ဦးဦးဗိုက် …. :D

etoneJanuary 14, 20111min18811

Thomas Beatie မှာ အမေရိကန် ပြည်ထောင်စု အော်ရီဂွန် ပြည်နယ် ရှိမြို့တွင် ၎င်း၏ ဇနီး Nany Roberts နှင့် အတူ နေထိုင်သူ ဖြစ်သည်။ ၎င်းတွင် မုတ်ဆိတ်မွှေးများ ရှိပြီး ယခုအချိန်တွင် ကိုယ်ဝန် (၅)လ ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

Beatie မှာ လိင်ပြောင်းလဲ ထားသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူလက ဟာဝိုင်ရီတွင် နေထိုင်ကာ Tracy Lagondino အမည်ဖြင့် နေထိုင်ခဲ့သူဖြစ်သူ ၎င်း မှာ မိန်းမလျာများ အခွင့်အရေး %

11 comments

  • etone

    January 14, 2011 at 8:20 am

    စိတ်ကုန်ပါတယ် ပို့စ်တစ်ခါတင်ရတာ မလွယ်ဘူး ။ ပြတ်တောင်းပြတ်တောင်းနဲ့ အပေါ်က အဆက်ကို ဒီမှာပဲဆက်ဖတ်တော့ …
    ——–
    Beatie မှာ လိင်ပြောင်းလဲ ထားသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူလက ဟာဝိုင်ရီတွင် နေထိုင်ကာ Tracy Lagondino အမည်ဖြင့် နေထိုင်ခဲ့သူဖြစ်သူ ၎င်း မှာ မိန်းမလျာများ အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအဖြစ် ထင်ရှား ခဲ့သည်။ ၎င်းမှာ လိင်ပြောင်းလဲ ခွဲစိတ်မှု့လုပ်ခဲ့ပြီး နောက် ရင်သားများကိုလည်း ခွဲစိတ် ထုတ်ပစ်ခဲ့ပြီး testosterone ထိုးဆေးများ ပုံမှန်ထိုးသွင်း ခဲ့ကာ ယောကျာင်္းဘဝကို တရားဝင်ခံယူခဲ့သူဖြစ်သည်။ သို့ရာတွင် သူမ၏ အမျိုးသမီး မျိုးပွား အင်္ဂါကိုမှု ထုတ်ပစ်ခဲ့ခြင်း မရှိပေ။

    လက်ရှိ အခြေအနေတွင်မူ ၎င်း၏ ဇနီးဖြစ်သည့် Nancy Robert မှာ ကလေးမရနိုင်တော့သည့် အခြေ အနေကြောင့် ယခုလို သူမကိုယ်စား ကိုယ်ဝန်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခင်က ပထမဆုံး အဖြစ် တစ်ကြိမ် စမ်းသပ်ခဲ့ဖူးပြီး အသက်အန္တရာယ် ထိခိုုက်လောက်အောင် ဒုက္ခရောက်ခဲ့ရသည်။ ယခုအကြိမ်တွင်မူ အမည်မသိ သုတ်သွေး အလှူရှင်၏ အကူ အညီဖြင့် အောင်မြင်စွာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။

    ယခုလို ကိုယ်ဝန်ဆောင်ရသည့် အတွေ့ အကြုံအား မေးမြန်းရာ၌မူ ၎င်းအနေဖြင့် ကိုယ်ဝန်ဆောင်သည့် အမျိုးသားတစ်ဦးလို ပင်ခံစားရကြောင်း နှင့် လာမည့် ဇွန်လတွင် ကလေးမွေးရန် သက်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

    credit to : မှော်စရာgroup

  • weiwei

    January 14, 2011 at 8:52 am

    ဒီသတင်းက တော်တော်ကြီးကို ကြာနေပြီ …
    နှစ်နဲ့တောင်ချီနေသလိုပဲ …

    • etone

      January 14, 2011 at 9:31 am

      ဟုတ်လား ။ အဲ့ဒီလောက်တောင်ကြာနေပြီလား ။ ဒီမနက်မှ မေးလ်ထဲဝင်နေလို့ ဖတ်ကြည့်ပြီး အရင်းအတိုင်းကူးပေးလိုက်တာ ။

  • အာဖျံ ကွီး

    January 14, 2011 at 10:10 am

    ဟီးးးး
    အီးတုုံးရေ
    ကွီးလဲ ဒီလိုပို.စ်တစ်ခုတင်ဖို.လုပ်နေတရ်။ သတင်းကတော့ မြန်မာနိင်ငံက သတင်းပဲ …. ဟီးးးး

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 14, 2011 at 5:51 pm

    ဦးဦးဗိုက်ပြောလို ့
    အောင်ပုတောင်
    ဘီယာတွေဆော်တာများလို ့လားတိဝူး
    ခုမှ သတိထားမိတယ်
    ကိုယ့်ဗိုက်က နှစ်လလောက်တောင်ရှိနေပြီထင်ရတယ်
    လန် ့တောင်သွားတယ်
    ဒီနေ ့နဲ ့ပါဆို မသောက်တာ သုံးရက်ရသွားပြီ
    ဒါပေမယ့် အကောင်းဘက်ကဘဲမြင်လိုက်ပါတာ်
    ဗိုက်ပူပြီး ထိပ်ပြောင်လာရင် သူဌေးဖြစ်ပြီဆိုဘဲ တော့ကာ
    အင်း
    ငါထိပ်ပြောင်ရင်တော့ လန်းပြီလို ့

  • koyinmaung

    January 14, 2011 at 9:57 pm

    ဓါတ်ပုံက အင် ဖြစ်မယ်ထင်တယ်ဗိုက်ကဒါလေါက်ပူနေပေမဲ့ရင်သားကဒီတိုင်း ..

  • char too lan

    January 15, 2011 at 3:29 am

    ဪ………အဆန်းပဲ ဘာတွေဖြစ်တုန်ကြဘီလဲဂျာ နွားမလယ်တော့ဝူး @_@

  • kopauk mandalay

    January 15, 2011 at 3:35 pm

    အလုပ်မရှိအလုပ်ရှာ
    အရူးထတာ သူတို့ သူတို့။
    အလုပ်မရှိအလုပ်ရှာ
    မိန်းမကနေ ယောက်ျားပြင်လိုက်။
    ယောက်ျား ဖြစ်ပြန်တော့ အဆန်းထွင်
    ဗိုက်ကြီးပြန်ပြီအထူးအဆန်း။
    အဆန်းထွင်လို့ ဗိုက်ကြီးရင်
    ဘယ်ကဝင်သွားတယ်စဥ်းစားလို့မရ။

  • naywoonni

    January 16, 2011 at 7:28 am

    အီးတုံး တို့ မိုက်တယ်ဟေ့ ပို့စ်တစ်ခုကို 90ရအောင်တင်တတ်တယ်

  • nyimalay

    January 16, 2011 at 2:07 pm

    တကယ့်အဖြစ်အပျက်လို့ပြောပါတယ်……… ကြာတော့ကြာနေပြီ Forward Mail မှာဖတ်လိုက်ရတာပါ………

    ဟုတ်တယ် အီးတုံးလိုပဲအတုခိုးပြီး ပိစိကွေးလည်း post 1 ခုကို 90 ရအောင်လုပ်အုံးမယ် ….. ဟီး ဟီး 🙂

  • etone

    January 17, 2011 at 6:15 am

    အောင်မလေးတော် ပို့စ်တစ်ခုကို ကိုးဆယ်ရအောင်တင်တာ မဟုတ်ရပါဘူး ။ ပို့တင်ရင်းတစ်ပိုင်းတွေပဲပြတ်ပြတ်နေလို့ အောက်မှာ ပြန်ရေးပေးထားတာ ။ ပို့စ်တစ်ခုတင်ရတာ refresh ပြန်လုပ်ရတာတင် ကိုးခါမကဘူး …။ ပြချင်လွန်းလို့ တင်ပေးထားတာ ။

Leave a Reply