စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်ပြီ

manawphyulayJanuary 11, 20111min15011

စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) ဟာ ဒီနေ့ မနက် ၄ နာရီ ၂ဝ ခန့်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကင်ဆာဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားတာပါ။

ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ချိုရည်နဲ့ သားသမီးများဖြစ်ကြတယ် စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြည်ဇင်၊ ဥက္ကာ ဆိုတဲ့သားသမီး ၃ ဦးနဲ့ ပန်းနု ဆိုတဲ့ မြေးမလေးတဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက် သာဓု သဘာဝအုပ်စုထဲမှာ အခုဆိုရင် ညီဖြစ်သူ စာရေး ဆရာမင်းလူနဲ့ ဒါရိုက်တာ အာယု တို့ပဲ ကျန်ပါတော့တယ်။

ဒါရိုက်တာမောင်ဝဏ္ဏဟာ ကတ္တိပါဖိနပ်စီး ရွှေထီးဆောင်း၊ ခုနစ်စဉ် အလွမ်း ဇာတ်ကား ၂ ကားနဲ့ အကယ်ဒမီ ဆုကို ဆွတ်ခူးခဲ့ပါတယ်။ မောင်ဝဏ္ဏရဲ့ သဘာဝကျကျ အိမ်ထောင်ရေး ဟာသ ဝတ္ထုများဖြစ်တဲ့ မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတွေဟာ လူကြိုက်များပါတယ်။

မောင်ဝဏ္ဏဟာ စာရေးဆရာ ဒါရိုက်တာ သာဓုရဲ့ သားကြီး၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ သုမောင်နဲ့ စာရေးဆရာ မင်းလူတို့ရဲ့ အစ်ကိုကြီးဖြစ်ပါတယ်။

အခုဆိုရင် သာဓုမျိုးဆက်တွေအဖြစ် သုမောင်ရဲ့ သား အဆိုတော် သရုပ်ဆောင် ဖိုးသောကြာ၊ မောင်ဝဏ္ဏရဲ့ သား သရုပ်ဆောင် ပြည်ဇင်တို့ကို မွေးထုတ်နိုင်ခဲ့တယ်လို့ စာရေးဆရာမ သန်းမြင့်အောင်က ပြောပါတယ်။

“ပြည်သူတွေဘက်က ရပ်တည်တဲ့၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ကြယ်တပွင့် ဆုံးရှုံး သွားတာပါ” လို့ ဆရာမ သန်းမြင့်အောင်က ဧရာဝတီကို ပြောပါတယ်။

မောင်ဝဏ္ဏရဲ့ ပန်းတွေနဲ့ဝေ ဇာတ်ကားကို လူသိများ၊ လူကြိုက်များပါတယ်။ ၂၀၁၁ နှစ်ဦးမှာတော့ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကွယ်လွန်သူ ဒုတိယမြောက် အနုပညာရှင်ဖြစ်ပါတယ်။ အရင်တပတ်မှာ ဇာတ်ပို့ကောင်း တဦးဖြစ်တဲ့ ကေတုမတီ (ဦး) မျိုးအောင် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဈာပဏ အခမ်းအနားကို ရေဝေးသုဿာန်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ ကျင်းပမယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

11 comments

  • cobra

    January 11, 2011 at 6:58 am

    ဆရာတပါးတော့ကွယ်လွန်သွားပီပေါ့.တကယ်ဝမ်းနည်းမိပါတယ်……။
    လူ့ပြည်မှာကကောင်းတဲ့သူတွေကြီးဘာလို့သေနေကြတာလဲ….။
    မိသားစုနှင့်ထပ်တူဝမ်းနည်းမိပါကြောင်း…………………..။

  • PaukPhaw

    January 11, 2011 at 8:36 am

    Irrawaddy မှ အေးချမ်းမြေ့ သို ့ Credit ပေးပါ ဆရာချရာမတို ့

  • cherrywine

    January 11, 2011 at 8:41 am

    ကောင်းရာသုဂတိလားပါစေ။

  • naywoonni

    January 11, 2011 at 9:18 am

    ကောင်းပြီးသားသူက ကောင်းရာဘုံကိုပဲ ရောက်မှာပါ

  • moethidasoe

    January 11, 2011 at 10:34 am

    ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာဖြစ်တာပါ .. ၂၀၁ဝ မတ်လမှာ ရောဂါကို သိရှိပြီးနောက်ပိုင်း ဆေးသွင်းဆေးစားနဲ့ ကုခဲ့ပါတယ် .. ဒီနေ့မနက်မှာတော့ ဘဝတစ်ပါး ပြောင်းသွားခဲ့ပါတယ် တဲ့ ..
    ကျန်ခဲ့တဲ့ ညီတွေမှာ မင်းသား မောင်ရူပ ကျန်သေးတယ်၊ လက်ကျန်ထဲမှာ အကြီးဆုံးပေါ့ ..
    ကိုအာယုလဲ လျှာကင်ဆာ ဖြစ်လို့ ဆေးသွင်းတာ ပြီးသွားပြီ .. အခု ဓါတ်ရောင်ခြည် ပြနေရတယ် တဲ့ ..
    ကိုမင်းလူကတော့ ဆေးရုံတက်လိုက်ရတာ မကြာသေးဘူး .. ဆီးကြိတ် ရောင်လို့တဲ့ ..

  • zaw min

    January 11, 2011 at 12:41 pm

    သွားနှင့်အုံးတော့…သွားနှင့်တော့…နောင်မှလိုက်ခဲ့မယ် ကိုဝဏ္ဏရေ…..
    မြင်နိုင်ပါတယ်ဗျာ..ယပ်တောင်လေးခက်လို့….ငိုဟန်ဆောင်သူတွေမနဲပါလာ….
    ့ ကိုယ့်အလှယ့်ပြန်ရောက်တော့…စဉ်းစားစရာပဲပေါ့……ဘယ်သူတွေဘယ်လို…
    ငိုဟန်ဆောင်မလဲ……..

    ဘာရယ်မဟုတ်ပါဘူး..သီချင်းဆိုကြည်တာပါ….

  • ginko

    January 11, 2011 at 1:35 pm

    မိသားစုနှင့် ထပ်တူ ဝမ်းနည်းမိပါတယ်။

  • aye

    January 11, 2011 at 1:36 pm

    ဒါရိုက်တာမောင်ဝဏ္ဏကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

  • ရွှေသောင်ရင်း

    January 11, 2011 at 5:33 pm

    သေဆုံးသွားသောဒါရိုက်တာဦးမောင်ဝဏ္ဏ ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းရင်း
    ဝမ်းနည်းကြေကွဲရပါတယ်……ဒါရိုက်တာကောင်းတစ်ဦးတော့သွားပြန်ပြီးကော…..

  • winkyawaung

    January 12, 2011 at 2:58 am

    ပြည်သူများဘက်မှ ရပ်တည်ပေးတဲ့ ဆရာတစ်ယောက် ကွယ်လွန်သွားတာ အထူးဝမ်းနည်းပါတယ်..။

  • naywoonni

    January 12, 2011 at 3:03 am

    သွားနှင့်ဦးဟေ့ ငါ့အလှည့်က မရောက်သေး.. ရုန်းကန်ကြီးပြင်း ပေးဆပ်ဖို့ ရှာနေတုန်း
    အသံတွေကြားနေရတယ် ×××အသံတွေကြားနေရတယ် ××အသံတွေကြားနေရတယ်
    ကိုဇော်ရေ ကျွန်တော်လည်း သီချင်းဆိုတာနော် ကိုယ့်ပလှည့်မရောက်ခင်တော့ လူတွေဟာ ဖာသိဖာသာ နေကြတာပဲ ဗျ ကိုယ့်အလှည့်ရောက်မှသာ မျက်ပြူးဆန်ပြာဖြစ်ကြတာ ဒါ သဘာဝ ပဲ လို့တောင်ပြောရမလို ဖြစ်နေပြီ
    ကိုယ့်အလှည့်က မကြာခင်ရောက်လာတော့မှာဆိုတာကို သိနေရက်နဲ့တောင်မှ လူတွေပျော်အောင်နေနိုင်တာ အံ့ဩစရာပဲနော်

Leave a Reply