အန်ကောဝပ် Angkok Wat အပိုင်း ၉

ဆူးJanuary 13, 20111min1456




အနီးကပ် နံရံ ပန်းချီ ပါ။ ပျော်ပွဲ သဘင် တခု အတွက် ပြင်ဆင် နေတဲ့ပုံပါ။


အလယ်က အမြင့် တခုကို ဘေးလေးဘက်က အပု လေးခု ဝိုင်းရံ ထားတာ ဖြစ်ပါတယ်။ ဟိန္ဒူ အယူနဲ့ ဆောက်ထားတာ ဖြစ်ပါတယ်။


အဲဒါ သိတယ် မလား ဟိန္ဒူတွေ အမှတ်အသား


ဘယ်နား ကြည့်ကြည့် အကုန်လုံး အပျက်အစီး ပုံတွေကြိးဘဲ ကြည့်ရင်းနဲ့တောင် ကြောက်မိတယ် လူတွေသာ မရှိဘဲ တယောက်ထဲ အဲဒီမှာ ကျန်ခဲ့မယ် ဆိုရင် ဆိုတဲ့ စိတ်ကလေးက ခေါင်းမွှေးထောင်စေလောက်တယ်။

6 comments

  • zippo

    January 13, 2011 at 6:10 pm

    မမဆူးရေ ပုံလေးတွေက တစ်ပိုင်းပြတ်တွေဖြစ်နေလို့ တင်ပေးပါဦးနော်။။။။။
    ပြီးတော့ တယောက်ထဲဖြစ်နေရင် မကြောက်ပါနဲ့ မောင်လေးလာနေပေးမယ်။။။။
    ဖုံးဆက်လိုက်နော် ..။။..။။….။။။။

  • weiwei

    January 13, 2011 at 6:32 pm

    ပုံတွေကြည့်ရတာ တမျိုးကြီးပဲ .. အဲဒီလောက်ကြီး ပျက်စီးနေတာကျတော့လဲ အသဲယားစရာကြီး .. ချက်ခြင်းပဲ ပြိုကျတော့မလိုလိုပဲနော် …

  • kopauk mandalay

    January 14, 2011 at 2:22 am

    ဒါပေမယ့်လည်း ဒါတွေကို ပျက်နေလို့ဆိုပြီး အသစ်ဖြစ်အောင်ပြန်ဆောက်လိုက်မယ်ဆိုရင်
    ဆိုရင်
    ဆိုရင်
    ဆိုရင်
    ဆိုရင်
    ဆို်ရင်

  • လင်းဝေကျော်

    January 14, 2011 at 6:13 am

    ဟိန္ဒူတွေအမှတ်အသား ဆိုတာကို သိသလိုလို ပဲ။
    ဘယ်ရုပ်ရှင်ထဲမှာလည်းမသိဘူးပြတာကို မြင်မိသလားလို့။
    တလွဲထင်နေတာလည်းဖြစ်မယ်ထင်တယ်။
    ရှင်းပြလို့ရရင် ရှင်းပြပေးပါလား။

  • char too lan

    January 14, 2011 at 6:16 am

    ပုံတွေအရမ်းမိုက်တယ်ဆူးရေ……..
    ဒါပေမယ့်လဲကြောက်စရာကောင်းတယ်ဗျ

  • ဆူး

    January 14, 2011 at 8:18 am

    ဟိန္ဒူ အမှတ်အသား ငရုတ်ဆုံ ငရုတ် ကျည်ပွေ့လေ.. အဲဒါမျိုး ဆောက်ထားတာ အလယ်က ငရုတ်ကျည်ပွေ့ ဘေးက အဆောင်အုံ အပုလေးခုက ငရုတ်ဆံ လေးခုပေါ့.. မျိုးဆက်များများ တိုးပွားအောင် ဆိုလား.. ဂိုက်ကလည်း ရှင်းတော့ ရှင်းပြတယ်.. တောင်တလုံး မြောက်တလုံးနဲ့ အင်္ဂလိပ်လို သေချာ မပြောတတ်ဘူး။ မနည်း နားလည်အောင် နားထောင်ရတယ်။ ဥပမာ.. အရက်နာမည် တခုပြောတယ် ဂျင်းတိုနီ အရက် သောက်ကြတယ် တဲ့.. ကမော္ဘဒီးယား ထွက်ကုန်လား မေးတယ်။ မဟုတ်ဘူး ဘိုတွေ သောက်တာတဲ့.. နောက်မှ ပြန်စဉ်းစားပြီး.. သူပြောတာ ဂျင် တော့နစ် အဲလိုမျိုး ပြောချင်တာ။ စကား မပီတော့ သိပ်မရှင်းဘူး မရှင်းလို့ မေးရင်လည်း ချာလည်လည် နေလို့.. မဆုံးတော့ဘူး.. အင်တာနက်က ရှာဖတ်မယ် ဆိုပြီး ပြန်လာခဲ့တာ.. သိချင်ရင် ရှာဖတ်လိုက်နော်။

Leave a Reply