သေမင်းတမန်

Ma MaJanuary 7, 20111min25413

ဓါတ်ပုံတွေကို ဝါသနာပါလို့ ကြိုက်တဲ့ပုံလေးတွေတွေ့ရင် ဒေါင်းလုပ် လုပ်ပြီး ယူထားတတ်ပါတယ်။

(မဝေတင်ထားတဲ့ ပုံတွေတောင် ယူထားသေးတယ်။)

 

အဲဒီထဲကမှ  ဟိုးးးးးးးးအရင်တုန်းက ဒေါင်းလုပ်လုပ်ထားတဲ့ ပုံလေးတစ်ပုံကိုကြည့်ပြီး ခုရက်ပိုင်းမှာ အတွေးတွေ များသွားခဲ့ရတာကို မျှဝေချင်ပါတယ်။
ပုံထဲမှာ စွန်ရဲတစ်ကောင်က (စွန်ရဲလား၊ သိန်းငှက်လားတော့ မသေချာဘူး၊ တော်ကြာအဲဒါကို complaint တက်လာမှာစိုးလို့ ကြိုကာထားတာ။) ငါးတစ်ကောင်ကို သုတ်ချီသွားတဲ့ပုံပါ။

 

ကူးယူတုန်းကတော့ ပုံလေးကအသက်ဝင်လို့၊ ရိုက်ချက်ကို သဘောကျလို့ပေါ့။

Thay Min Ta Man
ဒါပေမယ့် အမြင်တစ်မျိုး ပြောင်းသွားတဲ့အခါကျတော့ ………………

စွန်ရဲအနေနဲ့ ငါ့ဝမ်းပူဆာ မနေသာလို့ စားရတယ်ဆိုပေမယ့်

ယက်ကန်ယက်ကန်နဲ့ စွန်ရဲရဲ့ ခြေထောက်ကြားမှာပါသွားတဲ့ ငါးလေးခမျာမှာတော့ သူသေရတော့မှာပါလားဆိုပြီး အကြောက်ကြီး ကြောက်နေရှာပေလိမ့်မယ်။

 

သူလည်းလေ သက်ရှိသတ္တဝါပေမို့ သူ့အသက်ဇီဝိန်ကို ချစ်မြတ်နိုးရှာပေမှာပေါ့။

ငါးကလေးအတွက်တော့ စွန်ရဲဟာ သေမင်းတမန်ပါပဲ။

အလွန်ကြောက်စရာကောင်းတယ်ပေါ့။

 

ကဲ……… အတွေးလေးကို ချဲ့လိုက်ရအောင်။
ကျမတို့တတွေလည်း ကျမတို့ရဲ့ သေမင်းတမန်ဆိုရင် ကြောက်ကြမှာဘဲလေ။

ဒါပေမယ့်…….. ကိုယ်ကိုယ်တိုင်ကတော့ အခြားသတ္တဝါ တစ်ကောင်ကောင်ရဲ့ သေမင်းတမန်ဖြစ်နေမယ် ဆိုရင်ကော???????????။
ဆိုလိုတာက များသောအားဖြင့် လူတွေဟာ သက်ရှိသတ္တဝါ ကြီးကြီးမားမားတွေကို မသတ်မိပေမဲ့

ခြင်ကလေး၊ ပုရွက်ဆိတ်ကလေးတွေကိုတော့ လွယ်လွယ်နဲ့ပဲ သတ်မိကြပါတယ်။

 

အဲဒီအခါမှာ သတ်တဲ့လူဟာ အဲဒီအကောင်လေးတွေရဲ့ သေမင်းတမန်ဖြစ်သွားတာပေါ့။

 

စွန်ရဲလို ငါ့ဝမ်းပူဆာ မနေသာလို့ မဟုတ်ဘဲ အပျင်းပြေ ငါးမျှားတာတွေဟာလည်း ပါဏာတိပါတာကံ ကို ကျူးလွန်လိုက်တာပါပဲ။

 

ဒါ့ကြောင့်မို့ ဆရာတော်တစ်ပါး ဟောထားတဲ့ တရားတပုဒ်ထဲကလို ကိုယ့်လက်ကလေးနဲ့ ဘယ်သတ္တဝါကိုမှ မသေစေရဘူး ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သေမင်းတမန်အဖြစ်မှ ရုန်းထွက်ကြပါစို့လား။
သေမင်းတမန်

13 comments

  • lilflame

    January 8, 2011 at 4:35 am

    ပုံလည်းမပေါ်တော့ ဘယ်လို သံဝေဂရရမယ်မှန်းကိုမသိဘူး အော်သိပြီ connection လည်းတက်လိုက်ကျလိုက် သံဝေဂ သံဝေဂ

  • MaMa

    January 8, 2011 at 7:23 am

    ကူးတုန်းကတော့ ကူးထားတာဘဲ။ ခုမှ ဆူးတင်ထားတဲ့ပုံမှန်း သိသွားတယ်။ ခိုးစားတာ လူမိသွားတာပေါ့။ ပုံတင်လို့မရတာ အတော်ဘဲ။ ဆူးရဲ့ ပုံကို ထပ်ကူးတင်ကြည့်လိုက်အုံးမယ်။

  • The Reds

    January 8, 2011 at 4:13 pm

    ဟီး ဟီး …. သိပ် မ ခိုး နဲ. တော. အ ဒေါ် ရဲ. … အ ဘွား ဆူး က မ နေ. တ နေ. က မ နတ် ပြည် က ပြန် လာ ပြီး စစ် နေ တယ် နော် ..

  • naywoonni

    January 8, 2011 at 4:34 pm

    ဘာပဲဖြစ်ဖြစ် ဘယ်နေရကပဲယူလာလာ ပုံလေးတစ်ပုံကနေ အတွေးပွားယူနိုင်တာကိုတော့ …………
    ဟုတ်…ကျေးဇူးတင်ပါတယ်။

  • bigcat

    January 9, 2011 at 5:22 am

    အယ်ဒီတာကိုခိုင်အဆိုအရ အဲဒါပံ့သကူသား။ စွန်ရဲကရေထဲမှာခြေဆေးနေတုန်း သူ့ဖာသာသူသေပြီး ရေပေါ်ပေါ်လာတဲ့ငါးတဲ့ ပက်ပင်းတိုးမိသွားတာဖြစ်နိုင်ပါသည်။

  • kai

    January 9, 2011 at 9:15 am

    စွန်က..အကောင်ရှင်မှ မစားရရင်သေမှာမို ့..သူ့အစာသူရှာစားတာပါပဲ..။
    ဒါက ..လောကသစ္စာတရားပဲ..။ အဲဒါကို …လူက ..ဒါကသဘာဝတရားပဲလို့တွေးရမှာပါ..။
    စွန်ကိုယ်ထဲဝင်ပြီးဖြစ်ဖြစ်..ငါးကိုယ်ထဲဝင်ပြီးဖြစ်ဖြစ်..မခံစားကြည့်ရပါဘူး..။

    အဲဒီအတိုင်းပဲ..
    အသက်ရှိတဲ့ ..သတ္တဝါတွေကြောင့် ..လူတွေသေကြပါတယ်..။ လောကမှာလူကို ဒုက္ခပေးတဲ့သတ္တဝါတွေရှိပါတယ်..။ ပိုးမွှားတွေရှိပါတယ်.။ ဗိုင်းရပ်စ်တွေရှိပါတယ်..။
    ကုန်ကုန်ပြောရရင်… (နားနဲ့မနာ ဖဝါးနဲ့နာပါ) ..
    စပန်း(သုတ်ပိုး)တောင် သက်ရှိလို့သဘောထားရနိုင်တာမို ့.. လိင်ဆက်ဆံရင်.. အလဟဿသေဆုံးကုန်တဲ့.. စပန်းတွေအများကြီးလို့.. ယူဆလည်းဖြစ်တာပါပဲ..။

    အတွေးမခေါင်ကြစေလိုပါ..။
    သတ်သင့်သတ်ရမှာပါပဲ..။ ဝမ်းကိုက်ပိုးတွေ.။ ဗက်တီးရီးယားတွေ..။ သန်ကောင်တွေ… သတ်နေကြတာပဲမဟုတ်လား..။

    အရာရာကို .. သူများအသက်မသတ်ဘူးဆိုပြီးနေရင် ..ကိုယ်သေယုံရှိတော့မပေါ့..။
    လောကကြီးထဲနေတာ… အစွန်းရောက်တွေ မတွေးကြ..မကျင့်ကြစေလိုပါဘူး..။
    အလယ်အလတ်ကျင့်ကြပါလို့ပါပဲ..။

    ဒီတော့ ..
    ရာသီဥတု မကောင်းရင်..ခြင်တွေထရင်..ကလေးတွေအသက်ခြွေတဲ့သွေးလွန်တုတ်ကွေးလာမှာမို ့… ခြင်တွေ့ရင်…ချက်ချင်းသတ်ပါ..။ မျိုးမပွားနိုင်အောင်.. လုပ်ပါ..။ ဆေးဖြန်းပါ..။
    ကြွက်တွေဟာ… ပုလိပ်ရောဂါပိုးအပါအဝင်… လူသေစေတာတွေဖြစ်နိုင်တာမို ့.. ကြွက်ဆိုရင်.. မြင်တာနဲ့သတ်ပါ..။ ထောင်ခြောက်နဲ့သတ်ပါ..။ အဆိတ်ခတ်သတ်ပါ..။
    ယင်ဆိုရင်..ဝမ်းရောဂါဖြစ်သေနိုင်တာမို ့… သတ်ပါ…။ မျိုးဖြုတ်ပါ..။
    ဗိုင်းရပ်စ်ကြောင့်… နေမကောင်းဖြစ်ရင်… အင်တိုင်ဗိုင်အိုးတစ်တွေ..စံနစ်တကျသောက်ပြီး..ကိုယ်ထဲက ပိုးမွှားတွေမျိုးဖြုတ်ပစ်ပါ..။
    ထိခို်က်လျှနာရင်… သွေးထွက်ရင်… ပိုးသတ်ဆေးဖြန်းပါ..။ ဗက်တီးရီးယားတွေမဝင်အောင်… အရက်ပျံနဲ့..သတ်ပစ်ပါ..။

    အစွန်းမရောက်ကြစေလိုပါ..။
    လူထက်မြင့်မြတ်တဲ့..ရဟန်းတွေကိုတောင်..ဘုရားရှင်က.. သတ္တဝါအသက်သတ်ရင် ..ပါစိတ်အာပါတ်ပဲသင့်တယ်ပြောထားတာမို ့.. သတ္တဝါအသက်ကို ..လူကသတ်ရင်..ဘာအပြစ်မှမရှိပါ..။
    (ဒါမှမဟုတ်)..အပြစ်မရှိသလောက်ပဲလို့ ..ပြောနိုင်ပါလိမ့်မယ်..။

    ပါဏာတိပါတကံ ..ကို..ဘာသတ္တဝါကိုမှ.. မသတ်ရလို့..အဓိပါယ်ကောက်ယူနေရင်.. မြန်မာတွေမျိုးပြုတ်ရုံသာရှိတော့မပေါ့..။
    ဒီလိုနဲ့.. အိန္ဒိယ..ဗုဒ္ဓဘာသာမူရင်းမြေကနေ.. ထေရဝါဒဗုဒ္ဓဘာသာ..မျိုးပြုတ်ခဲ့တယ်..။
    မတရားတာတွေ့ရင်..မှားယွင်းဖေါက်ပြန်နေတာမြင်ရင်… ဘယ်တော့မှ…သည်းမခံနေသင့်ပါ..။ ခေါင်းမရှောင်သင့်ပါ..။ လက်မရှောင်ရပါ..။ နောင်ဘဝက ကိုယ်ကောင်းအောင် လုပ်မနေသင့်ပါ..။
    ပြန်လည်တုံ ့ပြန်တာမှာ.. အသက်သတ်ဖြတ်ခြင်းအထိကို … ပြင်ဆင်ထားသင့်ပါတယ်..။

    ကဲ..
    ဝိုင်းဆဲကြစေသတည်း..။
    (… မှတ်တမ်းကျန်ရစ်အောင်..ရေးထားလိုက်ပါတယ်..)

  • paukpauk

    January 9, 2011 at 2:20 pm

    kai နဲ့ အတွေးချင်း လက်ခံမြင်ပုံချင်း နီးစပ်တယ်ဗျ။
    ဒါပေမဲ့ ပို့စ်တင်တဲ့သူက အဲဒီလောက်မရည်ရွယ်ပါဘူး ထင်တယ်။
    ကဗျာဆန်ဆန် စိတ်ကူးကလေး တင်ပြရုံ သက်သက် ဖြစ်လောက်ပါတယ်။
    foot chain ဆိုတဲ့ သဘောသဘာဝက ဒါပါပဲ
    ပင်လယ်သတ်တဝါတွေ အကြောင်းလေ့လာ ကြည့်လိုက်ရင် ပိုပြီးရှင်းရှင်းလင်းလင်း မြင်သာပါလိမ့်မယ်။
    OCEAN ဆိုတဲ့ ရုပ်ရှင်ကြည့်ကြည့်ကြပါလား။
    ခုမှ ရုံတင်စထင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 9, 2011 at 2:51 pm

    ဪ…………
    လူတွေ….လူတွေ ( သံဝေဂသံဖြင့် )
    ကိုယ်လိုရာကို စွတ်ပြောနေကြပါလား နော်
    ဘုရား
    ဘုရား;;;;;;;;;;;
    ဘယ်ဘုရားရွှေရှိပါလိမ့် 🙂

    • char too lan

      January 10, 2011 at 11:14 am

      ဏေပီဒေါ် က ရွှေတိဂုံစေတီတော်ကြီးနဲ့ ပုံစံတူတဲ့ဘုရားကြီးမှာ
      ရွှေတွေအားကြီးပဲ တည်တာတောင် နာမည်မှာ“ရွှေ”ပါတဲ့လူဂျီးတည်ထားတာဂျ 🙂

  • naywoonni

    January 9, 2011 at 3:20 pm

    အဲဒိမယ်ဗျို့ ..ပုပု ဘုရားရွှေတွေ ပွတ်မလို့ လိုက်ချောင်နေတယ်

  • zaw min

    January 10, 2011 at 3:04 am

    ပုထုဇဉ် အကန်း၌ သီလဟူ၍ ဘယ်အခါမှ မရှိပါ။
    သတ္တဝါတိုင်းကို မိမိစိတ်၌သေစေလိုသောဆန္ဒ မပါရှိပဲ၊အမူမဲ့ အမှတ်တမဲ့ သတ်မိခြင်း၊ဖျက်ဆီးမိခြင်းတို့မှသာလျှင် ထိုအပြစ်တို့မှ ကင်းလွတ်ပါသည်၊
    သီလကို သိခြင်းသတိနှင့် ရှင်တွဲ၍ စောက်တည်နိုင်မှသာလျှင် ကလျှာဏ ပုထုဇဉ်မည်၏။ အခြေခံထေရဝါဒ ဗုဒ္ဓဘာသာစာပေများ၌ ဖေါ်ပြပေးထားပါသည်။

  • MaMa

    January 10, 2011 at 9:20 am

    စရေးထဲကိုက ကိုယ့်ဖာသာအတွေးများသွားတာလို့ ရေးထားပါတယ်။ ဘာဘဲဖြစ်ဖြစ် ဗုဒ်ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကုသိုလ် အကုသိုလ်ဟာ တူသောအကျိုးပေးတယ် ဆိုတာကိုတော့ လက်ခံနိုင်မယ်ထင်ပါတယ်။ ဒါ့ကြောင့်တတ်နိုင်သလောက်၊ ရှောင်နိုင်သလောက်ရှောင်ရင်လည်း အကျိုးမယုတ်နိုင်ဘူးထင်ပါတယ်။ လူတစ်ကိုယ်အမြင်တစ်မျိုးစီမို့ ကိုယ့်စိတ်နဲ့ကိုက်ညီရင်လည်း လက်ခံလိုက်ရုံဖြစ်သလို၊ မကိုက်ညီရင်လည်း စွန့်ပစ်ဖို့ဘဲပေ့ါ။

Leave a Reply