ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်

စာဖတ်ချစ်သူ
Nov 07
Back to main page
ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်
Sun 07 Nov 2010 02:52:55 | 1 comments
edit all details

ဝက် ခြံ ဆိုတာ… အဆီရယ် ချွေးရယ်.. ချေးညှေ်ာ တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။

အဲ့ဒိတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်…..

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။

ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေ… ည အိပ်နေတဲ့ အချိန်မှာ
ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ဝက်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။

၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစားအသောက် စားတဲ့အခါ အဆီအစိမ့် နဲ့ နို့ထွက် ပစ္စည်းကို ရှော့ စားပေးပါ။

တနေကုန် အလုပ် လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာနေရတဲ့ သူများ အနေနဲ့
တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။
အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ
သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။

နောက်တခုက။ ။ ခရမ်းချဉ်သီး နဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။

လွယ်လွယ်လေးနော်…..၂နည်းရှိတယ်။

နည်း ၁။

၁) ခရမ်းချဉ်သီးကြီးကြီး နဲ့ မာမာ တလုံးကိုယူပြီး ထိပ် ဖူးကို စိတ်ပါ။

၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲထည့် ပြီး ခရမ်းချဉ်သီး ထိပ်ဖူး နဲ့ သုတ်လိမ်းပါ။

၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်းပေးပါ။

၄။ ၁ဝ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။

ပြီးပါပြီ။

နည်း ၂၊ ။

၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒိ အလယ်သား (အရည်) နဲ့ မျက်နှာပြင်ကို သုတ်လိမ်းလိုက်ပြီး ၁ဝမိနစ်ထားပြီးမှ

ရေးဆေးပါ။

ပြီးပါပြီ။

( သတိပြုရမှာက တချို့ အသားအရည်တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခနအဆီပြန်တာ သက်သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့် မသွားပါနဲ့ မတည့်
လို့ မဟုတ်ပါဘူး။ နောက်တစ်ရက် ဆို နဂို အသားတိုင်း ပြန်ဖြစ်သွားမှာပါ။
နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )

ပြီးတော့… ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ကာကွယ်
ပေးနိုင်လို့.. အရေပြားကင်ဆာနဲ့ အိုးမင်းရင့်ရော် ခြင်းကို လျော့ကျစေတယ်။

၃။ အဲ့လို စနစ်တကျ နေ သားကျ သွားတဲ့အခါ… ချွေးထွက် များတယ် ဆိုရင်တောင်..
တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်းလွန်းတဲ့ အတွက် ဝက်ခြံ
မပေါက်နိုင်တော့ပါဘူး။

တခုတော့ ရှိတယ်နော်…. ဝက်ခြံ ပေါက်တာ… အသားအရည် ကျန်းမာ မှုနဲ့ဆိုင်သလို… သွေးသား နဲ့လဲ ဆိုင်လို့… အမျိုး
သမီး များ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျို ဖော် ဝင်စ
ချိန်တွေဆို.. ပေါက်လာတတ်တာလဲ သဘာဝပါ။

။။။။။။။။။။။။။။။။။

ကဲ.. ဝက်ခြံ ပေါက်လာပြီ ဆိုပါစို့….

၁။ ပထမ နဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ
ပိုးမွှားတွေက ဝက်ခြံ ထိပ်ဝ( သွေးထွက်ရာ နေရာ) နဲ့ ထိ မိ ၊ ဖိ မိ တဲ့အခါ
အသားထဲကို ဝင်ရောက်ပြီး အနာကိုလည်း ရင်းစေသလို.. ပွားနှုန်းလည်း
မြန်နိုင်ပါတယ်။ နောက်တခုက အမာ ရွတ် ဖြစ် ကျန် ခဲ့တာပါ။

၂။ မှဲ့ တဲ့ အထိ စောင့်ပါ။ ( ဝက်ခြံ ရှိလို့ မရှက်ပါနဲ့ ပို မဆိုးအောင် ကရုစိုက်ပါ။)
မှဲ့ လာ တဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား
ပါလိမ့်မယ်…။ အဲ့ဒိအခါမှ တစ်ရှုးဆ သန့်သန့် နဲ့ ဖြစ်ဖြစ် လက်သန့်သန့်
နဲ့ ဖြစ် ဖြစ် အလွယ် တကူ ဖယ် ရှား နိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။-=-။။။။။။။။။။။။။။။။။။။။။။။။

ဆား ဝက်ခြံ .. နဲ့ ပက်သက်လာရင် သတင်းကောင်းနဲ့ သတင်းဆိုး ၂ခု ရှိတယ်.. း(

ဒီလိုပါ…
သတင်းဆိုးက….ဆားဝက်ခြံကို လုံးဝ ပျောက်အောင် လုပ်ဖို့ မရသေးပါဖူး။ ( နည်းလမ်းကို မတွေ့သေးပါ။ )

သတင်းကောင်းကတော့..

အလွယ်တကူ နည်းသုံးပြီး မကြာခန သန့်စင် ဖယ်ရှား နိုင်ပါတယ်ရှင့်။ း)

ကြက်ဥ ကိုပဲ သုံးပါ။ ကြက်ဥ အကာ ကိုပဲ သုံးရမှာပါ။

၁။ ကြက်ဥအကာ အနည်းငယ်ကို ယူပြီး အမြှုပ် ထွက်အောင် ခေါက်ပါ။ ( အမြှုပ်ထွက်မှ စေးကပ်မယ်လေ..)

၂။ တစ်ရှုး အပိုင်းစ အသေး လေးကို ယူပါ။

ဆောနက ခေါက်ထားတဲ့ ကြက်ဥအကာ ကို ဆားဝက်ခြံတွေ ရှိတဲ့ နေရာမှာ သုတ်လိမ်းပါ။

( အကုန် မဟုတ်ဘူးနော်… နောက် တခါ လိမ်းဖို့လည်း ချန်အုံး။ )

၃။ သုတ်လိမ်းထားတဲ့ အပေါ်မှာ တစ်ရှုးစကို ကပ်ပါ။ ( မစုတ်ပြဲသွားအောင် သတိထားပါ)

၄။ တစ်ရှူး ကောင်းကောင်း ကပ်အောင်.. အပေါ်မှာ နောက်ဆုုံးတခေါက်အနေနဲ့ ကြက်ဥအကာကို အနည်းငယ် သုတ်လိမ်း လိုက်ပါ။

ကောင်း ကောင်း ခြောက်သွားတဲ့ အထိ ဆောင့်ပါ။

ပြီးမှ.. တစ်ရှုးစကို ခွာလိုက်ရင်….. ကပ်ပါလာတဲ့ ဆားဝက်ခြံ အဆံ လေးတွေကို တွေ့ရပါလိမ့်မယ်။

၅။ ၁၀ဝ ရာခိုင်နျုန်းတော့ မဖယ်ရှား နိုင်ပေမဲ့ တော်တော် လေး အသုံးဝင်ပြီး
ဓာတုဗေဒ ပစ္စည်း မဟုတ်လို့ ဘေးထွက်ဆိုးကျိုး အတွက်လည်း စိတ်ပူစရာ မလိုတဲ့
ဒီနည်းလေးကိုပဲ သုံးကြည့်ပါနော်…။

source : ချော့ကလက်မြို့တော်