ဖိုးသူတော်-ဦးနုဆုံးမစာ (ဒင်္ဂါးစကားပုံ)

ratJanuary 3, 20111min52

ဒင်္ဂါး ၊ ဒင်္ဂါး ၊ ယင်းစကားမတော့ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး ၊ သူပါရင်အေးတာမို. အနုဆေးလို.လဲခေါ်ကြပါရဲ. ။ မော်ချင်မော် , ကြွားချင်ကြွား , စားချင်တာစား , သောက်ချင် သောက် , စိတ်ရောက်သမျှ ကိုယ်ပါ , လိုရာပြည့်စုံ ၊ လုပုံလဲချော အပြောလည်းကောင်း ၊ အရောင်းလည်းတတ် ၊ အမြတ်လဲပါ ၊ အရာလဲရ ၊ မဒ , လည်းများ ၊ စပါးလဲရှိ ၊ အသိကလည်းလွန်ရိုသေ ၊ မိတ်ဆွေကလဲအလွန်ချစ် ၊ အပြစ်ရှိသမျှ ပျောက်လို.ကွယ် ၊ အမျိုး , အနွယ်တောင်မြင့်မြတ် ၊ အရပ်ရပ် လူ , နတ်လူမော် ၊ လူပေါ် , လူဆင့်၍ ဒင်္ဂါးမြင်ရင်ဖြင့် ကြော်ရော့ ၊ တော်တော်မဟုတ် ၊ ဟိတ်ကိုထုတ်ရမှာဖြင့် တရုတ်သော , ကုလားသော , ဒင်္ဂါးပြရင်ဘာဘူ ၊ နူနူရွဲရွဲ မဲမဲဖြူဖြူ ၊ အဖေလောက်မက ၊ အဖိုးလောက်ပင်ကျသော်လည်း ၊ ဒင်္ဂါးပြရင် ကြည်ဖြူရော့ ၊ ဇ