အန်ကောဝပ် Angkok Wat အပိုင်း ၂

ဆူးJanuary 10, 201126min1164

အန်ကောဝပ် ဆိုတဲ့ မြို့တော်ကြီးက ခမာ အင်ပါယာ ကြီး အဖြစ် အခိုင်အခံ တည်ရှိနေရာကနေ ၁၅ ရာစု လောက်မှာ ထိုင်းတွေ နယ်ချဲ့ တိုက်ခိုင်မှုကြောင့် ကမော္ဘဒီးယားနိုင်ငံ မှာ ရှိတဲ့ အန်ကောဝပ် မြို့တော်ကြီး ကျရှုံးသွားခဲ့ပါတယ်။ ခမာဘုရင်နဲ့ မှူးကြီး မတ်ရာတွေ မိသားစုတွေကတော့ အန်ကောဝပ် ရဲ့ အနီးအနားမှာ ရှိတဲ့ ရေကန်ကြီး တခုရှိပါတယ်။ ထိုရေကန်ကြီးက ဗီယမ်နာမ် အထိ ပေါက်တဲ့ အထိ ကြီးမားပါတယ်။ မဲခေါင်မြစ်ရေက မိုးတွင်း အခါ ရေလျှံတက်လာတဲ့ အချိန်မှာ အိုင်ထွန်းပြီး လျှံလာတဲ့ ရေတွေက ထိုရေကန်ကြီးထဲ ဝင်ပြီး မိုးလွန်ကာလာတွေမှာတော့ ထိုရေကန်ကြီး ထဲသို့ ရေမဝင်တော့ပါဘူး ရေဝင်တဲ့ အချိန်ကတော့ ၄လလောက် ရှိပါတယ်။ ရေကန်ကြီးက ၁၆၀၀ဝ ကီလိုမီတာ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ကျယ်ပြန့်လှတဲ့ ရေပြင်ကျယ်မှာ သင်္ဘောစီးပြီး ဖနွမ်းပင် မြို့ ကို ထွက်ပြေးခဲ့ပါတယ်။ ဘုရင်ကြီးက ထိုကိစ္စကို စိတ်နာတဲ့ အတွက် အန်ကောဝပ် ဆိုတဲ့ အကြောင်း ဘယ်သူမှ မပြောနဲ့တော့ မေ့လိုက်တော့ ဆိုပြီး ဖနွမ်းပင်ကို မြို့တော် အဖြစ်တည်ထားလိုက်ပါတယ်။ ဘုရင်ရဲ့ မင်းမိန့် ဖြစ်တဲ့ အတွက် ဘယ်သူမှ အန်ကောဝပ်ဆိုတာ မပြောတဲ့ အတွက် နောက်ပိုင်း လူငယ်တွေ မသိတော့ဘဲ လုံးဝ တိမ်မြုပ် ပျောက်ကွယ် သွားပါတယ်။

၁၆ရာစု လောက်မှာ ပြင်သစ် လူမျိုးတယောက်က ခမာဘုရင်တွေ ရဲ့ နန်းတော် ဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ထိုအချိန်မှာ ခမာ မင်းဆက် ၃ဆက် ၄ဆက်လောက် ဖြစ်နေပါပြီ။ ဘုရင် ဖြစ်သူတောင် မသိတဲ့ အတွက် တော်တော် အံဩပြီး သမိုင်းတွေ ပြန်ရှာတဲ့ အခါမှာတော့ ထို ဖြစ်ရပ်ကြီးကို တွေ့ရှိပြီး အန်ကောဝပ် မြို့တော်ကို Siem Reap လို့ နာမည်ပေးခဲ့ပါတယ်။ ထိုင်းတွေ တိုက်ထုတ်နိုင်တဲ့ အထိမ်းအမှတ် နာမည် ဖြစ်ပါတယ်။

အန်ကောဝပ် ဆိုတာ ကို ကမော္ဘဒီးယား နိုင်ငံရဲ့ နိုင်ငံ အလံ အဖြစ် အသုံးပြုထားပါတယ်။


ရှေးဟောင်း အမွေ အနှစ်တွေကို ဂုဏ်ယူသော အားဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အန်ကောဝပ်ကို သွားတဲ့ လမ်းကို ကမာ္ဘ့ဘဏ်က ငွေချေးပြီး ဖောက်လုပ်ပေးတဲ့ အတွက် လမ်းအသုံးပြုမှု ကောက်ခံခြင်း မရှိဘဲ လမ်းအလွန်ကောင်းပါသည်။



အန်ကောဝပ် အတွင် အများဆုံး တွေ့ရတဲ့ နတ်သမီး ပုံတွေပါ။ apasara အပ်ဆာရာ လို့ ခေါ်ပါတယ်။ ကောင်းကင်နဲ့ မြေကြီးကို ဆက်စပ် ပေးတယ်လို့ မှတ်ယူကြပါတယ်။

4 comments

  • intro

    January 11, 2011 at 1:47 pm

    မှတ်သားစရာတွေပါပဲ… အရေးအသားလဲ ကောင်းပါတယ်… ဆက်လက်၍ အားပေးနေပါတယ်….

  • windtalker

    September 3, 2011 at 12:33 am

    ဒီလို ပို ့စ်မျိုးလေးတွေ တင်ပေးမယ့် သူတွေ ကို
    တမ်းတ မိတယ် ဆူးရေ

  • မီးမီး သော်

    September 3, 2011 at 2:46 pm

    “”အန်ကောဝပ်ကို သွားတဲ့ လမ်းကို ကမာ္ဘ့ဘဏ်က ငွေချေးပြီး ဖောက်လုပ်ပေးတဲ့ အတွက် လမ်းအသုံးပြုမှု ကောက်ခံခြင်း မရှိဘဲ လမ်းအလွန်ကောင်းပါသည်””
    ဒီမှာတော့ကောက်လိုက်တဲ့လမ်းကြေးတွေ သူဌေးမဖြစ်ရုံတမယ်ပါ။လမ်းကလဲကျွဲတကောင်းအိပ်နေရင်ပျောက်တဲ့ခြိမ့်ခွက်တွေနဲ ့ပါလား။

Leave a Reply