ဒေါ်အောင်ဆန်းစုကြည်ကို မဲဆန္ဒပေး ရွေးချယ်ကြမလား။

ၾကယ္ေလးJanuary 9, 20111min1716

ယခုနှစ် ၂၀၁၁ ခုနှစ်၊ မတ်လ( ၈) ရက်နေ ့မှာ ကျရောက်မည့် နှစ်တစ်ရာပြည့်မြောက် နိုင်ငံတကာအမျိုးသမီးများနေ ့ (100th Anniversary of International Women’s Day) အထိမ်းအမှတ်အတွက် ဂုဏ်ပြုရည်စူးကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူဦးရေ စုစုပေါင်း ရ ဘီလီယျံ အတွင်းရှိ အမျိုးသမီးများထဲမှ အအောင်မြင်ဆုံး ထင်ပေါ်အကျော်ကြားဆုံး အမျိုးသမီး အယောက် (၁၀၀) ဦးရေစာရင်းကိုရွေးချယ်သွားဖို ့ အင်္ဂလန်နိုင်ငံမှ ကမ္ဘာကျော် The Guardian သတင်းဌာနကြီးမှ ဖိတ်ခေါ်ကြေညာလိုက်ပါတယ်။

The Guardian သတင်းဌာနကြီးရဲ ့ ဒီထုတ်ပြန်ကြေညာဖိတ်ခေါ်ချက်ထဲမှာ ကမ္ဘာ့ အအောင်မြင်ဆုံး အထင်ပေါ်အကျော်ကြားဆုံး ထိက်တန်းအမျိုးသမီး အယောက် (၁၀၀) ကို ရွေးချယ်ဖို ့အတွက် မည်သူမဆို မိမိတို ့မဲဆန္ဒပေးရွေးချယ်ဖို ့ အောက်ဖေါ်ပြပါ လင့်ခ်မှာ

http://www.guardian.co.uk/lifeandstyle/signup/2011/jan/07/top-100-women-nominations မဲဆန္ဒပေးဖို ့ ကြေညာထားပါတယ်။

The Guardian သတင်းဌာနကြီးရဲ ့ ဒီ ထုတ်ပြန်ကြေညာဖိတ်ခေါ်ချက်နဲ ့ပတ်သက်လို ့ သတင်းထုတ်ပြန်တဲ့နေရာမှာ အမျိုးသမီး ရှစ်ဦးရဲ ့ ပုံရိပ်လွှာများပါဝင်တဲ့ သတင်းဓါတ်ပုံတစ်ခု ဖေါ်ပြထားပါတယ်။ Hillary Clinton, Beyoncé, Michelle Bachelet, Oprah Winfrey, Margaret Thatcher, JK Rowling, Tanni Grey-Thompson and Aung San Suu Kyi ဆိုပြီး မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထည့်သွင်းဖေါ်ပြထားတာ တွေ ့ရှိ ရပါတယ်။

မြန်မာပြည်သူပြည်သားများအနေနဲ ့ The Guardian သတင်းဌာနကြီးရဲ ့ဖိတ်ခေါ်ချက်နဲ ့အတူ နှစ်တစ်ရာပြည့်မြောက် နိုင်ငံတကာအမျိုးသမီးများနေ ့ (100th Anniversary of International Women’s Day) အထိမ်းအမှတ်အတွက် ကမ္ဘာ့ အအောင်မြင်ဆုံး ထင်ပေါ်အကျော်ကြားဆုံး အမျိုးသမီး အယောက် (၁၀၀) ဦးရေစာရင်းကို ကိုယ်တိုင်ကို်ယ်ကျ ပါဝင် ရွေးချယ်လိုတဲ့ဆန္ဒ ရှိတယ်ဆိုရင်တော့ http://www.guardian.co.uk/lifeandstyle/signup/2011/jan/07/top-100-women-nominations မှာ သွားရောက်ရွေးချယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

6 comments

  • zaw min

    January 9, 2011 at 2:51 pm

    ကျေးဇူးပဲဗျို့…ကြယ်လေးရေ…ကျွန်တော်ကတော့ အပြေးအလွှားသွားပြီးတော့ အမေ့ကို မဲပေးခဲ့ပြီဗျို့….ကျွန်တော့်အတွက်တော့ အမေ့ကို ဒုတိယအကြိမ်မြောက် မဲပေးရခြင်းပါပဲ….ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ မဲအပေးခြင်ဆုံးသူကတော့ အမေစုပါပဲ…

  • The Reds

    January 9, 2011 at 4:08 pm

    Thanks for your link ! i will vote my mom suu kyi .

  • paukpauk

    January 10, 2011 at 12:29 pm

    me too … voted her!

    Admin: board is kindly advised to post this page until the date is over.

  • april

    January 10, 2011 at 1:26 pm

    Thanks for ur news.. already voted for our mother

Leave a Reply