လျှပ်တစ်ပြက် ရိုက်ချက်များ (၆)

weiweiJanuary 8, 20112min8810

လားဆားကနေ ဧဝရတ်တောင်ခြေအထိ ကား ၂ ရက် ခရီးသွားခဲ့ရတယ် … ကားပေါ်ကနေ လမ်းဘေးကို လှမ်းရိုက်ထားတဲ့ပုံတွေပါ … ကင်မရာက ဘတ်ထရီအပိုမရှိလို့ တော်တော်ချွေတာပြီး ရိုက်ခဲ့ရတယ်။ လမ်းခရီးတစ်လျှောက် လမ်းမကြီးရယ် တောင်ရယ်ပဲရှိပေမယ့် အရမ်းလှတယ် … ကြည်လင်သန့်ရှင်းနေသလိုပဲ … လမ်းတွေကလဲ ချောမွတ်နေတယ် … ရာသီဥတုကလဲ အေးတယ် … ကားကလည်း အကောင်းစားနဲ့ဆိုတော့ ပင်ပန်းတယ်လို့ မခံစားရဘူး …

10 comments

  • weiwei

    January 8, 2011 at 6:53 pm

    ဓါတ်ပုံတွေကြည့်ရတာ ပန်းချီကားလိုမျိုးလှနေပါတယ် … အပြင်မှာ တကယ်မြင်ရတဲ့ အခါမှာတော့ မျက်စိတစ်ဆုံးကျယ်တဲ့ ပန်းချီကားချပ်အကြီးကြီးကို ကြည့်ရသလိုပဲ … မလှတဲ့နေရာ တစ်နေရာမှကို မရှိအောင် လှနိုင်ပါပေတယ် ….

  • Gipsy

    January 9, 2011 at 8:03 am

    အရမ်းလှပါတယ်….ရောက်ဖူးချင်လိုက်တာ…

  • monmon

    January 9, 2011 at 9:13 am

    အရမ်းလှတယ်နော်… ရှုခင်းတွေက လှသလို ရိုက်ထားတာကလည်းကောင်းတယ်… ရောက်ဖူးချင်လိုက်တာ…

  • ဆူး

    January 9, 2011 at 1:56 pm

    ပုံလေးတွေ လှတယ်။ အဝါလေးတွေက မုန်ညှင်း အခင်းနဲ့ တူတယ်။

  • unclegyi1974

    January 9, 2011 at 3:17 pm

    ရှုခင်းလှသလို ရိုက်ချက်ကလဲလှပါတယ်
    တောင်တွေကအပင်ကြီးကိုမရှိဘူးနော် မဝေ
    အောက်ခံကျောက်တွေနဲ့တူတယ်

  • weiwei

    January 9, 2011 at 6:11 pm

    မုန်ညင်းဆီထုတ်တဲ့ မုန်ညင်းပန်းခင်းတွေက တော်တော်လှတယ် … ပန်းချီကား ရောင်စုံကို ကြည့်ရသလိုပဲ …

  • MaMa

    January 10, 2011 at 10:59 am

    ခွင့်မတောင်းဘဲ ကူးထားတာတွေများနေပြီ။ ခွင့်မတောင်းတော့ဘူးနော်။

  • ဆူး

    January 10, 2011 at 1:09 pm

    ကူးသွားတယ် ဆိုတော့ လိုင်စင် ရှိလို့လား.. လိုင်စင်မရှိဘဲ ကူးမိရင် အခွန်ဆောင်ရမယ်နော် အန်တီ မမ

  • weiwei

    January 10, 2011 at 1:12 pm

    ဒီမှာ တင်လိုက်တယ်ဆိုကထဲက ဓါတ်ပုံအလှူလုပ်တဲ့သဘောပေါ့ … ကူးယူလို့ရပါတယ် ..

  • intro

    January 10, 2011 at 2:46 pm

    သတိထားမိသလောက်က အပင်ကြီးတွေ မရှိဘူးနော်…. တောင်ဂတုံးတွေ ပဲလား? နှင်းတွေ ဖုံးတဲ့ထိတော့ မတွေ့ရဘူးနော်… တောင်တွေက ဒီလိုပုံစံဆိုတော့ မြင်တွေ့နေကျတွေအတိုင်းမဟုတ်ပဲ ထူးခြားနေသလိုပဲနော်…

Leave a Reply