နတ်ပြည်မှာ နတ်သမီးတွေအလွန်များပြီး နတ်သားအလွန်နဲတယ်တဲ့။ အဲဒါနဲ့ ဒကာတစ်ယောက်က သိချင်လို့ ဆရာတော်ကြီးတစ်ပါးကို သွားလျှောက်မေးတယ်။ အရှင်ဘုရား နတ်ပြည်မှာ နတ်သားနဲပြီး နတ်သမီးတွေများနေတာ ဘာကြောင့်ပါလဲဘုရား တဲ့။ ဆရာတော်က ပြုံးပြီး ပြန်ပြောလိုက်တယ် …

ကဲ .. ဒကာ၊ ဒကာတို့အိမ်မှာ မနက်ပိုင်း ဆွမ်းဝေယျာဝစ္စလုပ်တာ ဒကာလား၊ ဒကာ့မိန်းမလား ?
ဆွမ်းချက်ပြီး ဆွမ်းလောင်းတော့ရော .. ဒကာလား၊ ဒကာ့မိန်းမလား ?
ဘုရားပန်း၊ ဆွမ်း၊ ရေချမ်းကပ်တော့ ဒကာလား၊ ဒကာ့မိန်းမလား ?
ဘုရားရှိခိုး၊ မေတ္တာပို့၊ တရားနာနဲ့ ရိပ်သာဝင်တော့လဲ ဒကာမတွေပဲ ထိပ်ဆုံးက၊ ဒကာတွေက မပါသလောက်ပဲ ? ဘယ်မှာလဲ ဒကာတို့လုပ်တဲ့ ကောင်းမှုကုသိုလ် …
ကဲ .. (၅) ပါးသီလမှာ ကြည့်ကြည့်ရအောင် … (အကုသိုလ်အလုပ်မှာ)
ပါဏာတိပါတာ .. သူ့အသက်သတ်မယ်ဆိုရင် ဒကာလား ဒကာမိန်းမလား ?
အဒိန္နာဒါနာ… သူတစ်ပါးပစည်းခိုးယူမယ်ဆိုရင် ဒကာလား၊ ဒကာ့မိန်းမလား ?
ကာမေသုမိစ္ဆာစာရာ … သူတစ်ပါး သားမယား ပြစ်မှားမယ်ဆိုရင်ရော ဒကာကား၊ ဒကာ့မိန်းမလား ?
မုသာဝါဒါ … လိမ်ညာစကားပြောပြီး စီးပွားရှာကျွေးတာ ဒကာကား၊ ဒကာ့မိန်းမလား ?
သုရာမေရယ… သေရည်သေရက်သောက်ရင်ရော ဒကာလား၊ ဒကာ့မိန်းမလား ?
ဘယ်လိုလုပ်ပြီး ဒကာတို့ နတ်ပြည်ရောက်တော့မလဲ ? အကုသိုလ်ဆို ရှေ့ဆုံးက၊ ကုသိုလ်ဆို နောက်ဆုံးက …

နတ်ပြည်မှာ နတ်သားဘယ်လောက်ရှားသလဲဆိုရင် တချို့ဘုံတွေမှာ နတ်သားတစ်ယောက်မှတောင်မရှိဘူးတဲ့။ နတ်သမီးတွေကစုပြီး သိကြားမင်းကို သွားမေးကြတယ်တဲ့။ သူတို့ဘုံမှာ နတ်သားမရှိတော့ ပျင်းတယ်ပေါ့။ သိကြားမင်းက မပူပါနဲ့၊ နောက် ခုနှစ်ရက်နေရင် နတ်သားရောက်လာလိမ့်မယ်တဲ့။ နတ်သမီးတွေက ဘယ်သူလဲလို့မေးတော့ ဘုန်းကြီးကျောင်းဇရပ်ပေါ်မှာနေတဲ့ လူနူကြီးတဲ့၊ သူက နောက်ခုနှစ်ရက်နေရင်သေမယ်၊ သေခါနီးကျရင် ဇရပ်ပေါ်ကလိမ့်ကျပြီး သံဝေဂရလိမ့်မယ်၊ ငါအခုအချိန်အထိ ကုသိုလ်ကောင်းမှုဘာတစ်ခုမှ မလုပ်ခဲ့ရသေးဘူးဆိုပြီး ကုသိုလ်ယူလိုစိတ်နဲ့ မြက်တွေကို ဆုပ်ကိုင်လိုက်ပြီး ဆွဲနှုတ်လိုက်မယ်။ ပြီးတာနဲ့ သေသွားလိမ့်မယ်။ အဲဒီ မြက်တစ်စုတ်နှုတ်လိုက်တဲ့ ကုသိုလ်ကြောင့် နတ်သမီးတို့ ဘုံဗိမာန်မှာ နတ်သားလာဖြစ်မယ်တဲ့။

နတ်သမီးလည်း ပျော်သွားတာပေါ့။ ညဖက်လဲကျရော ဇရပ်ကိုသွားပြီး လူနူကြီးရှေ့မှာ ကိုယ်ထင်ပြပြီး အကျိုးအကြောင်းသွားပြောသတဲ့။ ပြီးတော့ နတ်ပြည်ပြန်လာပြီး စောင့်နေတာပေါ့။ လူနူကြီးက နတ်သမီးပြောတာလဲကြားရော နောက်တစ်နေ့ကစပြီး ခုနှစ်ရက်တိုင်တိုင် တစ်ကျောင်းလုံးကို သန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူသတဲ့။ ၇ ရက်မြောက်ပြီးတော့ သေသွားသတဲ့။
နတ်သမီးကလဲ စောင့်နေပြီး ၇ ရက်ကျော်တဲ့အထိ နတ်သားရောက်မလာတော့ သိကြားမင်းကို သွားမေးသတဲ့။ သိကြားမင်းက ပြန်ကြည့်လိုက်ပြီး နတ်သမီးကို လူ့ပြည်ဆင်းပြီး သွားပြောတယ်မဟုတ်လားလို့မေးတယ်။ နတ်သမီးကလဲ ဟုတ်ပါတယ်ဆိုတော့ … အေး .. အခု အဲဒီလူက ကုသိုလ်တွေများသွားလို့ အသင်တို့နတ်ဘုံကိုကျော်ပြီး အထက်နတ်ဘုံကိုရောက်သွားပြီတဲ့ …

ကဲ … နတ်သမီးကလတ်တော့ ဘုံပျက်တယ်ဆိုတာ အဲဒါကိုပြောတာ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....