၂၀၁၁ ခုနှစ်အတွင်း တိုးတက်လာသော အခြေအနေ

manawphyulayJanuary 9, 20111min21315

ရန်ကုန်မြို့အတွင်းတွင် ၂၀၁၁ ခုနှစ်အတွင်းသို့ ချည်းနင်းဝင်ရောက်လာသည်နှင့်အမျှ တိုးတက်လာသည့် အခြေအနေများကို တင်ပြပါမယ်။

ရန်ကုန်မြို့အတွင်း အထူးယာဉ် ၂၀ဝ ကျပ် ကားများ အစီးရေ နည်းလာပြီး လူများ အဆမတန် တိုးတက်များပြား ကြပ်ညပ်လာသည်ကို လည်းကောင်း………….

ပန်းဆိုးတန်းလမ်းမကြီးသည် ခေတ်မီတိုးတက်လာသောကြောင့် ဂျေဒိုးနပ်ဆိုင်များ ပိတ်သွားခြင်း ၁၉ ရုံးရှေ့တွင်  လူအများ စည်းကားစွာ လမ်းမပေါ်အပြည့် တန်းစီးနေကြခြင်းသည်လည်းကောင်း…………..

မြို့လယ်ကောင် လမ်းမများပေါ်တွင် လမ်းဘေးဈေးသည်များ တိုးတက်များပြားလာခြင်း…………………..

လိုင်းကားများကို မော်တော်ပီကယ်များ ကားဂိတ်တိုင်းမှာ မုန့်ဖိုးတောင်းနေသည်မှာ ကားမှတ်တိုင်များတွင် တိုးတက်နေခြင်း………………

အင်တာနက်ကွန်နက်ရှင်များသည်လည်း ခေတ်မီလာသည့်အတိုင်း အလွန်တရာမှ လေးလံ နှေးကွေး မလှုပ်ခြင်း……………

သီရိမင်္ဂလာဈေးကြီးသည်လည်း နှစ်သစ်တွင် ၂၀၁၁ ခုနှစ်တွင် အဆောက်အအုံအခိုင်အခန့်မှ ပိတောက်ချောင်းရဲစခန်းနားသို့ ပြောင်းရွှေ့လာခြင်း…………..

လမ်းဘေးဈေးသည်များသည်လည်း ဈေးမရောင်းရ နယ်မြေ ဆိုင်းဘုတ်နောက်တွင် စည်းကမ်းလိုက်နာစွာ ဈေးများ ရောင်းချနေခြင်း………………..

ချမ်းသာပြီးရင်း ချမ်းသာနေသူများ ထီများ တိုးတက်အပေါက်များခြင်း……………….

တိုးတက်ကြီးပွား အာဏာရှိ လုပ်ငန်းရှင်များ စီးပွားရေးများ တိုးချဲ့လုပ်ဆောင်လာခြင်း………………

ပြောရရင် တိုးတက်နေတာတွေ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲလေ…………. လိုအပ်သည်များကို ထပ်မံ ဖြည့်စွက်ပြောကြားပေးကြပါလို့ ပြောလိုက်ပါရစေ.

15 comments

  • ဆူး

    January 9, 2011 at 2:14 pm

    ဂျေဒိုးနပ်ဆိုင်က ပိတ်တာ လူတွေ နဲ့ ပိတ်သွားတာလား ဆိုင်ပိတ်တာလား အဲဒီ ဘက် မရောက်ဖြစ်လို့..

  • unclegyi1974

    January 9, 2011 at 2:40 pm

    လမ်းဘေးဈေးသည်များသည်လည်း ဈေးမရောင်းရ နယ်မြေ ဆိုင်းဘုတ်နောက်တွင် စည်းကမ်းလိုက်နာစွာ ဈေးများ ရောင်းချနေခြင်း………………..
    ဟိုရက်က ရန်ကုန်ကိုရောက်တော့ မနော
    ရေးထားတာနဲ့ကွက်တိဘဲ လမ်းတိုင်းဈေး
    သည်တွေနဲ့ချည်းပဲ
    ထူးခြားတာအချို့လမ်းတွေကွန်ကရစ်တဝက်ခင်း
    ပြီးကျန်တဝက်မခင်းဘဲဒီအတိုင်းကြီးထားတာ
    ၂၀၁၁ ရဲ့စတိုင်သစ်နဲ့တူတယ်နော်

    • etone

      January 10, 2011 at 8:23 am

      အဲ့ဒါက မဲမပေးခင်တစ်ဝက်ခင်းပေးတာ မဲပေးပြီးတော့ စိတ်ကြိုက်မဖြစ်လို့ မခင်းပေးတော့တာ ဟီးဟီး… ။ 😛 😛

  • naywoonni

    January 9, 2011 at 3:22 pm

    ရန်ကုန်တော့မရောက်ဖူး၍ မသိပါ ကျွန်တော်တို့ဆီမှာတော့ စည်းကမ်းမဲ့ ဈေးသည်တွေတော်တော် ဆိုးပါသည် ။ ရှောင်၍ မလွတ်ပါ။

  • MTY

    January 10, 2011 at 2:22 am

    ကောင်းပါတယ်…စိတ်ပျက်ဖို့…

  • manawphyulay

    January 10, 2011 at 3:16 am

    ဂျေဒိုးနပ်ဆိုင်ပိတ်သွားတာ………….

  • manawphyulay

    January 10, 2011 at 3:20 am

    တိုးတက်တာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲလေ။

  • sayargyi

    January 10, 2011 at 4:00 am

    Game center လို့အမည်ပေးထားသော ကျောင်းသားလူငယ်များကိုအဓိကပျက်စီးစေသော ပိုက်ဆံအလျှော်အစားရှိသော ကာစီနိူ အသေးစားများလဲအလွန်တိုးတက်နေပါတယ်
    မယုံရင် ပုသိမ်မြို့ မှာလာကြည့်ပါ ပေါမှပေါ….

  • mindfulness

    January 10, 2011 at 5:02 am

    ha ha ha ! don’t say too much, our leader said developing country and a lot of investment in 2011

  • manawphyulay

    January 10, 2011 at 5:57 am

    peacemaker35183777 said:

    BY the way J-DONUT is owned by than shwe’s son>>>
    Oh! Really…………

  • etone

    January 10, 2011 at 8:46 am

    😀 ထန်းတပင် ဂျီတီစီ သို့ ဆွဲသော ကျောင်းကားများ ကားခတက်ခြင်းကြောင့် ကျောင်းသားများ လိုင်းကားစီးနေရခြင်း …
    😀 အဆိုပါ ကျောင်းသားများ လိုင်းကားစီးခြင်းကြောင့် မြို့ထဲမှ လှိုင်သာယာဘက်သွားသော ကားများ (၈၆ ၊ ၃၃၃ ၊ ၃၉ ၊ ရွှေဧည့်သည်၂ ကားများ ) ခြေချစရာမရှိအောင် ကြပ်သိပ်ခြင်း ။
    😀 ဒိုင်နာကားများမှာလည်း ထိုအခွင့်ရေးအား အခွင့်ကောင်းယူ၍ လူမပြည့်ပြည့်အောင်စောင့်တင်ပြီးမှ ထွက်ခြင်း ။
    😀 ကားလှမ်းတားသောယာဉ်ထိမ်းရဲအား မျက်စိမှိတ်ပြ၍ မျောက်ငှက်ပျောသီးပစ်ကျွေးသလို … ငါးရာတန်၊ တစ်ထောင်တန်များ ပစ်ပေးသည်ကို အံ့ဩဖွယ်ရာတွေ့ရှိရခြင်း …။
    😀 အရှေ့လိုင်းတူ ယာဉ်နှင့် အ ချိန်မည်မျှကွာသည်ကို တွက်ချက်ကာ ယာဉ်ထိမ်းမှူး၊ဂိတ်မှူးများ တစ်ကားငါးဆယ်နှုန်းဖြင့် အပိုဝင်ငွေးရအောင်ရှာနိုင်ခြင်း ။
    😀 အထူးကား အမည်ခံ အသက်ရှူကြပ် အောင် တိုးစီးရသောကားများသည် ပိုက်ဆံအကြွေမရှိဟူသော အကြောင်းပြချက်ဖြင့် ပိုက်ဆံပိုယူနေကြခြင်း ။
    😀 ခုံစေ့သာလူတင်ရန် ညွှန်ကြားထားသော်လည်း နေရာလပ်မကျန်လူတင်၍ မောင်းနှင်လာသောကားများအား သားကျွေးမှူ ၊ မယားကျွေးမှူ အစုစုတို့ကြောင့် မျက်စိစုံမှိတ် အောက်ဆိုက်ငွေယူကာ အကျင့်ပျက်နေကြခြင်း…

    လက်ညောင်းပြီ ရေးရရင် တစ်ပုံကြီးပဲ ။ 😀

  • char too lan

    January 10, 2011 at 10:50 am

    ဘဲဥတွေက ကိုယ်တိုင်မတောင်းတော့ဘူးလေ မီးပွိုင့်တွေမှာဆို ကားတိုင်းကိုလိုက်တောင်းဖို့ အဌားအတောင်းသမားတွေချထားတယ်ဗျာ
    ခုနှစ်မှာ သတိထားမိတာပဲ အရင်ကဆို အီးတုံးပြောသလို (မျောက်ငှက်ပျောသီးပစ်ကျွေးသလို) ဟုတ်တော့ဘူး တိုးတက်တွားဘီဂျာ……….

    • etone

      January 11, 2011 at 10:02 am

      ဟီးဟီး အဲ့ဒါမသိသေးဘူး အသစ်ပါလား ။ တောင်းနည်းမျိုးစုံတော့တတ်သားပဲ ။

  • wrongman

    January 11, 2011 at 11:52 am

    ထွက်ခွာပေးရတော့မယ်အချိန်မှာ မိမိဘက်တော်သားများအား အဓိကနေရာများပေးပြီး အမည်ပြောင်းလဲအုပ်ချုပ်ခိုင်းစေခြင်း
    (ဒါလည်းတိုးတက်မှုတစ်ခုပါ)

Leave a Reply