ပန်းတစ်ပွင့်က ပြောပါတယ်….

manawphyulayJanuary 8, 20111min14714


အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘဝဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်….
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်….
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ဝယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်….
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်….
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

14 comments

  • ဆူး

    January 8, 2011 at 2:34 pm

    ပန်းကလေးတိုင်း မွေးသော လန်းသော ပန်းကလေးများ ဖြစ်ကြပါစေ။

  • naywoonni

    January 8, 2011 at 3:07 pm

    ပန်းကလေးတိုင်း မွေးသော လန်းသော ပန်းကလေးများ ဖြစ်ကြပါစေ။) ဆိုတာက ပွင့်သောပန်းတိုင်းမွှေးပါစေ လို့ပြောတာလား? အဲဒါ တို့ဥက္ကဌ ကြီး မော်ရဲ့စကားပဲ ။ ပွင့်တဲ့ပန်းတိုင်း မွှေးလို့တော့မဖြစ်ဘူးဟေ့… ချူးမရေ တစ်ချို့ပန်းတွေက လူတွေကို မူးမော်စေတဲ့ အဆိပ်သင့်စေတဲ့ ပန်းတွေရှိတတ်တယ်(ဥပမာ-ပဒိုင်းပန်းတို့ ဘိန်းပန်းတို့) အဲဒါကတွေက မွှေးနေလန်းနေလို့ မဖြစ်ဘူး
    လူတွေဒုက္ခ ရောက်ကုန်မယ်နော့

  • ဆူး

    January 8, 2011 at 3:44 pm

    လူငယ်ကို ပန်းလို့ တင်စားပါ၏
    မွေးသော ကို ကောင်းသော ဂုဏ်သတင်း လို့ တင်စားပါ၏
    လန်းသော ကို ကျန်းမာ ထက်မြက်မှုကို တင်စားပါ၏
    ဆန်အိတ်ထဲက စပါးလုံးပါပေမဲ့.. ဆန်အိတ်လို့ဘဲ သုံးသလိုပေါ့..

  • Gipsy

    January 8, 2011 at 4:22 pm

    မနောတို့..ဆူးတို့..ကိုနေတို့ ရေ…တကယ်ပါ….အရေးအသား၊အတွေးအခေါ်အရမ်းကောင်း….
    တကယ့်..Super..တွေပါဘဲဗျာ…..

  • bigcat

    January 9, 2011 at 5:40 am

    ပန်းတပွင့်ကပြောပါတယ် ပန်းဖြူကတော့ အခုတရားရုံးမှာ အမှုရင်ဆိုင်နေရတယ်တဲ့။ 😀

  • kai

    January 9, 2011 at 9:22 am

    ပန်းတပွင့်ကပြောပါတယ်..။
    သူလည်း.. သူ့မိခင်နဲ့အတူတူ ..နေချင်တာပေါ့တဲ့..။

    (ပန်းတွေကို .. အပင်ပေါ်ကနေ..မခူးခြွေကြစေလိုပါ…)

  • manawphyulay

    January 9, 2011 at 12:23 pm

    မနောက ပြောတာ မဟုတ်ပါဘူး။ ပန်းလေးတစ်ပွင့်ထဲက ပြောတာပါ။ ဒီလိုဘဝလေးတွေကို လူတိုင်းရောက်စေချင်ပါတယ်လေ…………

  • naywoonni

    January 9, 2011 at 12:23 pm

    ပန်းဆိုတာ အပင်ပေါ်မှာချည့်လဲ မလှတတ်ပါဘူး တစ်ချို့ ဘုရားစင်ပေါ်ရောက်မှတင့်တယ်တာမျိုး တစ်ချို့ကျပြန်တော့ ကောင်မလေးလှလှ တစ်ယောက်ရဲ့ ခေါင်းပေါ်ရောက်မှ ပိုလှလာတာမျိုး ကိုခိုင်ရဲ့ တစ်ချို့ကျပြန်တော့ တော်မဝင် လူမသုံး ပန်းဖြစ်ရှုံးနေတာတွေလည်းရှိတာပဲ
    ဥပမာ- ခွေးလှေးယားပွင့် တို့ ခွေးသေးပန်းပွင့်တို့ ပါ

  • manawphyulay

    January 9, 2011 at 12:31 pm

    ကောင်မလေးလှတယ် မလှဘူးဆိုတာ ဘာကိုကြည့်ပြီး ခွဲခြားလို့ရပါသလဲ ဦးနီရှင့် မနော မသိလို့ မေးကြည့်တာနော်…..

  • weiwei

    January 9, 2011 at 12:41 pm

    ပန်းတစ်ပွင့်ကပြောတယ် .. သူ့ကို ချက်စားရင် အားရှိတယ်တဲ့ …
    ဟဲဟဲ .. ဂေါ်ဖီပန်း 😛

  • manawphyulay

    January 9, 2011 at 12:46 pm

    ဒါဆို မဝေရေ အားရှိအောင် ဂေါ်ဖီပန်းပွင့် ၁ဝ ပွင့်လောက် ပို့ပေးပါဗျို့. 😛

  • ဆူး

    January 9, 2011 at 1:31 pm

    ပန်း တပွင့်က ပြောတယ် သူက ဘယ်တော့မှ မနွမ်းဘူးတဲ့
    ပန်းအတု

  • naywoonni

    January 9, 2011 at 4:00 pm

    သူပန်ထားတဲ့×× ပန်းနီနီ××× ကျွန်တော်×× ခဏ ဖြစ်ချင်သည် အာာ.. ဟုတ်ပါဘူး ရောကုန်ပြီ

  • နှင်းဆီ ငုံ

    October 17, 2012 at 5:37 pm

    ပန်းကလေးတွေမွှေးသလို လူငယ်ဘဝတွေလည်းမွှေးပျံ့ပါစေ
    ပန်းကလေးတွေ လှပစွာဖူးပွင့်သလို လူငယ်ဘဝတွေလည်း အောင်မြင်ကြပါစေ …

Leave a Reply