ယခုနှစ် ၂၀၁၁ ခုနှစ်၊ မတ်လ( ၈) ရက်နေ့ မှာ ကျရောက်မည့် နှစ်တစ်ရာပြည့်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့  (100th Anniversary of International Women’s Day) အထိမ်းအမှတ်အတွက် ဂုဏ်ပြုရည်စူးကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူဦးရေ စုစုပေါင်း ၇ ဘီလီယျံ အတွင်းရှိ အမျိုးသမီးများထဲမှ အအောင်မြင်ဆုံး ထင်ပေါ်အကျော်ကြားဆုံး အမျိုးသမီး အယောက် (၁၀၀) ဦးရေစာရင်းကိုရွေးချယ်သွားဖို့  အင်္ဂလန်နိုင်ငံမှ ကမ္ဘာကျော် The Guardian သတင်းဌာနကြီးမှ ဖိတ်ခေါ်ကြေညာလိုက်ပါတယ်။

The Guardian သတင်းဌာနကြီးရဲ့  ဒီထုတ်ပြန်ကြေညာဖိတ်ခေါ်ချက်ထဲမှာ ကမ္ဘာ့ အအောင်မြင်ဆုံး အထင်ပေါ်အကျော်ကြားဆုံး ထိက်တန်းအမျိုးသမီး အယောက် (၁၀၀) ကို ရွေးချယ်ဖို့ အတွက် မည်သူမဆို မိမိတို့ မဲဆန္ဒပေးရွေးချယ်ဖို့  အောက်ဖေါ်ပြပါ လင့်ခ်မှာ

http://www.guardian.co.uk/lifeandstyle/signup/2011/jan/07/top-100-women-nominations မဲဆန္ဒပေးဖို့  ကြေညာထားပါတယ်။

The Guardian သတင်းဌာနကြီးရဲ့  ဒီ ထုတ်ပြန်ကြေညာဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့  သတင်းထုတ်ပြန်တဲ့နေရာမှာ အမျိုးသမီး ရှစ်ဦးရဲ့  ပုံရိပ်လွှာများပါဝင်တဲ့ သတင်းဓါတ်ပုံတစ်ခု ဖေါ်ပြထားပါတယ်။ Hillary Clinton, Beyoncé, Michelle Bachelet, Oprah Winfrey, Margaret Thatcher, JK Rowling, Tanni Grey-Thompson and Aung San Suu Kyi ဆိုပြီး မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထည့်သွင်းဖေါ်ပြထားတာ တွေ့ ရှိ ရပါတယ်။

မြန်မာပြည်သူပြည်သားများအနေနဲ့  The Guardian သတင်းဌာနကြီးရဲ့ ဖိတ်ခေါ်ချက်နဲ့ အတူ နှစ်တစ်ရာပြည့်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့  (100th Anniversary of International Women’s Day) အထိမ်းအမှတ်အတွက် ကမ္ဘာ့ အအောင်မြင်ဆုံး ထင်ပေါ်အကျော်ကြားဆုံး အမျိုးသမီး အယောက် (၁၀၀) ဦးရေစာရင်းကို ကိုယ်တိုင်ကိုယ်ကျ ပါဝင် ရွေးချယ်လိုတဲ့ဆန္ဒ ရှိတယ်ဆိုရင်တော့ http://www.guardian.co.uk/lifeandstyle/signup/2011/jan/07/top-100-women-nominations မှာ သွားရောက်ရွေးချယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

About ကြယ်လေး

ကြယ်လေး has written 44 post in this Website..