မိမိကိုယ်ကိုကိုယ်ဒီမိုကရေစီထူထောင်ခြင်းဥပဒေ-၁

naywoon niJanuary 15, 20111min936
    မိမိကိုယ်ကိုကိုယ်ဒီမိုကရေစီထူထောင်ခြင်းဥပဒေ

အခန်း(၁)
နိဒါန်း
၁။ ကမ္ဘပေါ်ရှိမည်သည့်တိုင်းပြည်တွင်မဆို အများပြည်သူတို့၏ သဘောအလျှောက်ဖြစ်စေ ရှိရင်းစွဲထူထောင်ပြီး စနစ်များဖြင့်ဖြစ်စေ အုပ်ချုပ်လျှောက်လှမ်း စခန်းသွားနေကြသည့် နည်းတူ ကျွန်ုပ်(နေဝန်းနီ) သည်လည်း ကိုယ်ပိုင်လျှောက်လှမ်းရမည့် ဘဝအတွက် ဤကိုယ်ပိုင် ဒီမိုကရေစီစနစ်ကို (မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရန် သဘောမူ၍ )ပြဌာန်းလိုက်ရပေတောသည်။ သို့ဖြစ်၍ ဤစနစ် ဥပဒေသည် မိမိကိုကိုယ် ထူထောင်ခြင်း ဥပဒေ ဖြစ်သည်နှင့်အညီ မည်သူ တစ်ဦးတစ်ယောက်နှင်မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိစေရ။
ရည်ရွယ်ချက်
၂။ မည်သည့် စနစ်ကို ကျင့်သုံးသည် ဖြစ်စေ လိုက်နာရမည့်စည်းကမ်းမျျား ရှောင်ကျဉ်ရမည့် အချက်များ ရှိသည်နှင့်အညီ မိမိကိုကိုယ်မိမိ တိကျစွာ စည်းကမ်းများ သတ်မှတ်ပြီး တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်တတ်စေသော အကျင့်ကောင်းများ ရရှိစေရန် ။
အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်
၃။ ဤဥပဒေ စည်းကမ်းချက်များကို မိမိကိုယ်မိမိ ဒီမိုကရေစီ ထူတောင်ခြင်း ဥပဒေ ဟု အမည်တွင်ရစ်စေရမည်။
အကျိုးသက်ရောက်စေခြင်း
၄။ ဤ ဥပဒေ စည်းကမ်းချက်များကို သတ်မှတ်သူကိုသာ ဤဥပဒေ၏ အကျိုး သက်ရောက်မှုရှိစေရမည်။
ဒီမိုကရေစီ
၅။ မိမိ နားလည်သလိုသာ ဘာသာပြန်မည်။ ဘာသာပြန်သည်ဟုဆိုရာ`၌ ဤ စကားစု သည် မြန်မာ ဘာသာစကားမဟုတ်၍ပင်။
ဒီမိုကရေစီ ဆိုသည်မှာကား
တစ်စုံတစ်ယောက်(သို့မဟုတ်) အဖွဲ့အစည်းတစ်ခု(သို့တည်းမဟုတ်) လူအများ၏ လွတ်လပ်ပိုင်ခွင့် (သို့မဟုတ်) အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်း မရှိစေပဲ မိမိ လွတ်လပ်ပိုင်ခွင့် အကျိုးစီးပွားအတွက် လွတ်လပ်၍ တရားမျှတသော ရွေးချယ်ပိုင်ခွင့် ရရှိခြင်းပင် ဖြစ်ပေတော့သည်။ တစ်စုံတစ်ယောက်၏ အကျိုး စီးပွားကို ထိခိုက်နစ်နာစေပါက ဒီမိုကရေစီ ဖောက်ပြန်ရေးသမားအဖြစ် သတ်မှတ်ရမည်။
ထူထောင်ခြင်း
၆။ ထူပြီး ထောင်ခြင်းမဟုတ်ပေ။ စည်းကမ်းစနစ်တစ်ခုကို အပေါ်ထပ် အဆောက်အဥိးများ ထပ်ဆင့် တည်ဆောက်လိုခြင်းအလို့ငှာ အခြေခံ အုတ်မြစ်ချခြင်းဖြစ်ပေတော့သည်။
ဥပဒေ
ရ။ နားလည်လွယ်အောင်ပြောရသော် စည်းကမ်းပေတည်း။ စည်းကမ်းဟုဆိုရာ~၌ (အများကြီးမရှိ လိုက်နာရန်နှင့် ရှောင်ကျဉ်ရန်ဟု ဆိုကြပေငြား လိုက်နာခြင်း၏ အကျိုးရလာဒ်နှင့် မလိုက်နာခြင်း၏ ဆုတ်ယုတ်နစ်နာမှုများကိုပါပြဌာန်းပါမှ ပိုမို ထိရောက်အောင်မြင်နိုင်မည်ဟု ဤဥပဒေ ပြဌာန်းသူမှ ယုံကြည်မှုရှိသည်နှင့်အညီ လိုက်နာခြင်းမလိုက်နာခြင်း ရျောင်ကျဉ်ခြင်း မရှောင်ကျဉ်ခြင်းတို့၏ အကျိုးအပြစ်များကိုပါ ထည့်သွင်း ဖော်ပြ ပြဌာန်း သွားမည် ဖြစ်ပေတော့သည်။
သတ်မှတ်ချက်စည်းကမ်းများ
ဘဏ္ဍာရေး
ဂ။ မိမိကိုယ်ပိုင် တရားသဖြင့်ရရှိအပ်သော ကိုယ်ပိုင် ဝင်ငွေကို ကျော်လွန်၍ သုံးစွဲခြင်းအား ခွင့်မပြု။
အထူးသဖြင့် ကြွေးမြီ မတင်စေရ။
စီးပွားရေး
၉။ တစ်စုံတစ်ယောက်၏ အကျိုးစီးပွားကို မထိခိုက်စေသော အသက်မွေးမှု ဖြင့်သာ ရှင်သန်နေထိုင်ရမည်။
ပညာရေး
၁၀။ လက်တွေ့ လူမှုရေးနယ်ပယ်တွင် အသုံးချနိုင်သော ပညာရပ်များကိုသာ ဦးစားပေးသင်ကြားရမည်။
၁၁။ နည်းပညာတိုးတက်မှုကို မျက်ဖြေမပြတ်စေရ။
အချစ်ရေး
၁၂။ ယခု လောလောဆယ်တွင် ထုတ်ပြန်သတ်မှတ်ရန် မရှိသေး။ နောင်လိုသောအချိန်မှသာ ဖြည့်စွက်ပြဌာန်းမည်။
အိမ်ထောင်ရေး
၁၃။ ယခု လောလောဆယ်တွင် ထုတ်ပြန်သတ်မှတ်ရန် မရှိသေး။ နောင်လိုသောအချိန်မှသာ ဖြည့်စွက်ပြဌာန်းမည်။
လူမှုဆက်ဆံရေး
၁၄။ မိမိမှန်ကန်သည်ဟု အလေးအနက်ယူဆထားသော ယုံကြည်ချက်များအတိုင်း တစ်စုံတစ်ယောက်၏ လွတ်လပ်ခွင့်အား မထိခိုက်စေပဲ ပြုမူ ကျင့်ကြံ နေထိုင်သွားမည်။
ကျန်းမာရေး
၁၅။ ယခု လောလောဆယ်တွင် ထုတ်ပြန်သတ်မှတ်ရန် မရှိသေး။ နောင်လိုသောအချိန်မှသာ ဖြည့်စွက်ပြဌာန်းမည်။
ယုံကြည်မှု
၁၆။ ထေရ ဝါဒ ဗုဒ္ဓဘာသာ အား အသက်ထက်ဆုံး ယုံကြည်သက်ဝင်သွားမည်ဖြစ်သည်။၎င်းကို ဝင်ရောက်နှောက်ယှက် ဖျက်ဆီး မည့် သူများအား ဘုံ ရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဖြစ်သည်။
ကာကွယ်ရေး
၁ရ။ မိမိ၏ လွတ်လပ်ပိုင်ခွင့် အကျိုးစီးပွားကို ထိခိုက်လာသူမှန်သမျှတို့အား အမြဲတမ်း စစ်မျက်နှာသစ်များ ဖွင့်၍ နေလိုမီးလို ကျင့်ကြံမည် ။ ဤသို့ ပြုမူခြင်းမှာ မိမိ၏ လွတ်လပ်ပိုင်ခွင့်နှင့် ဘဝ အချုပ်အချာ အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် မတိုက်မဖြစ်၍ တိုက်နေရကြောင်း အမြဲ သတိရနေစေရမည်။

6 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 15, 2011 at 6:18 pm

    အထက်ဖော်ပြပါ အကြောင်းအရာများဟာဆိုရင်ဖြင့်
    ကဗျာဆရာ နေဝန်းနီမှ နောင်လာမည့်
    ( ယ္ခု ရွေးကောက်ပွဲအပြီး ဘယ်သူသမ္မတဖြစ်မယ်မှန်းလုံးဝမသိရသေးသော မျှော်တော်ရောင် အစိုးရ အပြီး )
    နောက်ထပ်တစ်ခါ ရွေးကောက်ပွဲလုပ်သောအခါမှာ သမ္မတနေရာဝင်ရောက်အရွေးခံဘို ့
    ယ္ခုကတည်းက သူ၏ အာဘော်များကို လမ်းကြောင်းမဲဆွယ်နေခြင်းဖစ်ပါ T။

  • naywoonni

    January 16, 2011 at 11:23 am

    မဟုတ်ရပါဘူး ပုပုရယ်..။ နာက တရောစာဆိုပီး ရေးလိုက်တာ အဲဂလိုကြီးဖြစ်သွာဒါ

  • kopauk mandalay

    January 16, 2011 at 3:22 pm

    မည်သူ တစ်ဦးတစ်ယောက်နှင်မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိစေရ။

    ကိုနေရယ် မသက်ဆိုင်တာများ အလကားလာပြေနေသေးတယ်

  • kai

    January 16, 2011 at 10:06 pm

    ယုံကြည်မှု
    ၁၆။ ထေရ ဝါဒ ဗုဒ္ဓဘာသာ အား အသက်ထက်ဆုံး ယုံကြည်သက်ဝင်သွားမည်ဖြစ်သည်။၎င်းကို ဝင်ရောက်နှောက်ယှက် ဖျက်ဆီး မည့် သူများအား ဘုံ ရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဖြစ်သည်။

    ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့အတွက် … ကိုယ့်ယုံကြည်ချက်ထဲ ကိုယ် …အကျဉ်းကျနေသူလို့ မြင်ပါတယ်..။ 🙂

  • ဆြာခိုင်ပြောတာ ထောက်ခံပါတယ်။ ဘာသာရေးကိစ္စမှာ- အနောက်နိုင်ငံမှာ ဘာသာမဲ့တွေများပါတယ်။ ဒါပေမယ့် သူတို့ကို အထင်မသေးနဲ့။ သူတို့က ကျွန်တော်တို့ထက် စိတ်ကောင်းနှလုံးကောင်း ပိုထားနိုင်တယ်။ သေရင် ကျွန်တော်တို့ ဗုဒ်ဓဘာသာတွေက အောက်ဆင်းမှာ။ သူတု့ိမဆင်းဘူး။

  • kai

    January 17, 2011 at 12:06 am

    အနောက်တိုင်းသားတွေက .. အေးသီး(Atheist).. လို့ ..ထာဝရဘုရားသခင်…မယုံကြည်သူကို …အမည်တပ်ခေါ်လိုက်ပါတယ်..။
    ဆိုတော့ .. ဗုဒ္ဓဘာသာဝင်က အေးသီးဖြစ်ရော..။

    တကယ်လည်း .. ဗုဒ္ဓဘာသာဆိုတာ ..ကိုးကွယ်ရာဘာသာတရားမဟုတ်ဖူးလို့ မြင်မိတာပါပဲ..။
    ဂေါတမ ဗုဒ္ဓက.. လူသားပဲ..။ မဟာလူသားပဲ.။
    သူ့ကိုယ်တိုင်ကိုလည်း ကိုးကွယ်ဆည်းကပ်ခိုင်းနေတယ်လို့ မဟုတ်ဖူးဆိုတာ .. သူ့တရားတွေဖတ်ကြည့် သိသာတယ်ထင်မိပါတယ်.။
    အနှစ်သာရက ..လူပုဂ္ဂိုလ်ကိုးကွယ်နေတာမဟုတ်..။ ရုပ်ထု၊စေတီ ကန်တော့ဦးပန်နေတာမဟုတ်..။ ဆုတောင်းရယူနေတာမဟုတ်..။ သူ့တရားကို .. သု့လို့လူတိုင်းသိမြင်ကြစေချင်တာပါ..။
    မိမိကိုယ်ကိုယ်သာ ကိုးကွယ်ရာဖြစ်စေတာပါ..။
    ဆိုတော့ ..
    လူသားတိုင်း .. ယောက်ျား၊မိန်းမမရွေး.. သူ့လိုကြိုးစားရင် .. ဗုဒ္ဓဖြစ်ခွင့်ရှိပါတယ်..။
    အဆုံးစွန်အထိ ခွင့်ပြုထားတဲ့ ဘာသာတရား..။
    အင်မတန်လွတ်လပ်တဲ့ဘာသာတရား..။
    သေသေချာချာ ဖတ်ကြည့်လေ.. လွတ်လပ်သူဖြစ်လေလေပဲ..။

    ဆိုတော့..
    လွတ်လပ်သူမှာ .. ဘုရားမရှိဘူးဆိုချင်ဆိုပေတော့..။
    တကယ်လို့ ဘုရားရှိမှ အသက်ရှင်ဖြစ်မယ်ဆိုရင်တော့ … ကိုယ်တိုင်က ..ကိုယ့်အတွက်..ဘုရားသခင်ပဲ..။
    ဂေါတမဗုဒ္ဓကတော့ ..အဲဒါတွေကို သိအောင်ညွှန်ပြပေးတဲ့.. သူပဲ..။
    လွတ်လပ်သူဖြစ်အောင်ညွှန်ပြပေးတဲ့သူပဲ..။

    အဲဒီတေ့ာ ကိုနီ့ဥပဒေထဲ ..အပိုဒ်(၁၆)ကို ဖြုတ်ပြီး ..ဒီလိုဖြည့်ပြင်ချင်တယ်..။
    ယုံကြည်မှု
    ၁၆။ ငါသည်သာလျှင် ငါ၏ဘဝအလုံးစုံကို ဖန်တီးနိုင်သော ငါ၏ဘုရားသခင်ဖြစ်သည်။

Leave a Reply