X2O ဗုံးကွဲမှု၏နောက်ဆက်တွဲများ…

kaiApril 16, 20105min26116

BombBlast

(ဧပြီ၁၅ )နေ့ညနေ ၃နာရီကရန်ကုန် ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ဗုံးပေါက်ကွဲမှုဖြစ်သည်။ အနည်းဆုံး ၃လုံးပေါက်သည်ဟုပြောကြပြီး တချို ့က ၅လုံးတွင်သုံးလုံးပေါက်သည်ယူဆလေသည်။
လူ ၁ဝယောက်ခန့်သေဆုံးပြီး ၂ရာနီးပါးခန့်ဒဏ်ရာရကြသည်ဟု လက်ရှိသတင်းများက ပြောသည်။ (၁၆ ရက်နေ့မနက် ထုတ်ပြန်ချက်များအရ သေဆုံးသူစုစုပေါင်း ၈ ဦး ၊ ဒဏ်ရာရသူ စုစုပေါင်း ၁၇ဝ ဦးဖြစ်သည်) ဒဏ်ရာရသူများသဖြင့် သင်္ကြန်တွင်း ၌ဆေးရုံကြီးတွင် ဆရာဝန်မလောက်ငှမှု၊ သွေးမလောက်ငှတို့နှင့် လည်းရင်ဆိုင်ရဖွယ်ရှိသည်။

တချို ့ကဗုံးမှာ တောင်းအေ့စ်ကားပေါ်မှ လက်ပစ်ဗုံးနှင့်ပစ်သည်ပြောပြီး တချို ့က မဏ္ဍပ်ရှေ ့အောက်မှတလုံးချင်းအချိန်ခြားပေါက်ကွဲသည်ပြောကြသည်။
အခင်းဖြစ်ပွားရာသို့ လာရောက် ဝိုင်းဝန်း ကြည့်ရှုသူများ၊ ကူညီ ကယ်ဆယ်ရေး လုပ်သူများထဲမှ ကင်မရာများနှင့် လက်ကိုင်ဖုံးများနှင့် မှတ်တမ်းတင်၊ ရိုက်ကူး ပြောဆိုနေသူ လူကြီး လူငယ်အချို့ကို ဖမ်းဆီး ထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တို့က ပြောကြားသည်။

မြန်မာ့ရုပ်မြင်သံကြား၊ MRTV 4 တို့မှ ဗုံးကွဲသည့် သတင်းကိုဖြစ်ပွားသည့် ညနေထုတ်လွှင့်ခဲ့ရာ MRTV 4မှာအင်တာနက်မှလည်း ဗီဒီယိုသတင်းအဖြစ်တင်သည်ကို တွေ့ရသည်။  မနှစ်ကတည်းက သကြီန်တွင် ဗုံးပေါက်မည် သတင်းအကြီးအကျယ်ထွက်ခဲ့သော်လည်း ယခုနှစ်တွင်မှ အမှန်တကယ်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါသည်။

သတင်းဓါတ်ပုံတက်လာရာတွင် ညီလင်းဆက်ဘလော့ဂ်(http://blog.nyilynnseck.com/)မှ အမြန်ဆုံးအများဆုံးဖြစ်ပြီး မြန်မာအတိုက်အခံများသတင်းဖလှယ်ရာအစုအဖွဲ ့ဖြစ်သော (8888peoplepower.yahoogroups.com )တွင်လည်း အလွန်လျှင်မြန်စွာ သတင်းများတက်လာသည်ကိုတွေ့ရသည်။

ထူးခြားသည်မှာ ( Aung Zaw <aungzawaywd@yahoo.com>)အမည်ဖြင့်ဗုံးကွဲပြီး နာရီအနည်ငယ်အတွင်း အောက်ပါအတိုင်း မှတ်ချက်များပို့ခြင်း၊တက်လာခြင်းဖြစ်သည်။
======================================================
ဗုံးဖောက်ခွဲသော အဖွဲ့အစည်းမှာ ပြည်ပ အခြေစိုက် NCUM ( www.ncum.info ) အဖွဲ့ မှ ဖြစ်ကြောင်း သိရသည်။ ဖောက်ခွဲရေး သမား (၅) ဦးအား မဲဆောက်မှ တဆင့် ရန်ကုန်သို့ ၁၃/၄/၂၀၁ဝ နေ့တွင်စေ လွတ်ကြောင်း မဲဆောက် နိုင်ငံရေး အသိုင်း အဝိုင်းမှ ပြောကြား ပါသည်။ NCUM အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြပါ။
======================================================

အိုင်ပီလိပ်စာခြေရာခံချက်အရ ( IP Address Region: Krung Thep IP Address City:   Bangkok)မှဖြစ်နေပြီး အမည်နှင့် အီးမေးလ်လိပ်စာအရ ဧရာဝတီသတင်းဌာန တည်ထောင်သူ အမည်ကို ဆင်တူယိုးမှားပြုလုပ်ထားဟန်ရှိသည်။ဧရာဝတီဝက်ဘ်ဆိုက်မှာ နှစ်ကူးအတာသင်္ကြန်အတွက် ၁၂မှ ၁၆ ရက်အထိပိတ်ထားသဖြင့် မည်သည့်သတင်း၊ဖြေရှင်းချက်မှ တက်သည်မတွေ့ရပေ။

အဆိုပါ မှတ်ချက်မှာ… အစောဆုံးတက်လာသော ညီလင်းဆက် ဘလော့ဂ်၏ မှတ်ချက်များတွင်လည်း မြင်တွေ့ရပေရာ တစုံတဦး သို့ တစုတဖွဲ ့ကရည်ရွယ်ချက်ရှိရှိလိုက်လံပြုလုပ်ကြောင်း ထင်ရှားပါသည်။
ယခုပြုမှုချက်သည် အကြမ်းဖက်မှုဖြစ်သဖြင့် နိုင်ငံတကာဆိုင်ရာ ရဲအဖွဲ ့များ၏ အကူအညီတောင်းခံပါက ရနိုင်မည့်အလားအလာရှိသည်။
အဆိုပါတရားဝင်စာများဖြင့် (အကယ်၍ )ဘန်ကောက်မြို ့အိုင်အက်စ်ပီမှ ဝက်ဘ်မာစတာ၏ LOGဖိုင်ကို တောင်းယူခွင့်ရပါက မည်သူမည်သည့်နေရာမှမည်သည့်ကွန်ပျူတာဖြင့် ပေးပို ့ခဲ့သည်ကို အလွယ်တကူသိနိုင်ပေလိမ့်မည်။ အင်တာနက်ကဖေးမှပို ့ပါကလည်း တပ်ဆင်ထားသော ဗီဒီယို ကင်မရာများတွင် ပေးပို ့သူရုပ်ပုံပေါ်နေနိုင်ပြီး ခြေရာကောက်လွယ်နိုင်ပါသည်။

အဆိုပါ စွပ်စွဲစာတွင် ဖေါ်ပြထားသော( NCUM) မှာ အမည်အားဖြင့် ( NCUB – National Council of the Union of Burma ) နှင့်ဆင်တူနေပြီး တဖွဲ ့တည်းမဟုတ်ပဲ ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းဖြစ်သည် ဆိုပါသည်။ အဆိုပါအဖွဲ ့အစည်းမှ ထုတ်ပြန်စာကို ပထမစွပ်စွဲစာတက်အပြီး ၆နာရီကျော်ကြာတွင် အောက်ပါအတိုင်းစာထုတ်ပြန်ကြားသည်ကိုတွေ့ရသည်။

– ယခု ဖေါ်ပြချက်များမှာ သတင်းအချက်အလက်များများအရ ကောက်ကြောင်းလိုက်ပုံကို သုံးသပ်ပြခြင်းသာဖြစ်ပါကြောင်းနှင့် မသိသေးသူများ သိစေရန်သာ ရည်ရွယ်ပါသည်။
– မြင်သာသော အချက်အလက်တခုကို အရကောက်ပြရုံသာဖြစ်ပြီး မည်သူမည်ဝါဟု စွပ်စွဲရန်ရည်ရွယ်လိုရင်းလည်းမရှိပါ။
– မူရင်းစာမျာကို အပြာရောင်နှင့် ဖေါ်ပြထားပါသည်။
– မည်သူမဆို လွတ်လပ်စွာ မှတ်ချက်များပေး၍ ဝေဖန်ဆွေးနွေးနိုင်ပါသည်။

======================================================

ရက်စွဲ။ ။ ဧပြီလ (၁၅) ရက်၊ ၂၀၁ဝ ခုနှစ်

အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်

() ရန်ကုန်မြို့၊ ကရဝိတ်အနီး ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက်ကွဲပြီး လူအများသေကြေ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ Aung Zaw အမည်ခံသူ မှ <aungzawaywd@yahoo.com> အီးမေးလ်အား အသုံးပြုကာ (ဗုံးဖောက်ခွဲသော အဖွဲ့အစည်းမှာ ပြည်ပ အခြေစိုက် NCUM ( www.ncum.info ) အဖွဲ့ မှ ဖြစ်ကြောင်း သိရသည်။ ဖောက်ခွဲရေး သမား () ဦးအား မဲဆောက်မှ တဆင့် ရန်ကုန်သို့ ၁၃//၂၀၁ဝ နေ့တွင်စေလွှတ်ကြောင်း မဲဆောက် နိုင်ငံရေး အသိုင်း အဝိုင်းမှ ပြောကြား ပါသည်။ NCUM အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြပါ) ဟူသော သတင်းအား 8888peoplepower@yahoogroups.com အပါအဝင် အီးမေးလ်အုပ်စုများသို့ လိုက်လံဖြန့်ဝေလျက် ရှိပါသည်။

() အထက်ပါ သတင်းအချက်အလက်တွင် ပါဝင်သော ပြည်ပ အခြေစိုက် NCUM ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ။ မြန်မာအမည်ဖြင့် ပြည်ထောင်စုအမျိုးသားကောင်စီမြန်မာနိုင်ငံ ဟု အမည်တွင်သော Nation Council of the Union of Myanmar (NCUM) အဖွဲ့အစည်းသည် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ပတွင် အလုပ်မှုဆောင်အဖွဲ့ငယ်သာ ထားရှိသည့် အဖွဲ့ဖြစ်သည်။

() NCUM အဖွဲ့ စတင် ပေါ်ပေါက်လာချိန်မှစတင်၍ အဖွဲ့အစည်း၏ Manifesto ကို ကြေငြာထားခဲ့ရာတွင် ဥယျောဇဉ်၌ မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကိုမဆို ကန့်ကွက်ဆန့်ကျင်သည်” ဟု ပါရှိပြီး ဖြစ်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အဖွဲ့အစည်း၏ ရပ်တည်ချက်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းလျက်ရှိသည်။

() ကိုအောင်ဇော်၏ စွပ်စွဲချက်တွင် ပါဝင်သော အချက်ဖြစ်သည့် ဖောက်ခွဲရေးသမား () ဦးဆိုသည်နှင့် ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတတ်သော ဖောက်ခွဲရေးနှင့် အကြမ်းဖက်ရေးကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သဖြင့် မည်သည့် ဖောက်ခွဲရေးသမားများ ကိုမှ လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပြည်တွင်းသို့ စေလွှတ်ခြင်းများ မရှိကြောင်း အခိုင်အမာ ပြောကြားလိုသည်။

() ထို့အပြင် ကိုအောင်ဇော်၏ စွပ်စွဲချက်အား ကိုးကားထားသော မဲဆောက်နိုင်ငံရေး အသိုင်းအဝိုင်းဆိုသည်မှာ မည်သူမည်ဝါဟု သတင်းအပြည့်အစုံ ဖော်ပြထားခြင်း မရှိသဖြင့် အခြေအမြစ် မရှိသော ကောလဟလ သတင်း တရပ်သာ ဖြစ်သည်။

() သို့ဖြစ်ရာ အခြေအမြစ် မရှိသော ကောလဟလ သတင်းများကို အခြေခံ၍ အွန်လိုင်းပေါ်တွင် သတင်းများဖြန့်ဝေသော ကိုအောင်ဇော် အမည်ခံသူ၏ လုပ်ရပ်သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ်သည်။ အခြေအမြစ်မရှိသော သတင်းများဖြင့် လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ကိုသော်လည်းကောင်း စွပ်စွဲမှုများ ပြုလုပ်ခြင်းသည် ဥပဒေကြောင်းအရ အရေးယူ တရားစွဲဆိုနိုင်သော ပြစ်မှုများ ဖြစ်သဖြင့် ရပ်တန်းက ရပ်ရန်နှင့် မိမိတို့အဖွဲ့အစည်းသည် နိုင်ငံရေးရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလာသည့် မည်သို့သော လုပ်ဆောင်ချက်မျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ရွှေစင်ထွန်း

ပြည်ပတာဝန်ခံကိုယ်စားလှယ်

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

Tel: (+1) 301-523-9292

ခင်မမမျိုး

ညွှန်ကြားရေးမှူး (မဟာဗျူဟာနှင့် မူဝါဒရေးရာဌာန)

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

Tel: (+44) 778-406-3636

www.ncum.info

16 comments

  • susunosuki

    April 16, 2010 at 3:26 pm

    ကျွန်တော်တို့ကတော့ ဘယ်လိုယုံကြည်မှု မျိုးကို လက်ကိုင်ထားထား ဒီလိုအပြစ်မဲ့ ပြည်သူတွေကို
    တိုက်ခိုက်တာကို လုံးဝ လုံးဝ ရှုံချပါတယ်
    အားမပေးပါဘူး

  • Bagyi

    April 16, 2010 at 8:53 pm

    အမေရိကန်တွေကအကြမ်းဖက်ရင်ထောက်ပံ ့ငွေပေးတော့မှာမဟုတ်တော့ ဒီဟာကအမေရိကန်နဲ့မတဲ့တဲ့သူတွေလုပ်တာပဲ။
    တရုပ်မဟုတ်ရင် စစ်အစိုးရပဲ။
    ဒီချုပ်ကတော့ သူ့အလိုလိုပြုတ်တော့မှာမို ့ တရားခံအမည်ခံခိုင်းတော့မယ်မထင်ဘူး။

  • waila

    April 17, 2010 at 4:29 pm

    oout tan sar ta taung sar myo tway ..sout sint ma shi te` alote ko lote tal….

  • nayphonehlan

    April 18, 2010 at 5:14 am

    အခြေအမြစ်မရှိသော ချောက်တွန်းအကြည်ညိုပျက်စေသော
    သတင်း ပုံမှားရိုက် အခြားသော အတိုက်အခံအဖွဲ့များအားထုံးစံအတိုင်းအပုပ်ချ
    ခြင်းတရပ်သာ ဖြစ်သည်ဟုLOGIC အရပြောနှိူင်ပါသည်……။အခြားBlog comment များတွင်လည်း
    ဘာသာခြားနှင့်ကို မိုး သီး တို့အားထင်ယောင်ထင် မှားအပုပ် ချ အယူဝါဒ တွေစတာသာတွေ့ရသည်အတွက်
    Editorရေ မြန်မာတို့အကြောင်းဆောင်း ပါးမှာဘယ် သူကငဖြူဘယ်သူ ကငမဲဆိုတာတော့ရေး သင့်နေပါပြီ…..။

  • Ko Ko Ag

    April 18, 2010 at 7:48 am

    ‘ဆရာ့အမြင်ကတော့ လူမဆန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ပဲ မြင်ပါတယ်။ ဒီအကြမ်းဖက်မှုကို ဘယ်သူတွေကပဲလုပ်လုပ် ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ရှုတ်ချပါတယ်။ စက်ဆုပ်ရွံရှာပါတယ်။ အထူးသဖြင့် အခုလို မြန်မာလူမျိုးတွေရဲ့ ငြိမ်းချမ်းရေးပွဲတော်လို့ တင်စားရမယ့် သင်္ကြန်ပွဲတော်မှာဖြစ်ခဲ့တာဟာ တော်တော်ဆိုးရွားပါတယ်။ အင်မတန်ကိုမှ ယုတ်မာကောက်ကျစ်သူရဲဘောကြောင်တဲ့လုပ်ရပ်ပါပဲ။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူကပဲလုပ်လုပ် အပြင်းအထန် ရှုတ်ချပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေ၊ အရပ်သူအရပ်သားတွေကို ထိခိုက်နစ်နာသေကျေပျက်စီးအောင် လုပ်ဆောင်တာမကောင်းပါဘူး။ အခု ဒီဗုံးဖောက်ခွဲမှု အပါအဝင် ၉/၁၁ နယူးယောက် တိုက်ခိုက်မှုတွေကို ရှုတ်ချသလိုပဲ အာဖဂန်လို အီရတ်လို နေရာမျိုးတွေမှာ အရပ်သူအရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက် ဗုံးကြဲတိုက်ခိုက်တာတွေမျိုး နိုင်ငံတော်အကြမ်းဖက်မှုတွေအားလုံးကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်’ – လူထုစိန်ဝင်း

  • nyein chan ko ko

    April 18, 2010 at 12:28 pm

    ဘယ်လိုပဲ အကြမ်းဖက်မှုတွေ လုပ်လုပ်….အဓိက က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတွေ အတွက်သာ သိရှိစေရန် အကြောင်း ရင်းဖြစ်လို့ အပြစ်မဲ့တဲ့ ပြည်သူလုထုကို
    ထိခိုက်တာကတော့ ဝမ်းနည်းစရာ တစ်ရပ် ဖြစ်ပါတယ်… နားမလည် နိုင်တာ တစ်ခုက Target တစ်ခုကို သိရှိဖို့ပဲ….ဘာအတွက် နဲ့လည်း….ဘာအကြောင်းနဲ့လည်း..ဆိုတာကို
    သိဖို့ိလိုု နေတာပါ……. ပြည်ပ အခြေစိုက် NIUM ကို စွတ်စွဲခြင်းကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်နေနိုင်ပါတယ်….ဒါဆိုရင် ဘာကြောင့် မဲဆောက် နိုင်ငံရေးသမားတွေက
    အကြမ်းဖက်သူ (၅) ဦး အား ရန်ကုန်သို ့ စေလွှတ်တယ်လို့ လူတိုင်းပြောနေကြတာ……မခွဲခင် အကွက်ကျကျ စီစဉ်ထားသလို ဖြစ်နေတယ် ဆိုတာတော့ သိရှိနိုင်ပါတယ်…
    သေဆုံးသွားတဲ့ ပြည်သူလူထုနဲ့ ဒဏ်ရာရ ပြည်သူ လူထု အတွက်တော့ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်……….

  • egg

    April 19, 2010 at 4:13 am

    မင်းမေမှတ်လို့ဗုံးဖောက်တာလား။
    ဗုံးဖောက်တဲ့ကောင်နောင်ဘဝကျရင်မိန်းမဘဝသို့ပြောင်းပါစေ။
    ဒါမှလီးကြီးကြီးနဲ့ညားပါစေ။
    ဒါမှမဟုတ်ရင်သူ့အမေစောက်ဖုတ်မှာဗုံးသွားထောင်ပါလား။
    ဗုံးထောင်တဲ့ကောင် ဂူရွှေ့ပါစေ။

  • One of the stars

    April 19, 2010 at 10:07 am

    ဗုံးပေါက်တဲ.သတင်းကိုသိရတာ အရမ်းကိုဝမ်းနည်းမိပါတယ် အားလုံးကိုယ်စားပေါ. အတုံ.အလှည်.ဆိုတာ ရှိပါတယ် ကိုယ်.အလှည်.ကြရင်တွေ.မှာပါ ..ဘုရားပေးတဲ.အပြစ်ကိုခံရပါစေ …
    နေတိုင်း ဘုရားမှာ ကျိမ်စာတိုက်မယ်..စောင့်နေပါ..အပြစ်မဲ.တဲ.ပြည်သူတွေအတွက်..
    ကိုယ်.အလှည်.ကြရင် ဘယ်လိုသေမလဲလို.
    ( ကျေးဇူးပြုပြီး ဘုရားမှာကျိမ်စာတိုက်ကြပါ..တမျိုုးလုံး တဆွေလုံး …..အသေဆိုးနဲ.သေကြပါစေ)

  • thuya

    May 3, 2010 at 6:12 am

    ခွင့်မလွှတ်နိုင်စရာလုပ်ရပ်တခုပဲသေဆုံးသူအသိုင်းအဝိုင်းကကျတဲ့မျက်ရည်ကိုဒင်းတို့သွေးနဲ့ဆေးကြောရပါစေ

  • laypyay

    May 3, 2010 at 2:21 pm

    ကျွဲတွေ တွေ မြူးတော့ မြေစာ ပျက်ဆီးတာပေါ့ ဗျာ .. အလာကားဗိုက် အငှားထိုးခံသူတွေကလဲ ရှိကြသေးတယ်..အံပါရဲ့.. လုပ်ချင်ရာလုပ်ကြာပါစေ ပြည်သူကိုတော့ သနားသင့်ပါတယ်..ဒီလောက်လုပ်နေကြရတာတောင် မဝကြသေးဘူး..။ အပြင်ကလူက အပြင်က လူ အထဲက လူကလည်း အထဲကလူ သူတစ်လူ ငါတစ်မင်းနဲ့ .. ပြည်သူဗိုက်လဲ ကပ် နားထောင်ကြည့်ပါအုံး…။

  • aungmyintsoe

    May 3, 2010 at 4:27 pm

    မလုပ်သင့်တာတော့အမှန်ပေါ့ဗျာ..

  • မောင်ငြိမ်းချမ်း

    May 5, 2010 at 5:46 pm

    ဗုံး ခွဲတဲ့ ကောင်သိစေရန်။မင်းကိုတွေ့တဲ့နေရာမှာ သတ်မယ်..

  • mgmoetian

    May 9, 2010 at 4:18 pm

    ဘာကြောင့်ပဲဖြစ်ဖြစ် ပြည်သူတွေကိုထိက်လန့်အောင် လုပ်တာဟာဘယ်လိုမှမကောင်းပါဘူး သူတို့မကျေနပ်ရင်မကျေနပ်တဲ့သူကိုသွားလုပ်ပေါ့ မြန်မာတို့ရဲ့နှစ်သစ်ကူးပွဲတော်မှာ ဒီလိုမျိုးတွေဖြစ်ကြတာကိုဝမ်းနည်းပါတယ် ဗုံခွဲတဲ့ကောင်တွေကိုသေဒဏ်ပေးသင့်တယ် မပေးခင် အားရပါးရနှိပ်စက်ချင်သေးတယ်
    …………. နောင်ကိုဒီလိုမျိုး ဘယ်တော့မှမဖြစ်ပါစေနဲ့ ….

  • Mg Soe Ko Ko

    May 12, 2010 at 7:10 am

    ပြည်သူအားလုံး သတိရှိရှိနဲ့ ညီညီ ညွတ်ညွတ် တစ်ယောက်လက် ကို တစ်ယောက်တွဲ ထားကြဖို့ လိုပါတယ်။ မည့်သည့်အကြောင်းကြောင့် မဆို ကိုယ်တစ်ယောက်တည်းရဲ့ ရပိုင်ခွင့် အခွင့်အရေး အတွက် ကိုယ့် လက်ထဲ ဝါးရင်းတုတ်ရောက်ရတဲ့ အဖြစ် ကို မရောက်စေ ဖို့ အရေးကြီးပါတယ်။
    စားစရာမရှိလို့ ခိုင်းတိုင်းလုပ်ပြီး လူသတ်ရတဲ့ အလုပ် ဟာ ကိုယ်ကိုတိုင်သွေးညှီ နံတွေ ပြည့်နေတဲ့ လူသားဟင်းကို စားရ သလိုနေမှာ ပါ။ ဒီ လိုပဲ ကိုယ့် ကို
    မှီခိုနေတဲ့ မိသားစုကိုလဲ အဲ့ ဒီ့ အစာတွေ ကျွေးနေရ သလိုဖြစ်နေမှာပါ ။

  • babyshan

    September 11, 2010 at 7:29 am

    ဒီလိုအဖြစ်အပျက်တွေကလုံးဝမဖြစ်သင့်ပါဘူး နောက်နှစ်သင်္ကြန်ကျရင် လဲ ဒီလိုအဖြစ်အပျက်တွေမဖြစ်လာပါစေနဲ ့အများပြည်သူ အေးအေးချမ်းချမ်း ပျော်ရွင်နိုင်ပါစေ။

  • angwei

    September 11, 2010 at 12:17 pm

    အဖြေကအရှင်းကြီးပါ..လုပ်တာ စစ်တပ်ကလုပ်တာပါပဲ..။ လက်ပစ်ဗုံးဒဏ်ထဲမှာ ပါဝင်ခဲ့တဲ့ သူငယ်ချင်းကပြောတာက တော့ မဏ္ဍပ်ပေါ်ကပစ်ချတာပါပဲတဲ့.။ လူတွေမဆီမှာဆိုးလို့တောင်မဏ္ဍပ်က
    ပိုက်ဆံတွေ ဘီယာတွေကြဲခဲ့ပါသေးတယ်.တဲ့။

Leave a Reply