ဒီလိုလဲရှိတယ်

ashinindakaJanuary 8, 20111min20920

ဘီစီ ၂၃၅ (၂၃၆) ခန့်မှာ ဘုရားရှင်ဟောကြားခဲ့တဲ့
ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို ကျင်းပရပြန်တယ်။
တတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့
တတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။

အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည်ကို
နာမည်ကြီးရှင်ဘုရင် အသောကမင်းကြီးအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ်။
အသောကမင်းကြီးအကူအညီနဲ့ တတိယသံဂါယနာတင်ပွဲကို ကျင်းပခဲ့ပါတယ်။

တကယ်တော့ အသောကမင်းကြီးအမျိုးအနွယ်တွေက
ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။
အသောကမင်းကြီးလဲ အစောပိုင်းက ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ဘူး။
ဂျိန်းဘာသာဝင်ဖြစ်တယ်။

ဂျိန်းဆိုတာ Jina ဆိုတဲ့ပုဒ်ကလာတာ။
Jina ဆိုတဲ့ ရိုမင်အက္ခရာကို မြန်မာအက္ခရာနဲ့ ဖလှယ်တော့
ဇိန ဖြစ်လာတယ်။ အဓိပ္ပါယ်က အောင်နိုင်သူ တဲ့။

ဂျိန်းဘုရား အခုအချိန်အထိ စုစုပေါင်း ၂၄ ဆူရှိတယ်တဲ့။
နောက်ဆုံးဘုရားရဲ့ နာမည်က မဟာဝီရ (သူရဲကောင်းကြီး) ဖြစ်တယ်။
မဟာဝီရ က ဗုဒ္ဓဘာသာဝင်တွေရဲ့ ဗုဒ္ဓဘုရားရှင်နဲ့ ခေတ်ပြိုင်ဖြစ်တယ်။

ဇီဝခေါ်ဝိညာဏ်တိုင်း ဇိနဘုရားရှင်တို့၏ နည်းအတိုင်း လိုက်နာကျင့်ကြံခြင်းအားဖြင့်
လွတ်မြောက်မှု ရရှိနိုင်ပြီး တန်ခိုးအာဏာများရရှိနိုင်သည်ဟု
ဂျိန်းဘာသာဝင်များက ယုံကြည်ကြတယ်။

ဂျိန်းဘုန်းကြီးတွေက အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံးနေကြတယ်။
အဝတ်ဝတ်နေရင် အဝတ်ကို ကပ်ငြိတွယ်တာတဲ့ တဏှာ လောဘရှိနေသေးတယ်။
အဝတ်ကို ကပ်ငြိတွယ်တာတတ်တဲ့တဏှာလောဘကို သူတို့က ပယ်သတ်ပြီးပြီ။
ဒါ့ကြောင့် သူတို့က အဝတ်ကို မဝတ်တော့ဘူးတဲ့။
အဝတ်ဝတ်စရာ မလိုတော့ဘူးတဲ့။
အဝတ်ဝတ်ချင်တဲ့စိတ်မရှိတော့ဘူးတဲ့။

အဝတ်မဝတ်တဲ့ အဝတ်မပါတဲ့ ကိုယ်တုံးလုံးတီး
ဂျိန်းဘုန်းကြီးတစ်ပါးကို
ဂျိန်းဘာသာဝင်မိသားတစ်စု ဆွမ်းလှူဒါန်းနေတဲ့ ဗီဒီယိုခွေကြည့်ဘူးတယ်။

ဂျိန်းဘုန်းကြီးက ကိုယ်တုံးလုံးကြီးနဲ့ မတ်တပ်ရပ်၊
လက်နှစ်ဖက်နဲ့ ဆွမ်းထမင်းတွေကို အလှူခံ၊
အဲဒီမိသားစုက ဂျိန်းဘုန်းကြီးလက်ထဲကို ဆွမ်းထည့်ပေး၊ စား။
ကုန်သွားတော့ ဆွမ်းဆက်အလှူခံ၊ စား။
လက်ထဲထည့်ပေးရတာဆိုတော့ အောက်ကို ဆွမ်း၊ ဆွမ်းဟင်းတွေ ဖိတ်တာပေါ့။
အောက်မှာ ပေပွလို့။
မတ်တတ်ရပ်စား၊ မတ်တတ်ရပ်လှူ၊

အမျိုးသမီးဒကာမကြီးတွေရှေ့မှာ၊ တန်းလမ်း တန်းလမ်းနဲ့။
သူတို့အစား မျက်နှာတောင် ပူမိတယ်။
သူတို့ကတော့ မျက်နှာမပူကြဘူးဗျာ။ ခပ်တည်တည်ပဲ။
ဒါမျိုး အိန္ဒိယနိုင်ငံမှာ အခုထိရှိနေပါသေးတယ်။

နောက်ပိုင်းမှာတော့ ဂျိန်းဘာသာမှာ
(၁) သေတမ္ဗရဂိုဏ်း (၂) ဒီဃမ္ဗရဂိုဏ်းဆိုပြီး နှစ်ဂိုဏ်းကွဲသွားတယ်။
သေတမ္ဗရဂိုဏ်းက ခေတ်နဲ့အညီ ပြုမူနေထိုင်ကြတယ်။
အဝတ်ဖြူဝတ်တယ်။

ဘုံဘေမှာ နေတုန်းက သေတမ္ဗရဂိုဏ်းဝင် ဂျိန်းဘုန်းကြီးတွေ
မနက်စောစော ဆွမ်းခံထွက်တဲ့သဘောမျိုး
တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်သွားလာနေတာ မကြာမကြာတွေ့ဘူးတယ်။

ဒီဂမ္ဗရဂိုဏ်းဝင်ဘုန်းကြီးတွေကတော့ ဒီနေ့ဒီအချိန်အထိ
အဝတ်မဝတ်ပဲ ကျင့်ကြံနေတုန်းပဲ။
အခုခေတ် လူတွေနေတဲ့မြို့ရွာတွေနဲ့ နည်းနည်းလှမ်းတဲ့
တောင်ကုန်းတွေမှာ နေတယ်လို့ သိရတယ်။

ဗုဒ္ဓဂယာဘုရားဖူးသွားသူများ ဒီဂမ္ဗရဂိုဏ်းဝင်ဘုန်းကြီးတွေကို
တွေ့လိုရင် ရာဇဂြိုဟ်တို့ ဗာရဏသီမြို့တို့ရောက်တဲ့အခါ
စုံစမ်းမေးမြန်းပြီး သွားရောက်ဖူးတွေ့နိုင်ပါတယ်။
အသောကမင်းကြီးမျိုးနွယ်တွေလဲ ဒီဂျိန်းဘာသာဝင်တွေပဲတဲ့။

အသောကမင်းကြီးလဲ ဗုဒ္ဓဘာသာမဖြစ်ခင်
ဒီလိုဂျိန်းဘုန်းကြီးတွေကို နေ့စဉ် နန်းတော်ထဲကို ပင့်ဖိတ်ပြီး
နေ့ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိတယ်တဲ့။
ဂျိန်းဘုန်းကြီးတွေ နန်းတွင်းထဲ အပြည့်ဘဲတဲ့။
အဝတ်မပါတဲ့ ကိုယ်တုံးလုံးတီး ကိုယ်တော်ကြီးတွေ ထောင်နဲ့သောင်းနဲ့ချီပြီး
အသောကမင်းကြီးရဲ့ နန်းတော်ထဲ
နေ့ဆွမ်းစားကြွတဲ့မြင်ကွင်းကို စိတ်ကူးနဲ့ မှန်းကြည့်မိတယ်။
ခုခေတ် အချို့ အချို့ ခပ်ကဲကဲဒကာမတွေလိုဘဲ
‘ဒါတပည့်တော်ချက်ထားတဲ့ ဟင်းလေးပါဘုရာ’ ဆိုပြီး
ကိုယ်တုံးလုံးတီး ဂျိန်းဘုန်းကြီးတွေ လက်ထဲ
ဆွမ်းဟင်းတွေ ကော်ထည့်ပေးနေသေးလားမသိဘူး။

20 comments

  • koyinmaung

    January 8, 2011 at 3:52 am

    အရှင်ဘုရားတင်ထားတဲ့ပုံက ဒီဂမ္ဗရဂိုဏ်းဝင်ဘုန်းကြီးတွေလါးဘုရား.. ဆူးတို့မဝေတို့မီငယ်တို့လှူချင်ယင်ပြောနော် ဆရာပုကိုပင့်ခိုင်းလိုက်မယ်…တန်းလန်းတန်းလန်းနဲ့ဆိုဘဲ ဟေ ဟေ့………

    • ashinindaka

      January 8, 2011 at 4:32 am

      ဟုတ်တယ်။ မြန်မာပြည်မှာလဲ တချို့ဒကာမတွေ နာမည်ကြီးဆရာတော်တွေ ဆွမ်းဝိုင်းတွေနားမှာ သူတို့ချက်ခဲ့တဲ့ဟင်းကို သေသေချာချာ ပြောဆိုပြီးကပ်တာ မြင်ယောင်မိတယ်။ ဒီဂျိန်းဘုန်းကြီးတွေရဲ့ ဗီဒီယိုဖိုင် ကြည့်ဖူးတယ်။ အံ့ဩဖွယ်လည်း ကောင်းတယ်။

  • bigcat

    January 8, 2011 at 5:49 am

    အဲဒီဗီဒီယိုဖိုင်လင့်ခ်လေး သိရင်မျှပါအုံးဘုရား။ ကြည့်ချင်သူများကိုယ်စား တပည့်တော်ကြောင်ကြီးက နာမည်အပျက်ခံ တောင်းရပါသည်ဘုရား။

    • ashinindaka

      January 8, 2011 at 7:34 am

      လင့်မဟုတ်ဘူး။ ဟိုတလောက အိန္ဒိယမှာ စာသင်နေတဲ့မြန်မာဘုန်းကြီးတစ်ပါး ဒီကို အလည်လာလို့ သူ့ဆီကရတာ။ ဒီက ကွန်ပြူတာထဲမှာ။

  • zaw min

    January 8, 2011 at 8:52 am

    အင်း…အရှင်ဘုရားပြောသလိုပါဘဲ…ယနေ့ခေတ် မြန်မာပြည်က အဆိုတော်မလေးတွေများ ဘောလုံးအသင်းအောင်ပွဲခံတာတောင် ရှိသမျှအကုန်ထုတ်ကြွားတော့တာပဲ…မြန်မာပြည်၌ ဂျိမ်းဘုန်းကြီးတွေသာရှိမယ်ဆိုရင်တော့….အင်း….ရင်လေးစရာပါပဲဘုရား….

    • ashinindaka

      January 8, 2011 at 8:56 am

      ဒီကိစ္စအတွက် (အရှင်ဘုရားပြောသလိုပဲ) ဆိုတဲ့ စကားကြီးနိဒါန်းအနေနဲ့ မခံရင် ပိုကောင်းမယ် ထင်ပါတယ် ဒကာဇော်မင်း

  • အာဖျံ ကွီး

    January 8, 2011 at 9:21 am

  • manawphyulay

    January 8, 2011 at 12:41 pm

    အရှင်ဘုရား ကွန်ပျူတာထဲက ကြည့်ချင်တဲ့ bigcat ကို ခေါ်ပြလိုက်ပါဦး ဘုရား။ ကွန်နက်ရှင်က မကောင်းတော့ ဖိုင်တွေက တင်လို့ အဆင်ပြေပါ့မလားဘုရား။ ဆောင်းပါးလေးလည်းဆက်ပါဦးဘုရား။

    • ashinindaka

      January 8, 2011 at 2:22 pm

      ဒကာကြောင်ကြီး။ အဆင်ပြေရင် တင်ပေးမယ်လေ။ ကိုယ်တုံးလုံးဂျိန်းဘုန်းကြီးကို ဒကာ ဒကာမတွေက ဆွမ်းလှူဒါန်းတဲ့ဟာလေးပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 8, 2011 at 1:31 pm

    အရှင်ဘုရား
    ကိုကိုကြောင်ရဲ ့ကြီးမားတဲ့ အနစ်နာခံမှုကို
    ချီးမြှောက်တဲ့အနေနဲ ့
    အရှင်ဘုရားထံမှာရှိတဲ့ ဗီဒီယိုဖိုင်ကို
    mp4 ဖိုင်သေးသေးလေးလုပ်ပြီး တင်ပေးကာ
    ကိုကိုကြောင်ကို အသိအမှတ်ပြုပေးသင့်ပါတယ်လို ့
    တပည့်တော် မိုက်ကယ်ဂျော်နီအောင်ပုမှ ရိုသေစွာ လျှောက်တင်ပါတယ် ဘုရား။
    ကိုကိုကြောင် ကို အရမ်းလေးစားပါတယ် ။

    • ashinindaka

      January 8, 2011 at 2:23 pm

      ဒကာမိုက်၊ ချီးမြှောက်မှာပါ။ ဘာမှ ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူးနော်။ ဆွမ်းလှူဒါန်းနေပုံ။

  • manawphyulay

    January 8, 2011 at 1:46 pm

    ဒီလိုတော့လည်း ဒကာ ဂျော်နီဝေါ့ကား ပြောတာ မှန်ပါတယ်ဘုရား…….. အရှင်ဘုရားဆီက ကိုးနတ်ရှင်တော့ ကောင်းမယ်ဆို တင်ပေးပါဘုရား…..

    • ashinindaka

      January 8, 2011 at 2:24 pm

      ကြိုးစားကြည့်မယ်လေ။ အဆင်ပြေရင် တင်ပေးမယ်

  • The Reds

    January 8, 2011 at 3:20 pm

    ဟီး ဟီး ……. ဆွမ်း လောင်း တဲ. ဒကာ မ တွေ ဘယ် လို နေ လဲ မ သိ ဝူး နော် …..

  • naywoonni

    January 8, 2011 at 3:44 pm

    အသဲယားလိုက်တာနော်

  • zaw min

    January 8, 2011 at 7:18 pm

    တင်ပါ့ဘုရား….အမှားပါရင်ခွင့်လွတ်တော်မူပါဘုရား…
    ကိုကြောင်ကြီးနဲ့ ကိုအောင်ပုတို့က ဘာကြောင့်ဒီလောက်ကြည့်ချင်နေတာလည်းမသိဘူးနော်…ဟိုက ဂျိန်းဘုန်းကြီးတွေလေ….ဂျိန်းမယ်သီလမှမဟုတ်တာ….အင်း…တစ်ခုခုတော့လွဲနေပြီထင်တယ်။

  • လင်းငယ်

    January 8, 2011 at 11:24 pm

    လက်ရှိခေတ်တစ်ခုနဲ့ မတူသလိုပဲ။ အခြေအနေချင်းကများ ကွာခြားနေလို့လား မသိဘူးနော်။ ပြောလို့သာ ပြောရတာ။ အဲဒီထဲ ကိုယ်တို့တွေများ ပါနေသလားလို့။

  • editor

    January 9, 2011 at 12:39 am

    တခြားကိုးကွယ်ရာ ဘာသာတွေကို (မည်သည့်အကြောင်းနှင့်ဖြစ်စေ)မထိခိုက်ရန်သတိထားပေးပါ။ မတိုက်ခိုက်ကြစေလိုပါ။
    သတိထားပေးကြပါခင်ဗျား။

    • ashinindaka

      January 9, 2011 at 1:22 am

      ဟုတ်ပါတယ်။ ဒီအတွက် နောက်ထပ်တစ်ပုဒ်ရေးပေးနေပါတယ်။

  • phantom

    January 9, 2011 at 9:27 am

    သူတို့ဘာသာက မှန်တယ်လို့ယူဆရင်လဲ တကယ်ဆိုရင်တော့ ခေတ်နဲ့အညီတော့ ဖြစ်သင့်တယ် ထင်တယ်နော် ဆိုးပါ့ကွယ်

Leave a Reply