ရန်ကုန်လေဆိပ်ကနေ ဖြတ်ပြီးမှ လာကြမဲ့ သူတွေ အထူး သတိထားကြပါ X-ray နဲ့ စစ်ပြီး လက်လှမ်းမှီတဲ့ နေရာလောက်မှာ ရှိတဲ့ ပစ္စည်းမျုားဆို သော့ဖျက် အိတ်ခွဲ နိုက်ယူပါတယ်။ လက်နဲ့ နှိုက်ယူလို့ အဆင်မပြေတဲ့ ဟာများကျတော့ မြေဖြူ ကြက်ခြေခတ်ပြီး ဖွင့်ပြီး စစ်ဆေးခိုင်းပါတယ်။
သေတ္တာတွေထဲ ထည့်ထားတဲ့ ပစ္စည်းများ လေယာဉ်ပေါ် လက်ဆွဲ ယူသွားလို့ မရတဲ့ ပစ္စည်းများ အပ်ပြီး လေယာဉ်ပေါ်ဆင်း အထုတ် လက်ထဲ ရောက်တော့ တချို့က ဘာပါသွားလို့ ညာပါသွားလို့.. တန်ဖိုး သိပ်မရှိလည်း ယူတာဘဲ.. ဘာလာလာ ယူတာဘဲ.. သေတ္တာမှာ နံပါတ်လှည့်ပြီး ခေတ်တဲ့ သော့တောင် 000 ကနေ နံပါတ် မလဲ ထားတော့.. 000 ရောက်အောင် လှည့်ပြီး ဖြုတ်ယူသွားတာလည်း ရှိတယ်။ ဘာမှ မဟုတ်တဲ့ အသေး အမွားက အစ အကုန် ရရင် လိုချင်တယ် ဆိုတဲ့ မတော် လောဘတွေ မတရားကြီးမားနေတယ်။ ဥပမာ ခရီးထွက်တုန်း ကင်မရာရိုက်ခဲ့တာတွေ စိတ်ချလက်ချ သေတ္တာထဲ ထည့်သိမ်ပြီး ပြန်လာတယ် လမ်းမှာ ဖြတ်ယူသွားတယ် (ခိုးတယ်) ပေါ့လေ.. ကင်မရာလည်း ဆုံး ခရီးစဉ်မှာ အမှတ် တရ ရိုက်ထားတဲ့ ပုံတွေလည်း ဆုံးပေါ့။ ခရီး တခေါက် တခေါက် ထွက်ဖို့ ဆိုတာ လွယ်မှ မလွယ်တာ လူကလည်း အပင်ပန်း ခံနိုင်မှ ပိုက်ဆံကလည်း အကုန်ခံနိင်မှ အချိန်ကလည်း ပေးနိုင်မှ.. အမှတ်တရတွေ ဖြတ်ယူသွားတယ်။ လက်ထဲ ရောက်တော့ ပုံတွေ format ချပြီး သခိုးဈေးနဲ့ ရောင်းစားအုန်းမှာ.. ၀ယ်တဲ့ လူက တန်ကြေးကြီးကြီး ပေးဝယ်ထားတာ ရောင်းစားတဲ့ လူက မတန်တဆ ဈေးနိမ် ရောင်းစားအုန်းမှာ။
Battery အားသွင်းတဲ့ ဟာလေးလည်း တခါ ပါသွားပြီးပြီ။ အခု တခေါက် ကင်မရာ အလုံးလိုက် မသွားတယ်။ လေဆိပ်မှာ အထုတ်ကလေး ကိုယ်ဟာကို ဆွဲလည်း မရဘူး အတင်း အလု အယက် ဆွဲ.. ပြီးတော့ ၅၀၀ ပေးလို့ မကျေနပ်.. ၁၀၀၀ ပေးလည်း မကျေနပ်.. ဘယ်နှစ်ယောက် ဆိုတာက လာသေးတယ်။ စိတ်အနှောက်အယှက် အရမ်းပေးတယ်။
ဝေစားမျှစားနေကြတော့ မျက်စိပိတ်ပေးထားကြတာ ဖြစ်မှာပေါ့။
ဘယ်နိုင်ငံမှာမှ ဒီလို အိနြေမရ မဖြစ်ဘူး အားလုံး အေးဆေးဘဲ။
ဖျတ်ဖျတ်ကိုလူး စပ်စလူး ထနေတာ မြင်မကောင်းဘူး။
အားလုံးက သူနေရာနဲ့ သူ့စည်းကမ်း ဖြစ်ရမှာ.. အခုတော့ သူနေရာနဲ့ သူ့ခွဲတမ်း ဖြစ်နေကြတယ်။

About ဆူး

has written 398 post in this Website..