မာသာထွီစာဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ မိဘမဲ့ကျောင်းကြီးကို တည်ဆောက်ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများ ပြုလုပ်နိုင်စွမ်း မရှိတဲ့အရာကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အတွက် လေးစားအားကျ အတုယူသင်ပါတယ်။ ကျွန်မတို့ဝန်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေမှာပါ။   ကျွန်မလည်း မိဘမဲ့တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ ပြီးတော့ အနာကြီးရောဂါသည်တွေ အားလုံးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။
အင်း ခုပြောချင်တာကတော့ မာသာကြီး မရှိတော့တဲ့နောက်မှာ နောက်ဆုံး သူ့မှာ ကျန်ရှိခဲ့တဲ့ စည်းစိမ်ဥစ္စာဟာ ပန်းခြင်းတစ်ခုရယ်၊ သူ့ရဲ့ဝတ်စုံရယ်၊ ခုဖော်ပြမယ့် စကားသာလျှင် သူ့ဘဝအတွက် ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့စာသားတွေကို လူငယ်တွေ ဖတ်ရှုမှတ်သားပြီး လိုက်နာနိုင်ဖို့ ကျွန်မ တင်ပြလိုက်ပါတယ်။ ခုစာသားကို မြန်မာလို့ ဘာသာပြန်သူကတော့ သိက္ခာတော်ရ ဦးလှမြင့်ဖြစ်ပါတယ်။ စာသားတွေကတော့…

ဘယ်လိုပဲဖြစ်ဖြစ်
အကျိုးအကြောင်းမရှိ၊ ယုတ္တိမဆန် မိမိကိုယ်ကို ဦးစားပေးသော လူများကို ဘယ်လိုပဲဖြစ်ဖြစ် ချစ်ပါ။
သင်က ကောင်းတာပြုလည်း သင့်ကို ပြစ်တင်ရှုတ်ချသောသူများအတွက် ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာ ဆက်ပြုပါ။
သင်သည် အောင်မြင်သူအဖြစ် မိတ်ဆွေဆိုးများ၊ ရန်သူစစ်များအပေါ် ဘယ်လိုပဲဖြစ်ဖြစ်အောင်မြင်ခဲ့လျှင်
သင် ပြုသော ကောင်းသောအမှုများဟာ နက်ဖြန်မေ့လျော့ခဲ့လည်း
ဘယ်လိုပဲဖြစ်ဖြစ်  ကောင်းတာကို ဆက်ပြုပါ။
သင့်ရိုးသားမှု၊ ဖော်ရွေမှုက သင့်ကို ဆိုးကျိုးဖြစ်စေခဲ့ရင်
ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ရိုးသားပါ။ ဖော်ရွေပါ။
နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သောအရာများ တစ်ညတည်းနှင့် ပြိုပျက်ခဲ့ရ လျှင် ဘယ်လိုပဲဖြစ်ဖြစ် ထပ်တည်ဆောက်ပါ။
လိုအပ်ချက်ရှိ လူသားများအား သင်ကူညီမစ၍ သူတို့က သင့်ကို တိုက်ခိုက်နေရင်လည်း လူသားများကို ဘယ်လိုပဲဖြစ်ဖြစ် ကူညီမစပါ။
သင့်ဆီမှာရှိတဲ့ အကောင်းဆုံးသော အရာကို လောကကြီးအားပေးလည်း၊ သင် သွားချင်းထိခိုက်ရိုက်ခတ်တိုင်အောင် ခံရသော်လည်း သင့်ဆီမှာရှိသော အကောင်းဆုံးကို လောကကြီးအား ဘယ်လိုပဲဖြစ်ဖြစ် ပေးအပ်လိုက်ပါ။ တဲ့
ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးတွေလည်းနော်။ လောကမှာ အသက်ရှင်နေသရွေ့ တစ်ဦးနဲ့တစ်ဦး ရန်သူချစ်သူခင်သူ ဒါတွေဟာ တွေ့ကြုံ နေရမှာပါ။ တတ်နိုင်သရွေ့ ခွင့်လွှတ်သည်းခံလိုက်ပါလို့ ကျွန်မ ပြောချင် ပါတယ်။ ခဏတာတွေ့ကြတဲ့သူတွေ ရေစက်ရှိလို့ လာဆုံကြတာလေ သူသာ ငါသာတယ် စိတ်မှာ ဖြစ်နေတဲ့အခါ ရင်ထဲမှာ အမြဲပူလောင်မှုကို ဖြစ်စေပါတယ်။ ဘယ်မှ မကြည့်ပါနဲ့ ကိုယ့်ဝန်းကျင်ကိုပဲ ကြည့်လိုက်ပါ။ လူအမျိုးမျိုး စိတ်အထွေထွေလေ ဒါတွေကို လိုက်ခံစားနေရရင် ကိုယ့်ရဲ့စိတ်ဟာ လွတ်လပ်မှုဆိုတာ မရှိတော့ဘူး။ ဒါဟာ ကိုယ့်ဘာသာ ခံစားရတာကို ပြောတာပါ။ အမြဲစိတ်ရှုပ် ထွေးနေမယ်လေ။ ဒီတော့ ကိုယ့်ရဲ့အလုပ်လည်း အောင်မြင်မှုဆိုတာ ဖြစ်လာတော့မလား မဖြစ်လာတော့ဘူးနော်။ လူတွေပဲ တစ်ခါတလေတော့လည်း ခံစားရတော့ပေါ့။ ဘယ့်နဲ့ပြောပါလိမ့်။ ကျွန်မဆို ပိုဆိုးသေးတယ်။ တစ်ခါတလေကျရင် ကိုယ်က စေတနာနဲ့ ကူညီတဲ့အရာက ဝေဒနာဖြစ်ရတာတွေလည်း ရှိတာပါပဲ။ ကိုယ်ကတော့ ကိုယ့်အတွက်မကြည့်ဘဲ ကူညီမိတာကို သူများ ပြောလည်းခံပေါ့လို့ ကိုယ့်ဘာသာ ဖြေသိမ့်ရတာပေါ့။ လူတွေကို မှန်လို ကြည့်လို့ ဆိုပေမယ့် မှန်ထဲမှာ မဲ့ပြလည်း တတ်နိုင်သမျှ ပြုံးပြမိတယ်။ ကျွန်မရဲ့စိတ်က သူများကို ကူညီရရင် ပျော်နေမိတာပဲ။ ကျွန်မတို့မိသားစုဟာ ခုချိန်ထိ စီးပွားရေးကို ပြေလည်တယ်ဆိုတာ မရှိသေးပေမဲ့ ကျွန်မ အားမလျော့ဘူး။ တစ်နေ့ ငါ့မိသားစုကို သူများထက်သာအောင် ထားနိုင်ရမယ်လို့ အမြဲ တွေးတယ်။ သူများ အလုပ်တစ်ခုလုပ်ရင် ကျွန်မ အလုပ် သုံးခုလုပ်တယ်။  တစ်ခါတလေလည်း ကျွန်မမောင်အကြီးကို အားမရဘူး။ သူက ခု နောက်ဆုံးနှစ် တက်နေတယ်။ ကျွန်မတို့က မောင်နှမများတော့ ပိုပြီး ကြိုးစားရတယ်လေ။ မောင်လေးကို တက္ကသိုလ်တက်တော့ သူများနဲ့ တန်းတူထားချင်လို့ အဝေးသင်တောင် မထားခဲ့ဘူး။ ဒါပေမဲ့ သူဟာ လူငယ်စိတ်ပဲရှိသေးလို့လား မသိဘူး။ နားမလည်ဘူး။ ကျွန်မဖြစ်ချင်တာက လူငယ်ပီပီ ကြိုးစားစေချင်တယ်။ ကျွန်မရဲ့ မျက်စိရှေ့မှာ သူတို့ကို ဖြစ်ထွန်းစေချင်တယ်။ ကျွန်မ ဘယ်လောက် ပင်ပန်းပင်ပန်းလေ ဒါပေမဲ့ မောင်လေးက နားမလည်ခဲ့ဘူး။ အချိန်တန် လက်ဝါးဖြန့် ပိုက်ဆံတောင်းလို့ရနေတဲ့ဘဝဆိုတော့ ဘာမှမသိတတ်ဘူး။ အားမရဘူး။ တစ်ခါတလေ ကျွန်မလေ မေမေက ဘာလို့ ငါ့ကို ယောက်ျားလေး ဖြစ်အောင် မမွေးခဲ့ရတာလည်းလို့ တွေးမိတယ်။ မောင်လေးတွေက ငယ်သေးတော့ အကုန်ကျောင်းတက်နေကြတာလေ။ ကဲ ကျွန်မအကြောင်းပြောနေလို့ စိတ်ညစ်သွားဦးမယ်။ မပြောတော့ဘူးနော်။ တတ်နိုင်သရွေ့ ကိုယ့်ဝန်းကျင်မှာ အားလုံးနဲ့ လိုက်လျော ညီထွေစွာ နေကြည့်ကြပါနော်။

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။