ဒီနေ့မနက်ပိုင်း ဆိုင်းသံ ဗုံသံတွေ တခြိမ်းခြိမ်း ကြားနေရတယ်။

စုံစမ်းကြည့်တော့ ဒီနေ့နဲ့ မနက်ဖြန် နတ်ကန္နားပေးမယ်တဲ့။

ဘယ်လိုများလဲ ထပ်မေးကြည့်တော့.. သေသွားတာ နှစ်လလောက် ရှိမယ် ထင်တယ်။

နတ်ကတော် ခေါင်းဆောင် ဖြစ်ခဲ့ဘူးတယ် သေပြီး နောက်ပိုင်း ခဏခဏ တူမလေးကို ၀င်ပူးပြီး စကားဝင်ပြောလွန်းလို့ နတ်ကတော် အပေါင်းအပါများက အကုန်အကျခံပြီး ကန္နားပေးကြတာပါ။ ကုန်ကျစရိတ်ကတော့ နတ်ကတော် အပေါင်းအပါများ ခံပေးတယ်လို့ သိရတယ်။ ကုန်ကျ စရိတ်က ၁၀သိန်း ကျော်တယ်လို့ ပြောတယ်။ ၀င်ပူးပြောတုန်းက ရီလည်း ရီရတယ် သနားဖို့လည်း ကောင်းတယ်။ ဘေးအိမ်တွေက ခြောက်လွန်းလို့ မအိပ်ရဲဘူးလို့တောင် ကြားမိတယ်။ ၀င်ပူးပြောတုန်းက သူ့အမ လုပ်သူကို ငါ ၂လုံးပေါက်တာ ၁၀၀ ဖိုး မဟုတ်ဘူး ၂၀၀ ဖိုး အဲဒါ သွားထုတ်လိုက် အုန်း ဆိုတာလည်း ပါသေးတယ်။ ၀င်ပူးပြောပြီး ရစရာရှိတဲ့ အကြွေးတွေ လိုက်တောင်းနေလွန်းလို့.. လမ်းထိပ်မှာ ခေါက်ဆွဲ ရောင်းတဲ့ ဈေးသည်ဆိုလည်း ဟဲ့.. မိစိန် နင်ယူထားတဲ့ ငါ့ အကြွေး ၃သိန်းနော် မိစိန်က ဘာ ၃သိန်းလဲ မဟုတ်ဘူး ၁သိန်းထဲ.. ဟဲ့ ကောင်မ ငါ သေသွားပြီ ဆိုပြီး နင် မငြင်းနဲ့ နင် ယူထားတာ ၁သိန်း ၃ခါ ယူသွားတာ နေ့ရက် အတိအကျ ပြောတော့ မိစိန် တယောက် ၀န်ခံသွားလေရဲ့..

ပြောလို့သာ ပြောတာ..  နတ်ကန္နားနဲ့ တရားပွဲနဲ့ လမ်း တလမ်းတည်း ဖြစ်နေတယ်။

About ဆူး

has written 398 post in this Website..