အန်ဆယ်လော့တီ (Carlo Ancelotti) နှင့် အီဗရာမိုဗစ်ချ် (Roman Abramovich) တို့၏ တိတ်တခိုး သံယောဇဉ်

ဘဘJanuary 7, 20116min1768

  • ရာသီ အစော ပိုင်းကာလ က ခြေစွမ်း ပြခဲ့ သလောက် ယခု Premier League ရာသီ အလယ် ပိုင်း ပွဲ ကျပ် ကာလ တွင် ပြိုင်ပွဲ အရပ်ရပ် ၌ ဆိုးဝါး စွာ ခြေစွမ်း ကျဆင်း နေသော Chelsea အသင်း ၏ နည်းပြကြီး အန်ဆယ်လော့တီ (Carlo Ancelotti) ကို အသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်(Roman Abramovich) က သူ၏ လုပ်ရိုးလုပ်စဉ် အတိုင်း ရာထူး မှ ထုတ်ပယ် လိုက် မည်ဟု ဘောလုံး ဝါသနာရှင်များ၊ ပုရိတ်သတ်များနှင့်၊ လေ့လာသူများက ထင်ကြေး ပေးခန့်မှန်းခဲ့ သော် လည်း  အန်ဆယ်လော့တီ မှာ ချလ်ဆီး အသင်းကို ရာနှုန်းပြည့် ဆက်လက်ထိမ်းကြောင်း  ခွင့်ရရှိ နေသောကြောင့် အများစု မှာအံ့ဩ လျှက်ရှိသည် ဟုသိရသည်။
  • ၂၀၁၁ ဇန်နဝါရီ ၅ ရက် တွင် ကစား ခဲ့သော ပွဲစဉ် ၂၂ တွင် ဝုဖ် (Wolverhampton Wanderers) အသင်း၏ ကွင်း၌ သွားရောက် ရင်ဆိုင်ခဲ့ ရာ မျော်လင့် မထားသော အရှုံးရလဒ် (၁-၀) ကို ရရှိခဲ့ သည်။ အဆိုပါ ရလဒ် သည် Chelsea အသင်း နောက်ဆုံး ကစား ခဲ့သော Premier League ပွဲစဉ် ၁၁ ပွဲ တွင် ၅ပွဲမြောက် အရှုံး ဖြစ်ပြီး အသင်း၏ ၁၄နှစ် တာကာလ အတွင်း အဆိုးဆုံး ရလဒ်ပင် ဖြစ်သည်။ (A fifth loss in 11 matches is their worst league run in 14 years.)
  • ထိုကဲ့သို့ ရလဒ် များဆိုးရွား နေသော်လည်း Chelsea နည်းပြကြီး မှာသူ အသင်းတွင် ဆက်လက်ရှိ နေရန်အနာဂတ် ကိုလုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။ (On 5 January 2011, Chelsea suffered a shock 1-0 defeat at struggling Wolverhampton Wanderers, leaving them fifth in the Premier League and in real danger of missing out on a Champions League place for the first time since 2002. This result led to Ancelotti ruling out Chelsea’s chances of retaining the title, but he insists that he does not fear that he will be sacked.)
  • အသင်းပိုင်ရှင်ဖြစ် သော  ရုရှား ဘီလျှံနာ သဌေးကြီး အီဗရာမိုဗစ်ချ် (Roman Arkadyevich Abramovich ) သည် ၂၀၀၃ ခုနှစ် ဇွန် လတွင် အသင်းကိုဝယ် ယူခဲ့ပြီး နောက်ပိုင်း အသင်း အတွက် ငွေ အမြောက်အမြား အကုန်အကျ ခံကာ ကစားသမား များဖြည့်တင်း ၍ ဥရောပ ထိပ်တန်း အသင်းကြီး ဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ လမ်းခရီး ၌ အသင်း နည်းပြ များကို မကြာခဏ အလဲအလှယ် လုပ်ခဲ့သည်။
  • အသင်းနည်းပြကြီး ရေရီနာရီ (Ranieri ) ကိုအသင်းအောင် မြင်မှုမရဟူသော အကြောင်း ပြချက်ဖြင့် ပေါ်တူဂီလူမျိုး ထိပ်သီး နည်းပြကြီး မော်ရင်ဟို (José Mourinho) နှင့် အစားထိုးခဲ့သည်။  နည်းပြကြီး မော်ရင်ဟို သည် အသင်းအတွက် ဆုဖလား အများအပြား ယူဆောင်ပေးနိုင် ခဲ့သော် လဲ၂၀၀ရ စက်တင်ဘာလ တွင် အသင်းနည်းပြ နေရာကို အသင်းရှိ လက်ထောက် နည်းပြ ဂရန့်(Avram Grant) နှင့် အစားထိုးခဲ့ပြီး မကြာမှီပင် နည်းပြရာထူးကို ဘရာဇီးနည်းပြ ကြီး စကိုလာရီ(Luiz Felipe Scolari) နှင့် ၂၀၀၈ ဇူလိုင်လ တွင် ထပ်မံ အစားထိုးခဲ့သည်။ ရလ အကြာ တွင် လည်း စကိုလာရီ ၏ နေရာ ကို ရုရှားနည်းပြ ဟစ်ဒင့် (Guus Hiddink) နှင့် ၂၀၀၈-၀၉ ရာသီ ကုန်ထိ ယာယီ အစားထိုးခဲ့သည်။
  • ထို့နောက် တွင်တော့ ယခင် AC Milan နည်းပြကြီး အန်ဆယ်လော့တီ (Carlo Ancelotti) ကို အသင်းနည်းပြ အဖြစ် တာဝန်ပေးခဲ့သည်။ အစောပိုင်း ကာလ တွင် အန်ဆယ်လော့တီ သည် အသင်းအားအောင် မြင်မူတချို့ ရယူပေး ခဲ့သော် လည်း ယခု အခါ ရလဒ် များအလွန် ဆိုးရွား နေသော ကြောင့်  ယခင့်ယခင် ထုံးစံများ အတိုင်း သူ့အား ရာထူး မှဖယ်ရှား ခါ အခြားနည်း ပြတစ်ဦးဦး နှင့် အစားထိုး မည်ဟု ထင်မှတ် နေကြသော်လည်း အန်ဆယ်လော့တီ မှာ ချလ်ဆီး အသင်း တွင်ဆက်လက် ရှိ နေသောကြောင့် အများစု မှာအံ့ဩ လျှက်ရှိသည်။

  • WikiLeaks မှသတင်း ထောက် KLHL ၏ အဆိုအရ အဆိုပါ နည်းပြကြီး မှာ မည်သို့မှ အလုပ်ဖြုတ်ခံ ရမည်မဟုတ်ဟုသိရ သည်။ အကြောင်းမှာ အဆိုပါ Chelsea အသင်းပိုင်ရှငအီဗရာမိုဗစ်ချ် သည် လိင်နှစ်မျိုးချစ်သူတစ်ယောက် (Bisexual) ဖြစ်နေပြီး လက်ရှိနည်းပြ ကြီး အန်ဆယ်လော့တီ ကိုသဘောကျ နှစ်ချိုက်လျှက် ရှိသည်ဟု သိရသည်။ လိင်နှစ်မျိုးချစ်သူ ဆိုသည်မှာ အမျိုးသားရော၊ အမျိုးသမီး ရော လိင်၂မျိုးလုံး ကိုနှစ်ချိုက်ခြင်း ဖြစ်သည်။ (Bisexuality is a sexual behavior or an orientation involving physical and/or romantic attraction to both males and females.)
  • သူ၏ အဆိုပါ အကျင့်ဆိုး ကိုမနှစ်မြို့ သော သူ၏ ပထမ ဇနီး Olga Yurevna Lysova နှင့် ၁၉၈ရ ဒီဇင်ဘာတွင် ကွဲခဲ့ရ ပြီး ဒုတိယ ဇနီး Irina Vyacheslavovna Malandina နှင့် ၁၉၉၁ အောက်တိုဘာ လတွင် လက်ထပ်ခဲ့သည်။ အစပိုင်း တွင် ဇနီးသည် မရိတ်မိအောင် သိုဝက်စွာ နေနိုင်ခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် သူ၏ ဒုတိယဇနီး လဲ ရိတ်စား မိပြီးမကြာခင် မှာပင်ကွဲခဲ့ပြန်သည်။ မကြာမတင် ကာလတွင် ပင် Daria Zhukova နှင့်ထပ်မံ အိမ်ထောင်ပြု ခဲ့ကာ သားသမီး များထွန်းကား လာခဲ့သော်လည်း အီဗရာမိုဗစ်ချ်မှာမူ သူ၏ အကျင့်ဆိုး ကိုပြင်နိုင်ခြင်း မရှိခဲ့ ချေ။
  • သူ၏ထူးခြား ချက်မှာ အသက်အရွယ်အရ ကြီးရင့် ၊ရင့်ကျက်သော အမျိုးသား များကိုသာ ထူးထူးခြားခြား စိတ်ဝင် စားခြင်း ဖြစ်သည်။ ချလ်ဆီး အသင်းကို ဝယ် ယူပြီး နောက် အသင်းရှိ နည်းပြ ၊လက်ထောက် နည်းပြ များနှင့် အရောတဝင် နေထိုင် ရခြင်းကိုနှစ်သက် တတ်သော သူ၏ အကျင့် ဆိုး ကြောင့် နည်းပြများ လည်း ဒုက္ခ များခဲ့ ရသည်။
  • အခြား နည်းပြ များကို ထူးထူးခြားခြား မကြိုက်နှစ်သက်လှ သော်လည်း Special One ဟုဂုဏ်ယူ ပြောဆိုတတ် သော နည်းပြကြီး မော်ရင်ဟို ကို မူ သူအနှစ်သက် ဆုံးသူဟု ဝန်ခံခဲ့သည်။ အသင်း အတွက် ဆုဖလား အမြားအပြား ယူဆောင် ပေးနိုင် ရုံသာ မက မိမိ စိတ်ကြိုက် နည်းပြကြီး မော်ရင်ဟို ို ကို အသင်းတွင် ထာဝရ ထားရှိချင် သော်လည်း ၊ သူ၏ အကျင့်ဆိုး ကို လုံးဝ မနှစ်ချိုက် သော မော်ရင်ဟို က သူ့အကြောင်းများကို Media တွင် ဖွင့်ချ မည်ဟု ချိန်းခြောက် သောကြောင့် ယင်းအား ရာထူးမှ ထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။ (Abramovich: What can I say?… He truly was  a Special One! Special for the team, fans and me).သူသည် မော်ရင်ဟို အသင်းသို့ ပြန်လာရန် လည်း တိတ်တစိတ် မျှော်လင့် နေသည်ဟုဆိုသည်။
  • မော်ရင်ဟို ပြီးနောက် အခြားနည်းပြ များဖြစ်သည့် ဂရန့်၊စကိုလာရီ တို့ကို နှစ်ချိုက်ခြင်း မရှိသောကြောင့် သူသဘောကျ နှစ်သက်သော ရုရှားနည်းပြကြီး ဟစ်ဒင့် ကိုအသင်းသို့ ခေါ်ယူခဲ့ သော်လည်း ဟစ်ဒင့် သည်လည်း သူ၏ဒဏ်ကို မခံ နိုင်သော ကြောင့် မကြာမီ ပင် အသင်းမှ သူ၏ ရုရှား အသင်းသို့ ပြန်သွားခဲ့ သည်။

  • ယခု လက်ရှိ နည်းပြကြီး အန်ဆယ်လော့တီ နှင့် မူ အသင်းသို့ ရောက်ကာစ အစော ပိုင်းတွင်း သူတို့နှစ်ဦးအကြား  ပုဂို္ဂလ်ရေး ဆက်ဆံမူ အဆင်မပြေ လှသော်လည်း၊ Italy ဘောလုံးလောက တွင် နေစဉ်က ဘောလုံးသမား လိင်တူချစ်သူ များ(Gay)နှင့် အလျှင်းသင့် အောင်နေတတ် သော အန်ဆယ်လော့တီ ကြောင့် ယခုအခါ သူတို့နှစ်ဦး၏ ဆက်ဆံရေး မှာ အလွန်အမင်း ရင်းနှီးလှ ပြီး ငယ်ပေါင်းကြီးဖော် များကဲ့သို့ ပင်ဖြစ်နေပြီဟုဆိုသည်။( Ancelotti: Our relationship is …you know…we are just like childhood friends.) အသင်း ၏ရလဒ် များကတော့ ဆန့်ကျင်ဘက် အဖြစ် ဆိုးရွား လာခဲ့ သည်။
  • ယခုအခါ အသင်း၏ရလဒ်များ မှာအလွန်အမင်း ဆိုးရွား နေသောကြောင့် အသင်းပုရိတ်သတ် များက အသင်းနည်းပြရာထူးကို အခြားထိပ်တန်း နည်းပြ တစ်ဦးဦး( အထူးသဖြင့် နည်းပြဟောင်း မော်ရင်ဟို) နှင့် အစားထိုးစေ လိုနေသော်လည်း အသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်က သူ၏ ပုဂို္ဂလ်ရေး ဆက်ဆံမူ  ကိုရှေ့တန်း တင်ခေါင်းမာ လျှက်ရှိသည်။(Abramovich: I won’t replace him nor sack him.)
  • ချယ်လ်ဆီး အသင်း ပိုင်ရှင် အီဗရာမိုဗစ်ချ်က ”မန်နေဂျာ အန်ဆလော့တီ၏ စွမ်းဆောင်ရည် များနှင့် ပတ်သက်၍ ကျေနပ်ခြင်း မရှိသော်လည်း ပေးချေရမည့် လျော်ကြေး ပမာဏ များပြားနေခြင်းကြောင့် အသင်း မန်နေဂျာ အဖြစ် ဆက်ရှိ နေစေခြင်း ဖြစ်သည်” ဟု သာ အကြောင်းပြချက် တစ်ခုရှာ ၍သတင်း ထုတ် ပြန်ခဲ့ သည်။  (Abramovich, however, is determined to give Ancelotti every chance to turn the campaign around, starting with their defence of the FA Cup which begins on Sunday against Ipswich.Almost every decision the Chelsea owner has made in recent months has been driven by costs and he is reluctant to swallow another hefty compensation bill for sacking the Italian manager, especially after working so hard to lure to Stamford Bridge from AC Milan in the first place.Ancelotti has 18 months left on his £6million-a-year contract. Together with his trusted sidekick Bruno Demichelis and fitness coach Giovani Mauri, whose futures are directly linked to the manager, a severance package could cost Abramovich the thick end of £10m.This would have quite an impact on the attempt to balance the books, which Chelsea are hoping to do this time next year.)
  • အန်ဆယ်လော့တီ ကလည်း သူ ရာထူးမှ အဖြုတ်ခံ ရမည်ကို စိုးရိမ်ခြင်း မရှိဟု ဆိုသည်။ သူတို့ နှစ်ဦး ဆက်ဆံရေး မှာလဲ ယခင် အတိုင်း မပြောင်းလဲ ဟုဆိုသည်။(Ancelotti spoke with the Russian owner by telephone on Wednesday night after the 1-0 defeat by Marseille and says that he was reassured by the conversation — claiming he trusts Abramovich and that their relationship remains ‘constant’)
  • သို့သော် အပြောင်းအလဲများသော ဘောလုံးလောက သဘာဝ အတိုင်း မည်သို့မည်ပုံ ဆက်ဖြစ်မည် ဆိုသည် ကိုတော့ဆက်လက် စောင့်ကြည့် ရပေမည်။

ဆက်လက်ရရှိသော သတင်း များကို အချိန် နှင့်တပြေးညီ တင်ဆက် ပါမည်။

8 comments

  • bigcat

    January 8, 2011 at 5:10 am

    အဲဒါအချစ် စမ်းနေကြတာ ခေါ်တယ်။ ကလူ၏သို့မြူ၏သို့ပေါ့။

  • မောင်ခိုင်

    January 8, 2011 at 1:35 pm

    လီဗာပူးလ်နှင့် နှစ်ဦး သဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်သည့် ဟော့ဒ်ဆန် : သူတို့ တော့လမ်းခွဲ သွားကြပြီ။

  • The Reds

    January 8, 2011 at 3:27 pm

    အ သင်း တန်း ဆင်း လည်း …သူ တို. တော. ဆက် ရှိ အုန်း မှာ ပဲ လား ဟင် …

  • phantom

    January 9, 2011 at 9:27 am

    တစ်ညိုးကြီးပဲ ဟုတ်လို့လားဟင်

  • intro

    January 10, 2011 at 9:55 am

    တစ်မျိုးပါလား၊ ကြားလိုက်ရရင် အဆန်းတွေချည်းပဲ၊ ဘယ်ရပ်ကွက်က ကြားလာတာလဲဗျ…

Leave a Reply