ဆီးချိုရောဂါနှင့် ကျောက်ကပ်ရောဂါရှိသူများအတွက် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ရန် ဆေးကောင်းတစ်လက်

manawphyulayJanuary 11, 20111min1366

ဆီးချိုရောဂါဟာ ရှိပြီးပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုး အများဆုံး ရောဂါလို့ ဆိုနိုင်ပါတယ်။ ဆီးချိုရောဂါ ဖြစ်တာ ကြာလာပြီဆိုရင် ကျောက်ကပ် ပျက်စီးဖို့ အန္တရာယ် ရှိတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမယ့် အိုမီဂါသရီး ပါဝင်တဲ့ ငါးကြီးဆီတွေ မှီဝဲပေးမယ်ဆိုရင် ငယ်ငယ်ကတည်းကဖြစ်တဲ့ ဆီးချိုရောဂါ အမျိုးအစား(၁) ဝေဒနာရှင်တွေရဲ့ ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးစစ်ဆေးမှုများအရ တွေ့ရှိရပါတယ်။

အမေရိကန် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆီးချို၏နောက်ဆက်တွဲများ ထိန်းချုပ်ရေး စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၁၅၀ဝ အပေါ် စမ်းသပ်စစ်ဆေးချက်များအရ ကျန်းမာရေး အကျိုးပြု အိုမီဂါသရီးအဆီများဖြစ်တဲ့ eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA) တို့ကို မှန်မှန် စားသုံးပေးတဲ့ ဆီးချိုရောဂါ အမျိုးအစား(၁) ဝေဒနာရှင်တွေဟာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်ကောင်းမွန်လာတာ စမ်းသပ်တွေ့ရှိရပါတယ်။
ဒီအဆီတွေဟာ ငါးတွေမှာ အများဆုံးပါတာ ဖြစ်ပေမယ့် ဘယ်သူမှ နေ့တိုင်း ငါးမှန်မှန် စားဖြစ်ဖို့ မလွယ်တာမို့ Omega-3 အဆီပါ ဖြည့်စွက်ဆေးလုံးများကိုသာ တစ်နေ့တစ်လုံး သောက်သုံးပေးဖို့ အကြံပြုလိုက်ပါတယ်။ ဆေးဆိုင်တိုင်းနီးပါးမှာ ဝယ်လို့ရနေပြီ ဖြစ်ပါတယ်။

(ကျောက်ကပ်ရောဂါရှိလို့ ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ချင်တယ်ဆိုရင်လဲ သောက်လို့ရပါတယ်၊ သောက်ရင်လဲ တကယ်ကာကွယ်နိုင်မှာ သေချာပါတယ်လို့ သင်္ကန်းကျွန်း စံပြဆေးရုံကြီးက ဆီးနဲ့ကျောက်ကပ် အထူးကု သမားတော်ကြီး တစ်ဦးက ပြောပြပါတယ်)

6 comments

  • koyinmaung

    January 11, 2011 at 9:42 am

    ကျေးဇူးပါ သိသင့်သိထိုက်တဲ့သတင်းလေးပါဘဲ….

  • moethidasoe

    January 11, 2011 at 11:01 am

    တစ်လုံး ၉ဝ ကျော်ကျော်လေး ရှိတာ .. လက်ဖက်ရည်သောက်ရင် ၃၀ဝ လောက် ကုန်တယ် ဆိုတော့ .. တန်ပါတယ် .. သောက်သင့်ပါတယ် ..

  • unclegyi1974

    January 11, 2011 at 2:05 pm

    ဆေးတွေကဈေးကြီး ဝယ်သောက်တော့လဲ
    အတုတွေကစိတ်မချရ
    ဒါကြောင့်အိမ်မှာကိုယ့်ရိုးရာဆေးဖက်ဝင်အပင်လေး
    တွေပဲစိုက်ပြီး ပုံမှန်စားတော့မယ် မနောရေ

  • ဆူး

    January 11, 2011 at 3:38 pm

    အန်ကယ်ကြီး ငါးအကောင်ကြီးကြီးတွေရဲ့ ဗိုက်သားဟင်းဘဲ နေ့တိုင်း ချက်စားလိုက်လေ.. ဆေးဘက်ဝင်ပါတယ်

  • unclegyi1974

    January 11, 2011 at 4:07 pm

    ငါးအကောင်ကြီးကြီးကပိုဆိုးတာပေါ့ဟ
    ဒီကြားထဲအလေးကခိုးသေး
    ငါးသလောက်ဆိုသွေးတိုးနေပါအုန်းမယ်
    အေးအေးနေပါရစေ ဆူးရေ

  • ဆူး

    January 11, 2011 at 5:21 pm

    အန်ကယ်ကြီးက ငါးသလောက် ကြီးကြီးစားချင်တာကိုး….အဲဒီငါးတွေက အိပ်စပို့လေ.. သိတယ်မလား.. ကြိုက်တတ်ရင် အပြင်ထွက်ဝယ်စား..

Leave a Reply