“အမေက ငယ်သေးတယ်တဲ့ ရှင်………”(အပိုင်းလေး)

ကျနော်တူလေး ကိုဖြိုး ကိုဒီလို အိမ်ထောင်စောစောစီးစီးကျသွားတဲ့ကလေးတွေအကြောင်းပြောတော့
သူက ဟက်ဟက်ပက်ပက်ရီပါတယ်။
ပြီးမှသူက “ လေးပေါက်က စောစော စီးစီး အိမ်ထောင်ကျတဲ့သူတွေဘဲ လိုက်ကြည့်တော့ သူတို့ကိုဘဲမြင်မှာပေါ့။
ကဲလေးလေး ကျနော်တို့ အုပ်စုကြတော့ရောဗျာ။နောက်ကျနော်တို့ အုပ်စုကို လေးလေး လဲအမြဲတွေ့နေတာ ဘဲ။
ကိုစိုင်းနဲ့ ငမျုးိဘဲအိမ်ထောင်ကျသေးတာ။
ကျနော်တို့အဖွဲ့မှာ လူပျိုသိုးကြီးတွေ (6)ယောက်တိတိကျန်ပါသေးတယ် လေးလေးရ “
နောက်မှသူက ဆက်ပြောတာက
” လေးလေးတို့ခေတ်ကတော့ ဟုတ်တယ် မိန်းကလေးတစ်ယောက်ကို စက်ဘီးပေါ်တင်ဘို့ မပြောနဲ့ အသိဖြစ်ဘို့
စကားလေးပြောဘို့ တောင်မလွယ်တာလေ။
နောက်သမီးရီးစားဖြစ်ပြန်ရင်လဲ တွေ့ဘို့ဆိုတာ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့ တကယ်ပြဿနာ။
အဲတော့ တူမောင်မယ်နီးဘို့ ခက်တော့ မြန်မြန်လက်ထပ်ဘို့လုပ်ရတာပေါ့။
ကျနော်တို့ ခေတ်ကတော့ လွတ်လပ်တယ်။တွဲသွားတိုင်းလဲ သမီးရီးစားမဟုတ်ဘူး။
လူကြီးတွေ တွေ့တော့လဲ (သူငယ်ချင်းလေးပါဘဲ)လို့ပြောလိုက်ရင်ပွဲပြီးဘဲ။
နောက်သမီးရီးစားဖြစ်ရင်လဲ အမြဲတွေ့နေရတာ။
ဒီတော့ ရိုင်းတာတော့ မဟုတ်ဘူးလေးပေါက်ရ ကျနော်တို့ခေတ်မှာ ကိုယ့်ချစ်သူကိုယ် လူမြင်သူမြင်တွဲလို့လဲရတယ်
လက်ကလေးကိုင်ခိုင်းလဲရတယ် ဆိုင်ကယ်နောက်ကနေ ဖက်ခိုင်းလဲရတယ်၊ ပါးကလေးနမ်းလို့လဲဘာမှ မဖြစ်ဘူး
အဲတော့ တွေ့ချင်ယုံလေး နဲ့လဲ အလောတကြီးလက်ထပ်ဘို့မလိုဘူး ။အေးဆေးဘဲ။
အဲတော့ အခုခေတ် လူငယ်တွေ ငယ်ငယ်လေးနဲ့လက်ထပ်နေကြတယ်လို့ ထင်တာ မှားနေပြီလေးပေါက်ရေ“
ဟုတ်တော့လဲဟုတ်ပါတယ်။
သူတို့သူငယ်ချင်းအုပ်စုလိုက်ကြီးက ကျောင်းတက်ကတည်းကတွဲနေကြတာ။
ကျောင်းပြီးပြန်တော့လည်း အိမ်ကပေးစားတဲ့ နှစ်ယောက်သာ အိမ်ထောင်ကျပြီး အုပ်စုထဲက ပဲ့ထွက်သွားတာ။
ကျန်တဲ့လူတွေက အသက်သုံးဆယ်တန်းသာရောက်လာတယ် လူပျိုကြီး ဘဝကို မစွန့်လွှတ်ကြသေးပါဘူူး။

ကျနော်ငယ်ငယ်က နားထောင်ခဲ့ရတဲ့သီချင်းလေးတပုဒ်ကတော့ အိမ်ထောင်ပြုချင်ရှာတဲ့ အသက်အရွယ်ရနေပြီဖြစ်တဲ့
မိန်းကလေးက သူ့တို့လက်ထပ်တာကိုခွင့်ပြုပေးဘို့ သူ့အမေကိုတောင်းပန်တဲ့သီချင်းလေးပါ။
သီချင်းနာမယ်က “ယောင်းမ”ဆရာမြို့မငြိမ်းရေးတာဖြစ်ပါတယ်။
နေ့စဉ်သုံးစကားလေးတွေနဲ့ရေးထားပေမယ့် စာသားလေးက လှပသလိုအသက်ဝင်လို့ နားထောင်ရတာကြွတက်နေပါတယ်။
“ အမေ့ကိုပင် ကျမတို့အရွယ် မငယ်တော့ဘူးလို့ နူးရအုံးမယ်ရှင်၊
ဂျာမဏီတွင် အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေစုံကာဖက်လို့ လက်ဆက်စေသတဲ့“ဆိုပြီးသူ့အမေကို လဲခွင့်ပြုဘို့တောင်းပန်၊
“အမေကငယ်သေးတယ်တဲ့ရှင် သမီးချောလှသဇင် ယောင်းမ မစီးပါရစေနဲ့ရှင်”ဆိုပြီးချစ်သူကိုလဲချွေးသိပ်နဲ့ သိပ်ကိုဗျာများသွားပုံရပါတယ်။
ဒါကရှေးရှေးတုန်းက အကြောင်းလေးပေါ့။

ကျနော်အကိုကြီးလိုခင်ရတဲ့ ဒဿနတွေထုတ်ထုတ်ပြတတ်တဲ့ ”ကိုဆန်းဝင်း” ကတော့
“ယောက်ျားနဲ့မိန်းမ လက်ထပ်တယ်ဆိုတာ လူအတော်များများထင်သလို
စိတ်ခံစားမူ့ပြေပျောက်ရုံလို့ထင်ရင် အဲဒီအတွေးက တော်တော်အောက်တန်းကျတဲ့အတွေးလို့ပြောရမှာဘဲ။
ငါတို့လူသားမျုးိနွယ်စုကြီးဆက်လက်တိုးပွားလာအောင်၊မိသားစုတစ်စုနဲ့တစ်စု ပေါင်းစည်းပြီးဆွေမျုးိစုကြီးဖြစ်လာအောင်
သမိုင်းပေးတာဝန်ကိုလက်ပြောင်းယူတာ“လို့ တွေးတွေးဆဆနဲ့ပြောတတ်ပါတယ်။

ကျနော်နဲ့အလုပ်အတူတွဲလုပ်နေရတဲ့ အပျိုကြီး “မဝင်းနီ” ကတော့ ဒီအိမ်ထောင်ပြုတဲ့အကြောင်းပြောလို်က်ရင်
“ ဒီအကြောင်းစကားမစ စမ်းပါနဲ့ ဦးပေါက်ရာ၊
တွေးရင် ရင်မောလွန်းလို့။
မျက်စေ့လည်လမ်းမှားပြီးရီးစားလေးတစ်ယောက်ထားမိပါတယ်။
လက်ထပ်မယ်စဉ်းစားလိုက် အတွေးထဲမှာတင်လိုအပ်ချက်တွေက ပေါ်လာလိုက်နဲ့၊
နှစ်ယောက်လက်ထပ်မယ်ကြံလိုက်ရင် သူ့ဘက်က မောင်လေးအတွက်ငဲ့လိုက် ကိုယ့်ဘက်က ညီမလေးကိုငဲ့လိုက်နဲ့
ဘဲ ဆွေးနွေးခန်းက လမ်းတဝက်နဲ့ရပ်ရပ်သွားတာ ကြာ ကြာလှပေါ့ “လို့ မောလျလျလေးပြောတတ်ပြန်ပါတယ်။

ကျနော်ညီလေးလိုနေတဲ့ “ရေခဲတိုက်”ကတော့
“အကိုရေ ဟိုကိစ္စသက်သက်နဲ့တော့ မိန်းမတစ်ယောက်ကို ကောက်ယူပြီးတစ်သက်လုံးလုပ်မကျွေးနိုင်ပါဘူး“တဲ့။
“အမ်းမိန်”လို့ခေါ်တဲ့ ကောင်မလေးကတော့
“တာကောရေ ကျောင်းတုန်းကတော့ ရီးစားလေးတစ်ယောက်ထားခဲ့ဘူးပါတယ်။
လူရိုသေရှင်ရိုသေပေါ့။ကျောင်းပြီးခါနီးတုန်းကတော့ လက်ထပ်ဘို့ကြိုးစားကြပါသေးတယ်။
ဒါပေမယ့် အဲဒီတုန်းအဆင်မပြေခဲ့ဘူး၊အခုတော့လဲ အိမ်စီးပွားရေးကခေါင်းပေါ်ရောက်လာတော့ ဒါတွေခဏဘေးဖယ်ထားသေးတယ် “ပါတဲ့။

ကဲကျနော်ကတော့ သိသလောက်လူတော်တော်များများရဲ့အမြင်တွေကို ပြောပြပြီး။
ဒီအကြောင်းလေးနဲ့ ပါတ်သက်လို့ မိတ်ဆွေများရဲ့အမြင်အတွေးလေးတွေကို ဝို်င်းလို့ဆွေးနွေးကြတာကို
သိချင်စမ်းလှပါသဗျာ။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး(www.kopaukmdy.info)

12 comments

  • ဆူး

    January 9, 2011 at 4:54 pm

    အို.. ကိလေသာ နွံထဲ ဆွဲသွင်းတဲ့ ကိစ္စ အာပတ်သင့်မှာ စိုးလို့ မမိန့်တော့ဘူး။ ဒို့ကတော့ ကြားနေဝါဒ ဘယ်မှ မပါဘူး။

  • weiwei

    January 9, 2011 at 5:58 pm

    ဒို့ကတော့ ဒါမျိုးကိစ္စတွေစိတ်ကူးဖို့ အချိန်ကိုမရှိသေးဘူး …

    • kai

      January 9, 2011 at 8:28 pm

      အဲဒါ ..ဂယ်ဂယ်များဖြစ်ကြောင်း.. တဖက်လှည့်နဲ့ ပြောနေတာပါဗျိုုး..။
      ရွာသူတွေပြောနေတော ့… ကာလသား -ရွာသားများကလည်း မနှေးကြပါလင့်…။

      (ဂယ်ဂယ် = စင်ဂယ်)

  • kopauk mandalay

    January 10, 2011 at 2:37 am

    အမှားပြင်ပါတယ်ခင်ဗျာ

    စာလုံးပေါင်းမှားသွားလို့ပါ.

    “ယောက်မ”

    လို့ပြင်ဖတ်ပေးစေလို့တယ်။

  • manawphyulay

    January 10, 2011 at 3:24 am

    ဟီး စာလုံးပေါင်းကတော့ ပြင်ရမယ်ဆိုရင် အကုန်နီးပါးလောက်ဖြစ်မယ်ထင်တယ်။ ကျနော် ဆိုတဲ့နေရာမှာ ဖတ်ရတာက ကျွန်တော်ဆို ပိုကောင်းနေသလိုပေါ့ ဟီး ဘာမှကျောတော့ဝူးနော်

  • bigcat

    January 10, 2011 at 6:45 am

    ဦးပေါက်ရဲ့စာကို မှတ်ချက်ပြုသူတွေက ကျနော်မပါဘဲ သုံးယောက်ရှိတယ်။ သူတို့အားလုံးကလည်း အိမ်ထောင်မရှိသူတွေဆိုတော့ ဘာနဲ့သွားတူနေသလဲဆိုရင် ဘုန်းကြီးက အာဝါဟဝိဝါဟ မင်္ဂလာအကြောင်း ပြောသလိုဖြစ်နေတယ်။ ကြောင်ကြီးမှာတော့ လေးယောက်တောင်ရှိတယ်။ လမ်းသွားရင် ရှေ့နောက်ဝဲယာ ခြံရံနေလို့ လမ်းသွားရင်တောင် မြန်မြန်သွားလို့မရဘူး။ ဒါမှမဟုတ် ဦးပေါက်က ဘယ်သူ single ဘယ်သူ married လည်းလို့သိချင်လို့ လှည့်လိုက်တာ မဟုတ်လား။ မြန်မာဝီကီလိခ်ရဲ့သတင်းအရကတော့ ဆရာမိုက်ကယ်ဂျော်နီအောင်ပုက သူ့မဟေသီတဦးချင်းစီရဲ့ နာမည်အဖျားလေးတွေကိုဆွတ်ပြီး မန်းဂေဇက်မှာ ကလောင်နာမည် ပေးထားဆိုပဲ။

  • kopauk mandalay

    January 10, 2011 at 11:44 am

    ယောက်မနဲ့ယောင်းမ အနက်အများကြီးကွာသွားလို့ပြင်ပေးတာပါ။
    အခုပို့စ်ထဲမှာက
    မြန်မာစကားပုံမှာ(ယောက်မမြင်းစီးထွက်တယ်)ဆိုတာလေးကို ညွန်းပြီးရေးထားလို့ပါ။
    စကားလိုပြောရင် ကျနော် လို့ အသံထွက်အတိုင်းရေးလို့ ခွင့်ပြုပြီး
    စာလိုရေးရင် ကျွန်တော်လို့ ရေးရမယ်လို့ ကျနော်ငယ်ငယ်တုန်းက မြန်မာစာဆရာက သင်ပေးထားပါတယ်ခင်ဗျာ။

  • bigbird

    January 10, 2011 at 3:15 pm

    ကိုယ်ကြိုက်တဲ့အရွယ်မှာ အိမ်ထောင်ပြုသင့်တယ်လို ့ထင်ပါတယ်။ဒါပေမယ့်
    ကိုယ်နဲ ့ကိုယ့်ပတ်ဝန်းကျင်ကို ပူပင်သောက ရောက်စေတာမျိုး လေးလံတဲ ့
    ဝန်ထုတ်ဝန်ပိုးဖြစ်စေတာမျိုး မဖြစ်ဘူးဆိုရင်ပေါ ့။

  • search123

    January 11, 2011 at 4:49 am

    အသက်ကြီးမှ ယောက်မမြင်းစီးထွက်တာ ထက်စာရင်
    ငယ်တုန်းရွယ်တုန်း ကိုယ်ကြိုက်တာ ကိုယ်ယူတာ ပိုကောင်းတယ်လို့ထင်ပါတယ်။
    ဘယ်အရွယ်မှာပဲ ယူယူ ဝန်ထုပ်ဝန်ပိုးဖြစ်စေတာ ကတော့ ရှိနိုင်ပါတယ်။

  • MaMa

    January 11, 2011 at 7:37 am

    အိမ်ထောင်ပြုတယ်ဆိုတာကို ကလေးအားကစားပြိုင်ပွဲတွေက သုံးချောင်းထောက် အပြေးပြိုင်ပွဲလို မြင်ပါတယ်။ စည်းဝါးကိုက်ရင်တော့ အဆင်ပြေနေသလို စည်းဝါးမကိုက်ရင် အလဲလဲ အကွဲကွဲတွေဖြစ်တတ်ပါတယ်။ ဘယ်ကိစမဆို အကောင်းနဲ့အဆိုးက ဒွန်တွဲနေတတ်တာမို့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကိုရင်ဆိုင်ဖို့ ကြိုးစားထားရမယ်ထင်တယ်။

  • etone

    January 11, 2011 at 9:54 am

    အသက်ငယ်တုန်းကတော့ တစ်ယောက်ထဲနေတာ(အိမ်ထောင်မပြုပဲနေတာ) ဘာမှမဖြစ်ပေမဲ့ …. အသက်နည်းနည်းရလာရင်တော့ တစ်ဦးထဲနေရရင် အထီးကျန်တဲ့ ခံစားမှူမျိုးလေးဖြစ်လာမှာပဲ ။ သူငယ်ချင်းဆိုရင် အသက်ကြီးတဲ့အခါ (လူလတ်ပိုင်းထဲဝင်တဲ့အခါ) ကိုယ့်ဘေးမှာ အမြဲရှိနေဖို့ဆိုတာ မလွယ်ပါဘူး ။ အသက်တွေရင့်တော့မှ လိုက်ရှာရင် နွားအိုမြက်နုကြိုက်တယ်အပြောခံရမှာလည်းဆိုးတော ့ … အရွယ်လေးကောင်းတုန်းအဖော်ရှာကြတယ်ထင်ပါတယ်.. ။

    ရည်းစားထားတဲ့အခါ စံနှုန်းတွေသိပ်မမြင့်ပေမဲ့ တွဲဖြစ်နိုင်ပေမဲ့ .. တစ်ကယ်တမ်းယူဖို့စဉ်းစားရင်တော့ နက်နက်နဲနဲလေးတွေးရပြန်ပြီပေါ့ ။
    ရည်းစားထားတဲ့အခါ နေဖို့ထိုင်ဖို့ ၊ ချက်ပြုတ်စားသောက်ဖို့ ၊ သူ့ဘက်ကိုယ့်ဘက်ပံ့ပိုးစရာတွေ စဉ်းစားစရာမလိုပေမဲ့ တစ်ကယ်တမ်း အိမ်ထောင်ပြုတော့မယ်ဆိုရင် အကုန်သေချာစဉ်းစားရပါတယ် ။ မဖြစ်မနေ urgent ယူရမဲ့ ကိစ္စမျိုးက လွဲရင် သေချာစဉ်းစားဖို့လိုပါတယ် …။ အိမ်ထောင်ပြုမယ်ဆို အစစအရာရာ မပိုလျှံလျှင်တောင်မှ မရှိ ၊ မရှား အတော်သင့် လူတန်းစေ့ နေနိုင်မှသာ အိမ်ထောင်ပြုသင့်တယ် ။ မဟုတ်ရင် စီးပွားရေး မပြေလည်တာနဲ့ပဲ စလည်ဝင်အိုးဖင်မမဲခင်က ကွဲပြဲကြတာတွေဖြစ်လာတတ်ပါတယ် ။ နောက်တစ်ခုက next generation ပါ ..။ ကိုယ် ကိုယ်တိုင်က ဝရုန်းသုံးကား ရုန်းကန်နေရရင် ကိုယ့် generation အတွက် ဘယ်လိုမှ တာဝန်မကျေနိုင်ပါဘူး ။
    သာယာတဲ့ မိသားစု ဘဝမျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး ။ နောက်အရေးကြီးတဲ့ အချက်က မိမိအိမ်ထောင်ဘက်ဖြစ်လာမဲ့လူရဲ့ အကျင့်စရိုက်က အရေးကြီးပါတယ် ။ ထိုသူဟာ ရည်းစားထည်လဲတွဲခဲ့ဖူးသူဆိုလျှင်တော့ …အိမ်ထောင်ပြုဖို့မစဉ်းစားခင်ကတည်းက သွေးစစ်ကြည့်သင့်ပါတယ် …။ မလိုလားအပ်တဲ့ရောဂါတွေ ခံစားနေရပြီဆိုရင် ဘယ်လိုမှ သာယာတဲ့ မိသားစုမဖြစ်နိုင်တော့ပါဘူး ။
    အ ိမ်ထောင်ဘက်ရဲ့ အကျင့် ကို ကောင်းကောင်းသိဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ ။ အသုံးစွဲကြီးသူလား ၊ လောင်းကစားမက်သူလား ၊ ဖောက်ပြားတတ်သူလား .. ဆိုတာ သေချာစဉ်းစားပြီးမှပဲ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်သင့်ပါတယ် ။ အထူးသဖြင့် အမျိုးသမီးတွေ အိမ်ထောင်ပျက် ၊ တစ်ခုလတ် ဆို ဆိုက်ကားသမားတောင် ဝင်ရောချင်ကြတယ် ။ အမျိုးသားများအတွက်တော့ နှစ်ယောက်ပြိုင်ယူလဲ ခပ်ပြောင်ပြောင်ပဲ နေတာ မြင်ခဲ့ဖူးပါတယ် .. ဒီတော့ ..အိမ်ထောင်ပြုခြင်းကိစ္စဟာ အမျိုးသမီးများအတွက်တော့ နက်နက်နဲနဲ စဉ်းစားရမဲ့ ကိစ္စပါ .. အသက်ရွယ်ကြီး၊ ငယ်တာနှင့်မဆိုင်ပဲ စဉ်းစားတွေးခေါ်မှူနဲ့ သာ ဆိုင်ပါကြောင်း ဝင်ရောက် လေရှည်သွားပါတယ်နော် 😀 😀

  • kopauk mandalay

    January 14, 2011 at 2:32 am

    ုတုံမမ ပေးသမျှကော်မင်းထဲမှာ ဒီကော်မင်းလေးကို ကျနော်အတော်လေးနှစ်သက်ပါကြောင်း……………..

Leave a Reply