အချစ်မဲ့ အမုန်းမဲ့သော….

manawphyulayJanuary 9, 20111min1105

လူတစ်ယောက်ကို ချစ်နေရရင်
လောဘတွေနဲ့ ပူလောင်ရသလို
မုန်းနေရင်လည်း
ဒေါသတွေက
ပူလောင်စေတယ်…..
ဆုတောင်းတိုင်သာ
ပြည့်မယ်ဆိုရင်
ငါလေ…..
ဖြစ်တည်ရသမျှ
ဘဝတိုင်းမှာ
အချစ်မဲ့
အမုန်းမဲ့သော
သူသာ
ဖြစ်ရပါစေသား……။
(ခုဘဝ မဟုတ်ဘူးနော် ဟီးဟီး)

5 comments

  • naywoonni

    January 9, 2011 at 2:25 pm

    ခုဘဝမှာတော့ လောဘတွေ ဒေါသတွေနဲ့ နဘမ်းလုံးနေဦးမယ်ပေါ့ လေ ကောင်းပါလေရဲ့

  • bigbird

    January 9, 2011 at 2:56 pm

    အချစ်မဲ့တဲ့သူတော့မဖြစ်လိုပါဘူး။ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးလို ့ဘုရားဟော
    ထားတဲ့အတိုင်း ဘယ်သူ ့ကိုမှမချစ်ရင်နေ ကိုယ့်ကိုယ်ကိုတော့ချစ်နေရအုံးမှာပဲ။

  • kopauk mandalay

    January 9, 2011 at 2:59 pm

    အချစ်မဲ့ အမုန်းမဲ့ဆိုရင်
    ဆားမပါတဲ့ ဟင်း ငရုတ်သီးမပါတဲ့ ဟင်းစားရသလိုနေမှာပေါ့နော်။

  • Gipsy

    January 9, 2011 at 5:48 pm

    အမုန်းကိုချန်ထားခဲ့မယ် ….အချစ်နဲ့ခရီးဆက်သွားချင်သေးတယ်…

  • zaw min

    January 9, 2011 at 7:39 pm

    “ပိုးဖလံမျိုး မီးကိုတိုး” …..အင်း..ပုထုဇဉ်ထဲက ပုထုဇဉ်ပေမို့….
    မီးဆိုတာပူတယ်နော်…ပူတာကို ပူမှန်းသိရင်….ပူမှာပဲနော်…
    သောကကင်း၍ ဘဝအမောတွေ ပြေပျောက်ပါစေ။

Leave a Reply