ဒီရောဂါ စွဲကပ်နေပြီလား

manawphyulayJanuary 9, 20111min1227

အင်တာနက်ကို မိမိတို့ ဘဝတစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက
ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့
အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ…
ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။
ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။
အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။
‘ဒါလည်း ဟုတ်သလိုဘဲနော်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့လည်း ဒီဘလော့ဂ်ဆိုတဲ့ အရာကြီးကို နှစ်သက်လာလို့ပါဘဲ။ ဘာပဲဖြစ်ဖြစ်လေ မိတ်ဆွေဘဲ စဉ်းစားကြည့် လူတစ်ဦးမှာ မိတ်ဆွေအပေါင်းအသင်းတော့ ရှိပါတယ်။
ဒါပေမဲ့ ဒီအပေါင်းအသင်းက ကိုယ်လိုအပ်တဲ့အချိန်မှာ သူဟာ ကိုယ့်ကို အဖော်လုပ်ပေးနိုင်သလား။ အမြဲတမ်းနော်။ ဘယ်သူ့မှ လုပ်မပေးနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ စိတ်အပန်းဖြေစရာကို ရှာကြတော့တာပေါ့။
ဒါပေမဲ့ ရှာတတ်ဖို့တော့ လိုတာပေါ့။ ကျွန်မတွေ့ရှိခဲ့တဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခု ချိတ်ထားတာတွေ့ရပါတယ်။ ဘာလဲဆိုတော့ ပညာကိုသာ စွဲလမ်းပါ။ အင်တာနက်ကို မစွဲလမ်းမိပါစေနဲ့ တဲ့ ကောင်းလိုက်တဲ့ စာသားလေးနော်။ ကျွန်မတော့ သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူ့နေရာနဲ့ သူ အထိန်းအကွပ်တော့ ရှိရမှာပေါ့။ တချို့ကျတော့ အမြင်ကျဉ်းတာလား။ ဒါမှမဟုတ် သူတို့မြင်တွေ့ရတဲ့ ဝန်းကျင်ကိုဘဲ ကြည့်ပြီး အားလုံးကို သိမ်းကျုံးပြောသလားတော့ မသိဘူးနော်။ အင်တာနက် သုံးတဲ့သူတိုင်းဟာ ဘဲ ဝင်နေကြတယ်လို့ နေရာတော်တော် များများမှာ သတင်းထွက်လာတယ်။ မိတ်ဆွေကော ဘယ်လိုမြင်လည်းဟင်… မိတ်ဆွေရဲ့အမြင်ကိုလည်း သုံးသပ်ပေးခဲ့ပါနော်။ ကျွန်မရဲ့အမြင်ကို ပြောပြတာပါ။

7 comments

  • unclegyi1974

    January 9, 2011 at 3:47 pm

    ယောမင်းကြီးဦးဖိုးလှိုင်ရဲ့စကားငှါးပြောလိုက်မယ်
    အင်တာနက်ဆိုတာဆေးခါးကြီး(ဘီယာ)နဲ့တူတယ်
    သုံးတတ်ရင်အင်မတန်ကောင်းတဲ့ဆေးနဲ့တူပြီး
    မသုံးတတ်ရင်ဘေးဖြစ်စေတယ်ဆိုလားပဲ မနောရဲ့

  • naywoonni

    January 9, 2011 at 3:58 pm

    အင်း ကျွန်တော့ ကိုစောင်းပြောနေသလားမသိဘူး
    ခုတစ်လော အဖော် မရှိတာနဲ့ နေ့တိုင်းလောက်ထိုင်ဖြစ်နေတယ်
    အရင်ကတော့ သူူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်လိုက် စာအုပ်ဆိုင်သွားလိုက် (အဖော်ဆိုတာ ဝါသနာတူအဖော်ကိုပြောတာနော်) ခုတစ်လောတော
    ့အဲဒိသူငယ်ချင်းက သူ့မဟေသီကျောင်းပိတ်ရက်တွေ များနေလို့ သူ့ခမျာ မအားရရှာဘူးလေ

  • zaw min

    January 9, 2011 at 5:12 pm

    တန်ဆေး…လွန်ဘေး…ပါပဲ…ဘယ်အရာမဆို မိမိကကောင်းတာတွေပဲ လိုချင်ရင် ကောင်းသောအလုပ်ကိုလုပ်ပါ။အကျိုးရှိသောအလုပ်ကိုလုပ်လျှင် အကျိုးရှိပါမည်။

  • Gipsy

    January 9, 2011 at 5:26 pm

    အားလုံးကိုလေးစားပါတယ်….ကျွန်တော်ကကိုယ့်မွေးရပ်မြေအကျိုးသယ်ပိုးချင်တဲ့တောသားလေးပါ….
    နီးစပ်ရာဆိုင်လေးတွေမှာထိုင်ပြီးဝါသနာတူအဖော်ရဲ့ဖုံးသတင်းအမှန်တွေကိုတင်ပြပေးနေတာပါ…….
    internet…သုံးတင်ပြတာထိရောက်မှုရှိလို့စွဲလမ်းသလိုဖြစ်နေပါတယ်…..အများအကျိုးမို့စိတ်လဲပျော်ပါတယ်….
    ခု…ygn.မှာရှိနေတယ်……ခုဆိုရင်မွေးရပ်မြေက…လာဘ်ယူသူတွေအရမ်းတုန်လှုပ်နေကြပါတယ်……
    မိတ်ဆွေအားလုံးရဲ့အားပေးမှုတွေကြောင့်ဆိုရင်မမှားပါဘူး…..

  • char too lan

    January 10, 2011 at 8:44 am

    (အင်တာနက် သုံးတဲ့သူတိုင်းဟာ ဘဲ ဝင်နေကြတယ်လို့ နေရာတော်တော် များများမှာ သတင်းထွက်လာတယ်။) ကျနော် နားမလည်ဘူး မနော @_@

  • Gipsy

    January 10, 2011 at 11:22 am

    တစ်ယောက်ယောက်တော့..ရှင်းပြပေးပါ…
    ကျွန်တော်လဲ..ဘာသာပြန်လို့မရဖြစ်နေတယ်….( ဒုန်းမနီးဖြစ်နေလို့ပါ )…..

  • ဦးနီရေ အားရင် နက်ဆိုင်မထိုင်ပါနဲ့။ အနာ္တရာယ်များပါတယ်။ ကျွန်တော်တို့မြို့မှာ ည၁ဝနာရီခွဲ ဆိုင်ပိတ်ပြီဆိုရင် တညလုံး ဖွင့်ကြည့်ကြတော့တာပဲ။ အဲဒါ ကြည့်ဖို့ password တောင်သိစရာမလိုဘူး။ နေရာတိုင်းမှာ သူတို့ချည်းပဲ။ ကြောက်စရာကောင်းတယ်။ တိုင်းပြည်မှာ လူကောင်းသူကောင်းရှားရတဲ့အထဲ။ သတိထားပါ။

Leave a Reply