HTML 5

myohan006January 12, 20111min1194

အရင်က web page တွေ ကိုရေးတဲ့ HTML 4 နေရာကို ခုတော့ HTML 5 နေရာယူဖို့အတွက် ပေါ်ထွက်လို့လာပါပြီ။ HTML 5 ပေါ်လာတဲ့နောက်မှာ တော့ စဉ်းစားစရာက ကိုယ်သုံးနေတဲ့  Browser  က ဒီတိုးတက်လာတဲ့နည်းပညာ ကို လိုက်မှီရဲ့လားဆိုတဲ့ အတွေးတွေ လဲ ဝင်လာကြမှာဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်လဲ ဒီအတွေးလေးဝင်လာလို့ အများသူငါ အတွက် အထောက်အကူ ရနိုင်အောင် ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်။

ဘယ်လိုသိနိုင်မှာလဲ

http://html5test.com/ ကို သွားကြည့်လိုက်ပါ။ ခုဖော်ပြထားတဲ့ Website က ခုကိုယ်လက်ရှိသုံးနေတဲ့ Browser က HTML 5 ကို ဘယ်လောက်Support ပေးနိုင်တယ်ဆိုတာ စမ်းစစ်ပေးပါတယ်။

HTML 5 Support လုပ်ပေးတဲ့ Browser တွေ ကဘာတွေလဲ၏

Deep Blue Sky ရဲ့ အဆိုအရ တော့ အောက်ပါ Browser တွေ Support လုပ်ပေးနိုင်ပါတယ်။

  • Safari 4
  • Firefox 3.5 နဲ့ အထက်
  • Google Chrome
  • Internet Explorer 9 (beta)

HTML 5 သုံးတော့ဘာတွေ ထူးလာနိုင်မလဲ

ကျွန်တော်တို့ User တွေအတွက်တော့ ဘာမှ သိပ်ထူးမယ်မထင်ပါဘူး။ (ကျွန်တော့အမြင်) ။ Developer တွေအတွက်တော့ တော်တော်ထူးပါတယ်။

HTML 5 သုံးပြီး တော့ Flash တွေ နေရာကို အစားထိုးနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ဆိုကြပါတယ်။ နောက် Coding ပိုင်းတွေလဲ တော်တော်ကောင်းလာတယ်လို့လဲ ပြောကြပါတယ်။

Web designer တွေအနေနဲ့လဲ HTML 5 ကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ Design တွေ ပြုလုပ်လာနိုင်ကြမှာပါ။

HTML5 ကို သုံးပြီး ဘယ်လိုမှော်ဆန်တဲ့ Design တွေ မြင်ရလာမလဲ စောင့်ကြည့်ကြပါစို့…..

4 comments

Leave a Reply