“အမေက ငယ်သေးတယ်တဲ့ ရှင်…………”(အပိုင်းနှစ်)

ဘာလေးဖြစ်ဖြစ် ဘာသာတရားအမြင်နဲ့ သာတိုင်းတာတတ် ပြီး ပွင့်ပွင့်လင်းလင်းကြီးပြောတတ်ပြန်တဲ့
အပျိုကြီး “မမစိမ်း”ကတော့.
“နင်တို့ကလဲ ဆုတ်ကပ်လေဟယ် ဆုတ်ကပ်။
သာသနာကွယ်တဲ့ခေတ်။
ဒန့်ကျွဲပင် ပုခက်လွဲတဲ့ခေတ်။
လူတွေက ဒီတပ်မက်မူ့တွေနောက်ဘဲလိုက်၊
ဒီတဏှာကိစ္စဘဲစဥ်းစားနေကြတော့
စောစောအိမ်ထောင်ကျ စောစောမွေး
စောစော သေပေါ့ဟဲ. “ပါတဲ့။

ဘာမဆိုတွေးတွေးဆဆနဲ့ အကွက်လည်အောင်စဥ်းစားပြီးပြောတတ်တဲ့ “ဝေဝေနွယ်” ကတော့
“ယောက်ျားလေး အိမ်ထောင်ပြုတယ်ဆိုတာက ယဉ်ယဉ်ကျေးကျေးလေးပြောရရင် အဖော်ရှာတာ။
သူ့ဝေယျာဝစ္စကို တသက်လုံးလုပ်ပေးမယ့်သူကို ရှာတာ။
ဒီအတွက် သူပြန်ပေးမှာကတော့ လုပ်ကိုင်ကြွေးမွေးမယ် ဘဝကို လုံခြုံအောင်အကာအကွယ်ပေးမယ်။
ယောက်ျားတွေပြောတတ်တဲ့ အချစ်တွေဘာတွေဆိုတာကတော့ အပေါ်ယံအကာတွေလို့ပြောမယ်ဆိုရင်လဲ ရပါတယ်။
မိန်းမသားတွေကလဲ ကိုယ့်ဘဝလုံခြုံအောင် အတွက် စောင့်ရှောက်နိုင်သူလို့ ယူဆနိုင်တဲ့လူကိုလက်ထပ်မှာဘဲ။
အားကိုးရာရှာမှာဘဲ။
ကိုယ့်မိဘအိမ်က သာသာယာယာရှိနေမယ် ပြည့်စုံနေတဲ့ မိန်းကလေးတွေကတော့ အိမ်ထောင်ပြုဘို့က သူ့အတွက်
သိပ်အရေးမပါဘူး။အဲ အမြဲတမ်းပြဿနာတွေနဲ့လုံးထွေးနေတဲ့အိမ်ကမိန်းကလေး၊
စီးပွားရေးမပြေလည်တဲ့အိမ်ကမိန်းကလေး၊
သူ့ဘဝအတွက်မလုံခြုံတဲ့အိမ်ဖြစ်ပေမယ့်လဲ အားကိုးရာမရှိလို့ ခိုကပ်နေရတဲ့မိန်းကလေးမျိုး၊
အမြဲတမ်းမလွတ်မလပ်နဲ့ အချုပ်အချယ်ခံနေရတဲ့ မိန်းမသားတွေကတော့
သူတို့ရဲ့လက်ရှိအခက်အခဲက လွတ်မြောက်အောင်ရုန်းထွက်တဲ့နည်းလမ်းကတော့
သူတို့ကို ကမ်းလှမ်းလာသူထဲက အားကိုးစရာကောင်းလောက်မယ်ထင်တဲ့သူကိုရွေးချယ်လို့
လက်ထပ် တတ်ကြတော့ စောစောစီးစီး အိမ်ထောင်ကျတာများပါတယ်။”

အသက်သာသုံးဆယ်ကျော်လာတယ် ငွေကြေးတော်တော်လေးလဲရှိပြီး
နွေးထွေးတဲ့ မိသားစုလေးထဲမှာ ကြီးပြင်းလာခဲ့သူ၊
အလုပ်အကိုင်ကလဲသူများတွေကို စီမံအုပ်ချုပ်ရတဲ့နေရာမှာ လူကြီးတစ်ယောက်လို
ဆောင်ရွက်နေရပေမယ့်လည်းအိမ်ရောက်တာနဲ့ကလေးလိုနေ၊
အဖေအမေကြား မှာ ဝင်ပြီးတိုးခွေ့ အိပ်တုံးလို့ ကြွေးကြော်တတ်သူ၊
သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်သူ “ချိုချို”ကတော့
“’ဒို့ကတော့ အပူမရှာဘူး မိဘအရိပ်ထက်အေးတာ ဘာမှမရှိဘူး၊
အေးဒို့မိဘထားတာထက်သာအောင် ထားမယ်ဆိုရင်တော့ စဉ်းစားမယ်”လို့
“ဝေဝေနွယ်”ရဲ့အဆိုကို သွယ်ဝို်က်သောအားဖြင့်ထောက်ခံသလိုပြောပါတယ်။

ကျနော်တို့ထက်အသက်ကြီးပြီး “လူပျိုဆိုတာ ဂုဏ်ရှိတယ်”ဆိုတဲ့ “ကိုကြီးထိန် “
“ အိမ်ထောင်ကျတယ်ဆိုတာအချစ်ဆိုတာကို ခံစားတတ်စ အရွယ်ငယ်တုန်းမှာ
ဘာမှ သိပ်မစဉ်းစားဘဲနဲ့ ယူချင်ယူလိုက်ကြ၊
အေးတဖြည်းဖြည်းအသက်ကြီးလာရင်တော့ ဟိုလိုစဉ်းစား ဒီလိုစဉ်းစား
ဟိုတွေးဒီတွေးနဲ့ ယူရမှာကြောက်ကြောက်လာတာဘဲ။
ဒီပြင်လူမကြည့် နဲ့ငါ့သာ ကြည့်တော့ “လို့ ဆိုပြန်ပါတယ်။

“ကိုဇော်ထက်” ရဲ့အမြင်ကတော့ တစ်မျိုး ထူးထူးဆန်းဆန်းပါ။
“ ယောက်ျားလေးအိမ်ထောင်ကျတာ ကံနိမ့်လို့”ဆိုပါတယ်။
ဒါဆိုရင် မိန်းကလေးက ကံမြင့်လို့ လက်ထပ်ရတာနေမှာပေါ့နော်။
တမျိူးတော့ တမျုးိကြီးပါ နားထောင်ရတာ။

(ဆက်လက်ဖော်ပြပါမည်)

7 comments

  • unclegyi1974

    January 10, 2011 at 3:56 pm

    ဆင်းရဲတဲ့မိန်းကလေးတိုင်းအိမ်ထောင်ကျမစော
    ပါဘူး
    ချမ်းသာတဲ့မိန်းကလေးထဲမှာလဲအိမ်ထောင်ကျစောတာတွေရှိပါတယ်
    အိမ်ထောင်ကျစောတာနောက်ကျတာ
    ဆင်းရဲတာ ချမ်းသာတာနဲ့မဆိုင်ဘူးလို့ပြောချင်ပါ
    တယ် ကိုပေါက်ရေ

  • အန်ကယ်ဂျီးရေ ဆင်းရဲတဲ့ဒေသက မိန်းကလေးအတော်များများက အိမ်ထောင်ပြုတာကို ဘဝထွက်ပေါက်အနေနဲ့အသုံးချတတ်ကြာတာလက်တွေ့ပါ။

  • aye.kk

    February 19, 2012 at 2:01 pm

    တောလက်ကျေးရွာကဖွံ ့ဖြိုးတိုးတက်မှုနှေးကွေးကာ..
    မြို ့ပြထက်အသိပညာနိမ့်ပါးသည်။
    ခေတ်မှီကာကွယ်ဆေးဝါးများမသိနားမလည်ကြပါ..
    ထို့ကြောင့်အိမ်ထောင်ကျတာစောကြပါသည်။(မှားပါကခွင့်လွတ်ပါရှင့်)
    ကျမအမြင်ကိုပြောပြချင်းသာဖြစ်ပါသည်။

  • “ကိုဇော်ထက်” ရဲ့အမြင်ကတော့ တစ်မျိုး ထူးထူးဆန်းဆန်းပါ။
    “ ယောက်ျားလေးအိမ်ထောင်ကျတာ ကံနိမ့်လို့”ဆိုပါတယ်။
    ဒါဆိုရင် မိန်းကလေးက ကံမြင့်လို့ လက်ထပ်ရတာနေမှာပေါ့နော်။
    တမျိူးတော့ တမျုးိကြီးပါ နားထောင်ရတာ။
    ————————————————–
    ကိုပေါက်ရေ စိတ်ဝင်စားလို ့စောင့်ဖတ်နေမယ်ဗျာ။ကံတော့မနိမ့်
    ချင်ဘူးဗျ။

  • ဒီပိုစ်က အစအဆုံးရေးပြီးသားပါ။
    ကော်မင်းအဟောင်းကို ပြန်မန်းမိလို့တက်သွားတာပါ
    ရှာဖတ်ကြည့်စေလိုပါတယ်။

Leave a Reply