မောင်ညီမလေးတို့တွေကို ပုံပြင်တွေ မပြောဖြစ်တာတောင်ကြာနေပြီနော် … နှစ်သစ်မှာ ရွာသူရွာသားတွေအားလုံး အေးအေးချမ်းချမ်း ငြိမ်ငြိမ်ဝပ်ဝပ် ပိပိပြားပြားနဲ့ လိမ်မာနေကြတယ်ကွဲ့ … ဒါပေမယ့် ၀ီစကီလိကနေ သဂျီးအကြောင်း သဲလွန်စတစ်ခုရမိလို့ သဂျီးပုံပြင်လေး ပြောပြအုန်းမယ်ကွယ်။

ဒီလိုကွဲ့ … ရတနာပုံနေပြည်တော်က ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲဘွဲ့ယူထားတဲ့ ဦးကိုင်တစ်ယောက် စီးတော်ယာဉ်လဲပျက်ရော ဘုန်းတော်တွေလျောကျလို့ ဆိုက်ကားပြန်စီးပြီး ရွာသဂျီးရာထူးကိုပဲ တိတ်တဆိတ်ပြန်လည်ယူထားတယ်ဆိုပဲ …
အထက်ကို ဆက်သရမယ့်အခွန်တော်တွေကို အပြည့်မပေးပဲ စီးတော်ယာဉ်ပြင်ဆင်ရေးမှာ ထည့်သုံးထားသတဲ့။ ရွာသူရွာသားအခွင့်အရေးဖြစ်တဲ့ ရေးချင်တာရေးပြီး တင်ချင်သလိုတင်နေတဲ့ကိစ္စလဲ အခွန်တော်အပြည့်မဆက်တော့ အကန့်အသတ်နဲ့သာရတော့သတဲ့။ ဒါပေမယ့် သဂျီးက သူလုပ်တာမဟုတ်၊ အထက်က ပညာပြတာလို့ ခပ်တည်တည်ဖြီးထားသတဲ့။ ရွာသားတွေက ဘာမှမတတ်နိုင်ဘူး။ ရသမျှလေးယူရမဲ့ အခြေအနေတွေမဟုတ်လား။ စောဒကတက်မိရင် ရွာသားတွေကိုထောက်ပံ့ထားတဲ့ မဖြစ်စလောက်ပံ့ပိုးငွေလေးတောင် ပြန်ရုတ်သိမ်းသွားနိုင်တယ်မဟုတ်လား။ ရွာသူရွာသားတွေကတော့ အလေ့အကျင့်အခိုင်အမာရပြီးသားပဲလေ … ရရင်ရတယ် …မရရင် မရဘူးလို့ မှတ်တတ်တာ သူတို့အကျင့်ပဲလေ။ သူတို့တွေက မီးပျက်တာ၊ အင်တာနက် ပျက်တာတွေတောင်ခံနိုင်ရည်ရှိနေမှတော့ ဒီလောက်ကတော့ အပျော့တဲ့။
သူဂျီးဦးကိုင်က ဥာဏ်လဲတော်တော်ကောင်းတယ်ကွဲ့။ ရွာကြီးကို ငြိမ်ဝပ်ပိပြားအောင် ဆရာတော်တစ်ပါးကိုပင့်ပြီး တရားဟောပေးပါလို့ လျှောက်ထားလိုက်သတဲ့။ သူကရွာသားတွေအကြောင်းသိပြီးသားလေ။ သူ့ရွာသားတွေက တစ်ယောက်ကဒါဆိုရင် နောက်ကလိုက်ယောင်ကြတာသိနေတယ်လေ … ဆရာတော်က တရားနဲနဲဟောပြလိုက်ရင် တခြားလူတွေက များများလိုက်ဟောတော့မယ်လေ … ရွာထဲမှာ ဘုရား၊ တရား၊ သံဃာသံတွေနဲ့ဆိုတော့ သူဂျီးလဲ စိတ်ချလက်ချ ၀ီစကီသောက်နေလို့ရတာပေါ့။
သူဂျီးက အကြံပေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအရာရှိ ဒေါ်ဝေေ၀ကို ရေးချင်သလောက်ရေးခွင့်ကို လက်သိပ်ထိုးပေးထားလို့ ဒေါ်ဝေေ၀တစ်ယောက်လဲ ကျေနပ်လို့ အသံတောင်မထွက်ဘူး။ စပ်စပ်စုစုဘွားတော်ဆူးကိုလဲ စရိတ်နဲနဲထုတ်ပေးပြီး နတ်ပြည်ကို လေ့လာရေးလွှတ်ထားလိုက်တယ်။ ကိုယ်ရံတောင် ကြောင်ကို တရားရိပ်သာပို့လိုက်ပြီး ကိုယ်ရံတောင်ပုကို အဘိဓမ္မာသင်တန်းတက်ခိုင်းလိုက်တော့ မူးပြီးသောင်းကျန်းတဲ့ဘေးက လွတ်နေတာပေါ့။ ဘိုးတော်ပေါက်ကိုတော့ စာတွေရေးချင်တိုင်းရေးလို့မရအောင် ပါမစ်ပိတ်ပေးထားလို့ သူ့ခဗျာ တစ်သိန်းပြည့်ရေး ဒို့အရေးလို့ မအော်နိုင်ဖြစ်နေရှာတာပေါ့။ သားတော်သမီးတော်တွေကိုလဲ ပညာတော်သင်ဆိုပြီးပို့ပစ်လိုက်တာ တစ်ခါတစ်လေ အရိပ်လောက်မြင်ရပြီး ပျောက်ချက်သားကောင်းနေတော့ သူဂျီးတစ်ယောက် နားအေးပါးအေး ၀ီစကီနဲ့ အသားကင်နဲ့ ငြိမ့်နေသတဲ့။ တခြားရွာသူရွာသားအသစ်တွေကတော့ ဘုမသိ ဘမသိ ဝေလေလေပဲ လုပ်နိုင်တော့တာပေါ့။ အခုသတင်းကတော့ သဂျီးဝီစကီအသောက်လွန်ပြီး လိရာကနေ လျှို့ဝှက်ရထားလို့ မောင်ညီမလေးတို့ကို ပြန်ပြောရတာပါကွယ် …

မောင်ညီမလေးတို့တတွေလဲ သဂျီးလို ဥာဏ်အမျှော်အမြင်နဲ့ ပြည့်စုံကြပါစေကွယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....