ပလက်ဖောင်းပေါ်က Monalisa

weiweiJanuary 7, 20111min1479


လမ်းဘေး ပလက်ဖောင်းပေါ်မှာ မြေဖြူခဲရောင်စုံနဲ့ ပန်းချီဆွဲပြီး ပိုက်ဆံတောင်းတဲ့သူပေါ့ … ခြေထောက်တစ်ဖက်ပြတ်နေပြီး ဂျိုင်းထောက်နဲ့ … လူစည်ကားတဲ့နေရာတွေမှာ သူ့ကို အဲဒီလိုပုံနဲ့ ခဏခဏတွေ့မိပါတယ် … ကင်မရာပါတဲ့တစ်ခေါက်က ရိုက်ထားလိုက်မိတာ .. အခုဓါတ်ပုံက ၆ လလောက်တော့ရှိပြီထင်တယ် … အသိမ်းလွန်နေတာနဲ့ အခုမှတွေ့လို့ ကြည့်ရအောင် တင်ပေးလိုက်တယ် …
တခြား အဆင့်မြင့် ပိုက်ဆံတောင်းနည်းတွေလဲ အများကြီးပဲ .. ဓါတ်ပုံရိုက်ရမှာ အားနာလို့ မပြဖြစ်တာ ..

9 comments

  • etone

    January 8, 2011 at 4:45 am

    သူကမှ တတ်သလောက်လေး လုပ်ပြပြီး ပိုက်ဆံရှာချင်သေးတာ တစ်ချို့တွေဆို စောက်ပျင်းထူပြီး အလကားပဲ လိုချင်နေတာ တစ်ပုံကြီးပဲ ။ အလုပ်ကတော့ လက်ကြောမတင်းဘူး ဒါနဲ့ အချောင်လမ်းကို လိုက်တယ် ။

  • bigcat

    January 8, 2011 at 5:42 am

    မြန်မာပြည်က စည်ပင်ရဲမြင်ရင် အများပြည်သူပိုင်လမ်း ကျူးကျော်မှုနဲ့ ငွေညှစ်မယ်။ စရဖထောက်လှမ်းရေးသိရင် အနောက်နိုင်ငံကြီးတခုက သူလျှိုဆိုပြီးကုပ်မယ်။ ရအဖတွေသိရင် ကြက်ဖွံ့၊ စွမ်းအားရှင်တို့ကိုခေါ်ပြီး လူစုလူဝေးနဲ့ တိုင်းပြည်ဆူပူအောင်လုပ်လို့ဖမ်းမယ်။

  • weiwei

    January 8, 2011 at 5:57 am

    အသက်ငယ်တဲ့ကောင်လေးတွေကတော့ ဂစ်တာတီးသီချင်းဆိုပြီး ပိုက်ဆံတောင်းကြတယ် … ကောင်းကောင်းမွန်မွန်ဝတ်စားပြီး ဆိုတီးကြတာ … အများအားဖြင့် ဂုံးကျော်တံတားပေါ်နဲ့ မြေအောက်လမ်းတွေမှာ ..
    တစ်ခါက ဗမာသူငယ်ချင်းတစ်ယောက်က ဂစ်တာဝယ်ချင်တော့ တရုတ်အသိတစ်ယောက်နဲ့ အတူသွားဝယ်တယ် … ပြီးတော့ အဲဒီတရုတ်က ဗမာသီချင်းနားထောင်ချင်တယ်ဆိုတာနဲ့ တစ်ပုဒ်ဆိုတီးလေးပေါ့ .. အဲဒါသူက ဘာပြောလဲဆိုတော့ ဒီလက်ရာနဲ့ဆို တစ်နေ့ ၂၀ဝ လောက်ရနိုင်တယ်တဲ့ .. Walmart ရှေ့မှာ သွားဆိုပါလားတဲ့ …
    ကျွန်မတို့တွေ ဘာပြောရမှန်းမသိဖြစ်သွားတယ် … သူက အတည်ပြောတာ .. 😛 😛

  • ဆူး

    January 8, 2011 at 6:51 am

    တခုလိုချင်တော့ တခု ပေးရမှာပေါ့.. ပညာရပ်ကိုပြစားတာ ကောင်းပါတယ်။ လက်ဝါးဖြန့်ပြီး ရတိုင်းလိုချင်နေတဲ့ လူတွေ ထက် အများကြိးသာတယ်။
    တနေ့က တရုတ်တန်းဘက်သွားတုန်း မြန်မာ သံစဉ် နားထဲကြားနေကြ သီချင်းတပုတ် ကြားလိုက်တယ် တီးလုံးသံ ဘဲ.. အသံသာလို့ လှည့်ကြည့်လိုက်တော့.. ပလွေလေးနဲ့ အဘိုးကြီး မျက်စိမမြင်ရှာဘူး ဘေးက ဇနီးနဲ့တူတယ် အသက်မတိမ်းမရိမ်း အဘွားကြီး တယောက် လက်တွဲလို့ နှစ်ယောက်သား ယိုင်ထိုးထိုးနဲ့ လျှောက်လာတယ်။ အဘိုးကြီး ပလွေမှုတ်တာ ပါးစပ်နဲ့ မဟုတ်ဘူး နှာခေါင်းနဲ့ မှုတ်တာ.. အံဩသွားတယ်။ သနားတာနဲ့ လက်ထဲ ရှိတဲ့ ၂၀ဝ တန် တရွက် အဘွားကြီး လက်ထဲ ပေးလိုက်တယ်။ အဘိုးကြီးမှုတ်နေတာ သေချာကြည့်တော့ ပလွေက ကျည်းပလွေ အရောင်တော့ လက်နေတာဘဲ။ ပညာရှင်လားတော့ မသိဘူး.. တော်ယုံလူ ဒီလို ပလွေ ဘယ်ဝယ်နိုင်မလဲနော်.. သနားပါတယ်။ မျက်စိတဆုံး သူတို့ နှစ်ယောက် သွားတာ ကြည့်နေမိတယ်။ အလှူခံတော့ တော်တော် ရသား.. လူတိုင်း နီးပါး အဘိုးကြီးကို ပိုက်ဆံ ပေးကြတယ်။

  • cobra

    January 8, 2011 at 7:22 am

    တတ်သိပညာမနေသာဆိုသလိုပေါ့….သူတတ်ထားတဲ့ပညာနဲ့သူရှစားနေတာကောင်းတာပေါ့…..
    ပိုက်ဆံရှိရင်ပညာတတ်တွေကိုခေါ်ခိုင်းလို့ရတယ်ဆိုတဲ့
    သူတွေရဲ့အောက်မှာမနေရတာပိုလို့တောင်ကောင်းသေးတယ်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 8, 2011 at 4:37 pm

    တောင်းစားတာပြောလို ့
    ဘန်ကောက် မှာ လူတစ်ယောက် တောင်းစားတာ တော်တော်နောက်တယ်
    ဟို အခု မီးလောင်သွားပြီပြောတယ်
    ဝေါထရိတ်စင်တယ် နားမှာ
    သူတောင်းပုံက
    ခွက်တစ်လုံးကို ပါးစပ်မှာကိုက်ထားတယ်
    လက်နောက်ပြစ်ပြီး အပေါ်ကနေ အင်္ကျ ီအပွ တစ်ထည် ဝတ်ထားတော့
    အမှတ်တမဲ့ကြည့်လိုက်ရင် လက်မရှိဘူးပေါ့
    နောက်ကျွန်တော်လည်း သေသေချာချာ ရပ်ကြည့်နေလိုက်တယ်
    သူလည်းနပ်တယ် ကျွန်တော်ကြည့်နေတော့ သိပ်မကြည်တာနဲ ့ဒိုးခဲ့ရတယ်
    နောက်ဘော်ဒါတွေပြောတာကတော့ အဲ့သည်ဝန်းကျင်မှာဘဲ
    တစ်ချို ့ကလေးလေးတွေ ( အိန္ဒိယ နွယ်ဖွားတွေလို ့ပြောတယ် )
    လက်အုပ်လေးချီပြီး ပိုက်ဆံတောင်းနေတာပေါ့နော
    အကြွေလေးဘာလေးထည့်ပေးလိုက်ရင် တစ်ခုခုကိုပြောပြီး ကျေးဇူးပါတို ့ဘာတို ့ဖြစ်မှာပေါ့
    ဘာမှမထည့်ရင် ဗမာလိုဆဲသတဲ့ဗျာ တစ်ကယ်တဲ့နော်
    ကျွန်တော့် ဘော်ဘော်ဆို ဘန်ကောက်မှာ
    တောင်းစားတဲ့ သူတောင်းစား ကလေးဘဲပြောရမှာပေါ့နော သူ ့ကို
    မြန်မာလို ့ငါ နဲ ့ကို ဆဲသတဲ့ဗျို ့
    ပိုက်ဆံမထည့်လို ့တဲ့
    ကိုယ့်ကို မြန်မာမှန်းသိလို ့တော့မဟုတ်ပါဘူး ပြောရင်ရှည်သွားဦးမယ် ဇာတ်လမ်း
    ကျွန်တော်တောင် တရားဟောလိုက်သေးတယ် 🙂
    အိုက်တာမင်းလည်း သံသရာလည်တာ နိုင်ငံခြားသားတွေကို သူတို ့နားမလည်အောင်ဆဲလို ့ လို ့

  • naywoonni

    January 8, 2011 at 4:46 pm

    အင်း တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းကြတာပေါ့ လေ

  • ဆူး

    January 8, 2011 at 4:53 pm

    ကမော္ဘဒီးယားနဲ့ ဗီယမ်နာမ်မှာ သတောင်းစားများ ပိုက်ဆံ တောင်းတာ 1dollar please ဆိုပြီး လုပ်နေတယ်။ ဗီယမ်နာမ် ပိုက်ဆံ ဆို ၁ဒေါ်လာ ကို ၂သောင်း လောက် ရှိတာ ဒေါ်လာပဲ လိုချင်နေကြတယ်။

  • ဆူး

    January 8, 2011 at 4:55 pm

    ဥရောပ ဘက်က ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး အကြာကြီး ရပ်ပြီး ဓါတ်ပုံ ရိုက်ခံပြီး တောင်းတဲ့ လူတွေလည်း ရှိသေးတယ်လေ။

Leave a Reply