ဗုဒ္ဓမျက်နှာတော်ပါ။



လူတွေ ကိုးကွယ် ဆည်းကပ်မှု ပြုလုပ်ထားတဲ့ ဗုဒ္ဓဆင်းတု တော်ဖြစ်ပါတယ်။


ထိုဘုရား အရှေ့က တိုင်လုံးမှာ ရေးထားတဲ့ မြန်မာစာ ဖြစ်ပါတယ်။
ထင်မိတာကတော့ ကမ္ဘာအမွေ အနှစ်အဖြစ် သတ်မှတ်ထားတာ မပြုလုပ်ခင်က ကုန်ကူးတဲ့ ကုန်သည်တွေ သင်္ဘောနဲ့ လာပြီး ရောက်ရှိကြောင်း စာရေးသွားတာ ဖြစ်နိုင်ပါတယ်။ ထိုလက်ရေး စာထွင်း အောက်မှာ တော့ တရုတ်စာ ရေးထားတာ ရှိပါတယ်။ ထိုအပေါ်မှာ ထပ်ထွင်းထားတာ ဖြစ်ပါတယ်။


ဒါကလည်း မူရင်း တော့မဖြစ်နိုင်ပါဘူး။ အရင်တုန်းက ရေးထားတဲ့ ဟာတွေဘဲ ဖြစ်ပါလိမ့်မယ်။


ဒါကတော့ ထွင်းထု ထားတဲ့ အစစ်အမှန် ဖြစ်ပါတယ်။



ဒါကို ကြည့်ခြင်းအားဖြင့် ဟိန္ဒူ ပုံစံဆိုတာ ထင်ရှားပါတယ်။



ခေါင်းမိုးမှာ ရှိတဲ့ နဖူးစည်းမှာ ရှိတဲ့ ပုံတွေပါ။ ပုံတွေ တိုင်းမှာတော့ ရာဇ၀င်တွေ အများကြီး ရှိပါတယ်။


ပျက်စီးပြီး ပြုတ်ကျတဲ့ အပိုင်းအစတွေကို လေ့လာနိုင်အောင် စုပုံထားတာဖြစ်ပါတယ်။


ပြုတ်ကျလာတဲ့ နေရာမှာ အကုန် မပျက်စီးသွားအောင် ကျောက်တုံး အစားထိုးပြီး ဒုတ်ထောက် ထားတာ ဖြစ်ပါတယ်။ ပုံစံ မပျက် ထားတာ ဆိုတော့ ကောင်းတယ်လို့ ပြောရမှာဘဲ.. အစားထိုးတာလည်း သိသာတယ် ပုံစံလည်း မပျက်ဘူး။
အစားထိုး ကျောက်တုံးကိုတော့ မီးသင့်ကျောက်လို့ ပြောပါတယ်။ ဂ၀ံကျောက်လို့ ထင်ပါတယ်။

About ဆူး

has written 398 post in this Website..