မျှဝေကြရအောင်

manawphyulayJanuary 11, 20111min855

လောကကြီးကို ဖြန့်ကျက်ကြည့်လိုက်
ဟောဟိုက လူူတချို့ရဲ့လက်ထဲမှာ
လိုရာစေနိုင်တဲ့ နည်းပညာတွေက ပြိုးပြိုးပြက်ပြက်
ပညာ ဘယ်ကိုလဲ
ပညာ ဘာအတွက်လဲ
ပညာ ဘာလုပ်ရသလဲ
မြင့်မြင့်ပျံရင် ဝေးဝေးမြင်တယ်တဲ့
နည်းပညာတိုးတက်နေတဲ့ခေတ်
တစ်ကမ္ဘာလုံးကို မြင်နိုင်ပြီ
နည်းပညာက ခိုင်းစေမှာလား
လူသားတွေက စေခိုင်းမှာလား
မဝေဝါးပဲ အသေချာစဉ်းစား
ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်
ဦးနှောက်တစ်ခုစီ ပိုင်ဆိုင်
လူသားတိုင်းအဖြစ်
ဖိနပ်နဲ့ ဝတ်စုံကောင်းပါလျက်
ပန်းမဝင်နိုင်သေးတဲ့ ကမ္ဘာကြီးအတွက်
ရှိပြီးသား အင်အားတွေကို
တို့အားလုံး မျှဝေကြရအောင်

5 comments

  • naywoonni

    January 11, 2011 at 9:15 am

    လူတိုင်းး လူတိုင်း ဒီလိုစိတ်မျိုး ထားနိုင်ကြမယ်ဆိုရင် ………………………………….

  • manawphyulay

    January 12, 2011 at 3:33 am

    Mandalaygazette member အားလုံး မျှဝေကြရအောင်လေ………

  • unclegyi1974

    January 12, 2011 at 3:12 pm

    မနောကသာမျှဝေရေးပြောနေ
    မနောရဲ့ဘဘကြီးကမမျှဖူးတဲ့ဘယ်လိုလုပ်မလဲ

  • manawphyulay

    January 13, 2011 at 3:13 am

    မမျှရင်လည်း အကုန်ပေးလေ ဘဘကြီးရဲ့ ဟိဟိ

Leave a Reply