ကိုယ်ပိုင်ဘဝရဲ့ အတွေးအိမ်

manawphyulayJanuary 8, 20111min576

ဘဝဆိုတာ
ပျော်ရာမှာ မနေရ
တော်ရာမှာနေရ
ဘဝနဲ့ အလှ
ဘာကို ရွေးချယ်မလဲလို့မေးရင်
လူတိုင်းလူတိုင်း
အလှကိုဘဲ ရွေးချယ်ချင်ကြတာပေါ့။
သဘာဝတရားကြီးက
လူတွေကို သူ့နေရာနဲ့သူ
နေရာမှန်ကို ပို့ဆောင်ပေးမြဲ
နေတတ်ဖို့ အရေးကြီးသလို
လမ်းမှန်ဖို့လည်း လိုတာပါပဲ။
လမ်းမှန်မှသာ
ကိုယ့်လျှောက်မယ့်လမ်းဟာ
ဖြောင့်ဖြူးမှာပေါ့။
ကိုယ်လျှောက့်မဲ့လမ်းကို
အဆုံးထိ လျှောက်မှ
လမ်းဆုံးကို ရောက်မှာပေါ့…..

6 comments

  • Gipsy

    January 8, 2011 at 4:07 pm

    မှန်မယ်ထင်တဲ့လမ်းတော့..လျှှေက်နေပါတယ်…လမ်းမှန်ဘို့ရယ်၊ လမ်းဆုံးရောက်ဘို့ရယ်…ခက်နေတယ်…
    သိတယ်ဆိုရင်…နားလည်အောင်တော့ပြောပြပေးပါ…နော…

  • zaw min

    January 8, 2011 at 7:03 pm

    အသိ့မှန်မှလမ်းမှန်မယ်…အသိ့မမှန်သေးသရွှေ့ ဘယ်တော့မှလမ်းမမှန်နိုင်ပါ….။မဂ်ဉာဏ်ကိုရမှ လမ်းဆုံးနိဗ္ဗန်ကိုရောက်မယ်…..။

  • zaw min

    January 9, 2011 at 8:52 am

    လောက၌ လွယ်ကူစွာရသော အရာဟူ၍ မရှိပါ။

  • naywoonni

    January 9, 2011 at 9:44 am

    သံသယ ပျောက်ပါစေ အမှန်ဘဝ ရောက်ပါစေ ဟဲ ဟဲ သီချင်းနော်

  • ဆူး

    January 9, 2011 at 2:05 pm

    လမ်းဆုံးရင် ရွာရောက်သတဲ့..
    ကမာ္ဘကြီးက လုံးနေတော့ လျှောက်ရင်းနဲ့ တပတ်သာ လည်သွားမယ် ဘယ်တော့မှ မဆုံးနိုင်ဘူး။
    သံသရာကြီးကလည်း ဒီလိုဘဲ အဆုံးနိုင်အောင် လည်နေကြတာ။
    သွားတဲ့ လမ်းကို ရပ်လိုက်ရင် လမ်းဆုံးပြီ။
    သံသရာကြီးမှာ လည်နေတာကို ရပ်ချင်ရင်လည်း သံသရာ အဆုံးကို ရောက်မှာပါ။
    အဆုံးဆိုတာ ကိုယ်က သတ်မှတ် လိုချင်မှ ရတာပါ။

Leave a Reply