“မပြောစကောင်း ပြောစကောင်း ဘယ်လိုပြောရင်ကောင်းပါ့မယ်“ (၁)

ကိုမောင်လေးနဲ့လက်ဖက်ရည်ဆို်င်မှာထိုင်ကြတော့ ရောက်တတ်ရာရာပြောရင်းကနေ
စားသောက်ဆိုင်တွေအကြောင်းရောက်သွားပါတယ်။
သူကလဲ သူအတွေ့အကြုံလေးကိုပြောပြပါတယ်။
သူရန်ကုန်မှာရောက်တုန်းကအကြောင်းလေးပေါ့။

သူရန်ကုန်ကိုရောက်တယ်ဆိုတာနဲ့ရသမျှအချိန်လုပြီး လုပ်စရာလေးတွေကို ခပ်သွက်သွက်လေးလုပ်ရပါသတဲ့။
ဒီတော့ လည်း ထမင်းစားတဲ့ကိစ္စကိုသိ်ပ်ရေးကြီးခွင်ကျယ်နဲ့ ဇာချဲ့မနေဘဲ ကြုံသလိုစားလေ့ရှိပါသတဲ့။
ဒါပေမယ့်လည်း ညနေပိုင်းဆိုရင်တော့သူတည်းတဲ့ နေရာနဲ့ နီးတဲ့ အတော်လေး သပ်သပ်ရပ်လည်းရှိတဲ့ထမင်းဆိုင်မှာသာစားလေ့ရှိပါသတဲ့။
နောက် ခဏခဏ လာစားပါများတော့ လဲ အဲဒီဆိုင်နဲ့သူရင်းနှီးလို့သွားပါသတဲ့။
ဒီတော့လဲ တစ်ခါတစ်လေ အချိန်အားရင်ဆိုင်ရှင်ယောက်ျားနဲ့ စီးပွားရေးအကြောင်း ဘောလုံးပွဲအကြောင်းကအစဟိုရောက်ဒီရောက်နဲ့ စကားပြောလေ့လဲရှိပါသတဲ့။
သူတို့ဆိုင်က ဟင်းချက်တာကလဲအကောင်းကြီးမဟုတ်ပေမယ့် စားလို့တော့ အဆင်ပြေပါသတဲ့။
ဖြစ်ချင်တော့ တစ်ရက် သူ့ အလုပ်ကိစ္စကမပြီးပြတ်တော့ အတော်လေးမိုးချုပ်မှတည်းခိုခန်းကိုပြန်ရောက်တဲ့အခါ သူစားနေကျဆိုင်လေးကပိတ်နေပါတယ်။ဒါနဲ့ဘဲရေမိုးချုးိပြီး အဲဒီနားမှာရှိတဲ့လမ်းဘေးမှာဖွင့်တဲ့ထမင်းဆိုင်လေးမှာဘဲ ပြီးလွယ်စီးလွယ်သွားစားလိုက်ပါတယ်။
အဲဒီဆိုင်က ထမင်းဟင်းချက်ပုံကလဲ သူခါတိုင်းစားနေကျဆိုင်အတိုင်းဖြစ်နေတော့သူ့အတွက်စားရတာ အဆင်ပြေသွားပါသတဲ့။
စားသောက်ပြီးလို့ ပိုက်ဆံရှင်းတော့တစ်ထောင်နှစ်ရာဘဲ ပေးရပါသတဲ့။
ခါတိုင်းသူစားနေကျဆိုင်မှာစားတဲ့အတိုင်းဟင်းတွေကိုမှာစားတာပါဘဲ။
ဒါပေမယ့် ခါတိုင်းစားနေကျဆိုင်ထက်အများကြီးသက်သာနေတော့ စိတ်ထဲမှာ နည်းနည်းလေးတော့ တစ်မျိုးဖြစ်သွားပါတယ်။
ခါတို်င်းဆိုသူစားရင် တစ်နပ်ကိုနှစ်ထောင်နီးပါးကုန်ပါတယ်။

အဲဒါနဲ့ဘဲ နောက်နေ့ ညနေစားနေကျဆိုင်မှာထမင်းစားတော့ ဆိုင်ရှင်ယောက်ျားကို မနေ့က သူတို့နဲ့မျက်စောင်းထိုးနဲ့လမ်းဘေးကဆိုင်က ဈေးအရမ်းသက်သာပြီး ဟင်းချက်တာလဲသူတို့ဆိုင်နဲ့လမ်းဘေးကဆိုင်အတူတူဘဲ ဘာလို့ ဈေးကွာနေတာလဲလို့မေးတော့ ယောက်ျားလုပ်သူကရီနေပါတယ်။
အဲဒီအချိန်မှာ အနားရောက်လာတဲ့ဆိုင်ရှင်မိန်းမက ရေနွမ်းကြမ်းအိုးကို အသံထွက်အောင်”ဂွပ်”ကနဲ့ဆောင့်ချတဲ့ပြီးစိတ်ဆိုးတဲ့မျက်နှာပေးနဲ့
“ဈေးပေါပေါ စားချင်ရင်လမ်းဘေးဆိုင်မှာ သွားစားပေါ့ လူလိုသူလို ရောင်းတဲ့ဆိုင်ကတော့ ဈေးကြီးမှာဘဲဆိုင်ခန်းနေရာက အလကားရတာ မဟုတ်ဘူး”လို့လေသံမာမာနဲ့ပြောလိုက်တော့ တော်တော်လေးအံ့ဩသွားပါသတဲ့။
သူက လဲ ဘာရယ်မဟုတ်ဘူး စိတ်ထဲမှာရင်းနှီးပြီးသားမိတ်ဆွေတွေလိုသဘောထားပြီး စကားအဖြစ်အနေနဲ့
ပေါ့ပေါ့ပါးပါးလေး ပြောမိတာကို ဆိုင်ရှင်မိန်းမ ကအခုလို လိုတုန့်ပြန်မယ် မထင်မိလို့လဲ မေးမိတာပါ။
ယောကျာ်းကတော့အတော်လေးအားနာသွားပုံရပါတယ်။
သူက ဘာမှမပြောဘဲပြန်လာခဲ့ပေမယ့်နောက်နေ့ကစပြီးလမ်းဘေးဆိုင်မှာဘဲသွားစားပါတော့သတဲ့
ဈေးသက်သာလို့ မဟုတ်ပါဘူးတဲ့ဆိုင်ရှင်မိန်းမစကားပြောပေါက်ကို မကြိုက်လို့ပါတဲ့။

———————-