ပင်မ အမွေအနှစ်ဆု ရထားတဲ့ အဆောက်အအုံကနေ ထွက်လာခဲ့ပါတယ်။ ထိုနယ်နမိတ်အတွင်းမှာ ရှိတဲ့ တခြား အဆောက်အအုံ ပျက်တွေ သွားလေ့လာဖို့ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ ထွက်တဲ့ လမ်းပေါ်မှာ တွေ့တဲ့ ဈေးသည်လေး မှတ်တမ်း တင်ယူခဲ့တယ်။

ကြာခွက်သည် ဖြစ်ပါတယ်။ ၃ခွက်ကို တစည်း စီးထားပြီးတော့ ၂စီးကို ၁ဒေါ်လာ တောင်းပါတယ်။ ရန်ကုန်မှာ ဆိုရင် ဈေးကြီးရင်တောင် တခွက် ၅၀ လောက်ဘဲ ရှိပါတယ် တွက်ကြည့်တော့ ၁၆၀ ၀န်းကျင်လောက် ကျပါတယ် ၀ယ်မစားဘဲ နေတာ သူများ ၀ယ်ကျွှေးလို့ တခွက် စားခဲ့တယ်။ တော်တော် ကို ချိုပါတယ်။ စားဖူးတဲ့ ကြာခွက်တွေထဲမှာ အချိုဆုံးလို့ ပြောရမှာဘဲ။ ဘာကွာလို့လဲတော့ မသိပါဘူး။ အစေ့အဆန်လည်း ကြီးပါတယ်။ စားကောင်းတယ်လို့ ပြောလို့ရတယ်။ လမ်းကြုံရင် ၀ယ်စားလိုက်ကြနော်။




အုတ်ရိုး တံတိုင်းတခုကို ဖြတ်ကျော်လာခဲ့ပါတယ်။ အမှန်တော့ ဖြတ်သွားတဲ့ နေရာ အရင်တုန်းက တံတိုင်းကြီး ဖြစ်ဖို့များပါတယ်။ တံတိုင်းအုတ်ရိုးတွေ ပြိုကျပြီး လမ်းဖြစ်နေတာပါ။


ထိုကဲ့သို့သော အုတ်တံတိုင်းများ နေရာတခုနဲ့ တခု ပိုင်းခြားထားတာ တွေ့ရပါတယ်။


ပြုပြင်မွမ်းမံနေတဲ့ မျက်နှာ လေးခု ပုံ အဆောက်အအုံ ၀င်ပေါက် မုခ်ဦး ဖြစ်ပါတယ်။


အုတ်တုံးတွေ ပြုတ်ထွက် မသွားအောင် သံကြိုးကြီးတွေနဲ့ စည်းထားပါတယ်။ ယာယီလား အမြဲ စည်းထားမလားတော့ မသိပါဘူး။


မျက်နှာလေးခုပုံ အဆောက်အဦး ရဲ့ ရည်ရွယ်ချက်တော့ မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ အကြောင်းအရာ ၄ခုကို ရည်ညွန်းတယ်လို့ ဆိုပါတယ်။

ထို မှနေတဆင့် ၀င်သွားရင်တော့.. ရုပ်ရှင်တွေထဲမှာ တောကြီးထဲမှာ နတ်ဆိုးတွေနဲ့ ချရတဲ့ အခန်းတွေ ရိုက်တဲ့ ရိုက်ကွင်း နမူနာ ယူထားတဲ့ နေရာကို ရောက်ပါတယ်။ ဆက်လက် တင်ပြပါအုန်းမည်။

About ဆူး

has written 398 post in this Website..