၂၀၁၀-၂၀၁၁ နိုင်ငံခြားသားခရီးသွားများဝင်ရောက်မှုဟာ အတော်လေးများလာတာကို တွေ့မြင်နေရပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ နိုင်ငံခြားသားတွေဝင်ရောက်မှုကြောင့် ပြည်တွင်းကသူတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေ အတော်အသင့်အဆင်ပြေခဲ့တာပေါ့။

မန္တလေးမြို့မှာလည်း နိုင်ငံခြားသားခရီးသွားတွေဝင်ရောက်မှုဟာ များပြားလာခဲ့ပါတယ်။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းက မော်တော်ကားတွေဟာ တစ်လလုံးနီးပါး အလုပ်လုပ်နေရတယ်လို့ဆိုပါတယ်။   ကက/….. အပါအ၀င် အငှားယဉ်များ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ရှိတဲ့ နံပါတ်အပြာကားများ အပြင် လုပ်ငန်းလိုအပ်ချက်အရ နံပါတ်အနက်တွေပါ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှာ အဆင်ပြေနေကြပါတယ်။ ထူးခြားတာကတော့ စက်မှုဇုံထုပ်လို့ နံမည်ခံထားတဲ့ လိုင်စင်မဲ့ကားတွေကို အသွင်ပြောင်းထားတဲ့ကားတွေ တိုးလုပ်ငန်းထဲ အလုံးအရင်းနဲ့ ၀င်ရောက်လာတာပါ။ ကညနမှာ တရားဝင်နံပါတ်ရပြီး ၀င်ရောက်လုပ်ကိုင်နေရင်တော့ မထူးဆန်းဘူးပြောရမှာပေါ့။ အခုတော့ ဘာနံပါတ်မှမကျသေးဘဲ၊ အင်ဂျင်နံပါတ်ထဲရေးထားတဲ့ လိုင်စင်မဲ့ကားတွေ အလုံးအရင်းနဲ့ ၀င်ရောက်ပြေးဆွဲလာနေတာပါ။

ဒီလိုင်စင်မရှိသေးတဲ့ စက်မှုဇုံနံပါတ်တပ်ကားများဟာ မော်ဒယ်မြင့်ကားတွေဖြစ်ပါတယ်။ ဈေးနှုန်းကျတော့ အတော်ချိုပါတယ်။ တရားဝင်ဝယ်ယူထားတဲ့ ကားတွေရဲ့ဈေး တစ်ဝက်ခန့်သာရှိပါတယ်။ ယင်းကားများဝင်ရောက်လာတဲ့အတွက် Tour Company တွေဟာ မော်ဒယ်မြင့်တဲ့ စက်မှုဇုံနံမည်ခံကားတွေကို ပိုသုံးလာကြပါတယ်။ အခွန်အခ တရားဝင်ပေးသွင်းထားတဲ့ မော်ဒယ်နိမ့် ကက/…. အငှားယဉ်တွေကို မရှိသုံး သုံးလာကြတယ်လို့ ဆိုပါတယ်။ ဒီအတွက် ယခင်လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေ စိတ်ညစ်နေကြရပါတယ်။ ဧည့်သည်အ၀င်များတဲ့အချိန်မှာ လုပ်ငန်းမသိသာပေမယ့် ဧည့်သည်ပါးသွားတဲ့အချိန်မှာ အလုပ်မရှိတော့မှာ တွေးပူနေကြရပါတယ်။ အခုတောင် စက်မှုဇုံကားတွေက Tour Company တွေက ဦးစားပေးခရီးစဉ်ချပေးပြီး ပိုလျှံမှသာ ရတော့တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ဟာ နှစ်စဉ်အစိုးရကို ပြေးဆွဲခွန်၊ ကုန်သွယ်ခွန်တွေ အမြောက်အများဆောင်နေတဲ့ ကားပိုင်ရှင်တွေပါ။ စက်မှုဇုံနံပါတ်တပ်ကားတွေ လိမ့်ဝင်လာတော့ ကျွန်တော်တို့လို တရားဝင်အခွန်အခတွေ ပေးဆောင်နေရတဲ့ကားတွေအတွက် အများကြီးနစ်နာပါတယ်” လို့ ကက/….. ပိုင်ရှင်တစ်ယောက်က ညည်းတွားပြောဆိုနေသံကို စိတ်မကောင်းစွာကြားခဲ့ပါတယ်။ စက်မှုဇုံနံမည်ခံကားတွေနဲ့ပါတ်သက်ပြီး အစိုးရက စိစစ်ပေးသင့်နေပါပြီလို့လည်း ကားပိုင်ရှင်အများစုက ပြောဆိုနေကြပါတယ်။

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.