ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ကာလဖြစ်သည့် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိ ၄ ရက်တာအတွင်း ယာဉ်မတော်တဆမှု ၂၄၇၃ ခု ဖြစ်ပွားခဲ့ပြီး ၂၃၄ ဦး သေဆုံးခဲ့ကာ ၂၆၅၆ ဦး ဒါဏ်ရာအနာတရ ဖြစ်ခဲ့ကြောင်း အစိုးရ၏ Disaster Prevention and Mitigation Department မှ ထုတ်ပြန်ချက်အရ သိရသည်။

ထိုယာဉ်မတော်တဆမှုများ အနက်မှ ၄၀ ရာခိုင်နှုန်းမှာ အရက်သောက်ပြီး မောင်းနှင်မှုကြောင့် ဖြစ်ပြီး၊ ၂၀ ရာခိုင်နှုန်းမှာ အရှိန်လွန် မောင်းနှင်မှုကြောင့် ဖြစ်ရကြောင်း အဆိုပါဌာနမှ ပြောဆိုသည်။

ထိုင်းအစိုးရ အနေဖြင့် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်လေ့ရှိသည့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိ (၇) ရက်တာ ကာလအတွင်း ယာဉ်မတော်တဆမှုများကို လျော့ချနှိုင်ရန် ကြိုးပမ်းခဲ့သည်။

ယမန်နှစ်က ဖြစ်ပွားခဲ့သည့် နှစ်သစ်ကူး ယာဉ်မတော်တဆမှုများကြောင့် ၄၄၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

Ref: IOL News

New Year’s highway carnage kills 234

Road accidents claimed 234 lives in Thailand’s first four days of the seven deadly days of New Year’s driving, officials said Sunday.

Between Wednesday to Saturday some 2,473 road accidents occurred on Thailand’s highways, killing 234 people and injuring 2,656, according to figures released by the government’s Disaster Prevention and Mitigation Department.

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။