ရန်ကုန်မြို့အတွင်းတွင် ၂၀၁၁ ခုနှစ်အတွင်းသို့ ချည်းနင်းဝင်ရောက်လာသည်နှင့်အမျှ တိုးတက်လာသည့် အခြေအနေများကို တင်ပြပါမယ်။

ရန်ကုန်မြို့အတွင်း အထူးယာဉ် ၂၀၀ ကျပ် ကားများ အစီးရေ နည်းလာပြီး လူများ အဆမတန် တိုးတက်များပြား ကြပ်ညပ်လာသည်ကို လည်းကောင်း………….

ပန်းဆိုးတန်းလမ်းမကြီးသည် ခေတ်မီတိုးတက်လာသောကြောင့် ဂျေဒိုးနပ်ဆိုင်များ ပိတ်သွားခြင်း ၁၉ ရုံးရှေ့တွင်  လူအများ စည်းကားစွာ လမ်းမပေါ်အပြည့် တန်းစီးနေကြခြင်းသည်လည်းကောင်း…………..

မြို့လယ်ကောင် လမ်းမများပေါ်တွင် လမ်းဘေးဈေးသည်များ တိုးတက်များပြားလာခြင်း…………………..

လိုင်းကားများကို မော်တော်ပီကယ်များ ကားဂိတ်တိုင်းမှာ မုန့်ဖိုးတောင်းနေသည်မှာ ကားမှတ်တိုင်များတွင် တိုးတက်နေခြင်း………………

အင်တာနက်ကွန်နက်ရှင်များသည်လည်း ခေတ်မီလာသည့်အတိုင်း အလွန်တရာမှ လေးလံ နှေးကွေး မလှုပ်ခြင်း……………

သီရိမင်္ဂလာဈေးကြီးသည်လည်း နှစ်သစ်တွင် ၂၀၁၁ ခုနှစ်တွင် အဆောက်အအုံအခိုင်အခန့်မှ ပိတောက်ချောင်းရဲစခန်းနားသို့ ပြောင်းရွှေ့လာခြင်း…………..

လမ်းဘေးဈေးသည်များသည်လည်း ဈေးမရောင်းရ နယ်မြေ ဆိုင်းဘုတ်နောက်တွင် စည်းကမ်းလိုက်နာစွာ ဈေးများ ရောင်းချနေခြင်း………………..

ချမ်းသာပြီးရင်း ချမ်းသာနေသူများ ထီများ တိုးတက်အပေါက်များခြင်း……………….

တိုးတက်ကြီးပွား အာဏာရှိ လုပ်ငန်းရှင်များ စီးပွားရေးများ တိုးချဲ့လုပ်ဆောင်လာခြင်း………………

ပြောရရင် တိုးတက်နေတာတွေ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲလေ…………. လိုအပ်သည်များကို ထပ်မံ ဖြည့်စွက်ပြောကြားပေးကြပါလို့ ပြောလိုက်ပါရစေ.

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။