of the Dog possess the best traits of human nature. They have a deep sense of loyalty, are honest, and inspire other people¡¦s confidence because they know how to keep secrets. But Dog People are somewhat selfish, terribly stubborn, and eccentric. They care little for wealth, yet somehow always seem to have money. They can be cold emotionally and sometimes distant at parties. They can find fault with many things and are noted for their sharp tongues. Dog people make good leaders. They are compatible with those born in the Years of the Horse, Tiger, and Rabbit.

  • ဆူး

    January 8, 2011 at 4:12 pm

    ဆူး ကတော့ ဇိမ်ကျကျ နေရတဲ့ အကောင် နှစ်.. အဟမ်း.. စားမယ် အိပ်မယ်။ အေးဆေးဘဲ။

  • weiwei

    January 8, 2011 at 4:29 pm

    ဇိမ်ကျတယ်ဆိုရင်တော့ ဝက် ပဲ ဖြစ်ရမယ် ..
    တရုတ်အယူမှာတော့ ဝက်နှစ်က အကောင်းဆုံးပဲ …
    ဆူးက ဝက်ကလေးနဲ့တူလား 🙂

Leave a Reply